Part~3

3.1K 165 16
                                    

စားသောက်သူများဖြင့်ပြည့်နေသော မြေအိုးထမင်းဆိုင်လေးထဲတွင် အမောင်တစ်ယောက် ဟင်းပွဲများကို စားပွဲဝိုင်းများသို့ယူချပေးရင်း အလုပ်ရှုပ်နေလေသည်။အလုပ်ပင်ပန်းနေသော်လည်း စိတ်ချမ်းသာနေသဖြင့် မျက်နှာလေးကပြုံးပျော်နေလေသည်။

အမောင့်၏ဖော်ရွေမှုကြောင့် "ရပ်၀န်း"ဟူသော ဤမြေအိုးထမင်းဆိုင်လေးမှာ ယခင်ကထက်များစွာ ရောင်းအားကောင်းလာလေသည်။အမောင်သည် ငယ်စဉ်ကတည်းကစာပေများလေ့လာခဲ့သည်။ဘာသာစကားစာအုပ်များကိုဦးကောသလထံမှယူ၍ဖတ်ခဲ့သည်။

အထူးသဖြင့်Englishကို အဓိကထား၍လေ့လာခဲ့သည်။ထို့ကြောင့် speakingကို မတောက်တခေါက်ပြောတတ်လေသည်။နိုင်ငံခြားခရီးသွားဧည့်သည်များကလဲ ဆက်ဆံရေးကောင်းပြီး ဖော်ရွေသော ဤဆိုင်တွင်သာလာရောက်အားပေးကြသည်။ဘုရားသမိုင်းများကိုလဲ တစ်ခါတစ်ရံရှင်းပြလေ့ရှိသည်။

"အမောင်ရေ.. ဒီစားပွဲဝိုင်းလေးကထမင်းနှစ်ပွဲ လက်ပံခေါင်းဟင်းနဲ့နေကြာဖူးချက်တဲ့ဟေ့"

ဒေါ်မီခမ်း၏ခေါ်သံနှင့်အတူ အမောင်၏အသံလေးလည်း တပြိုင်နက်ထွက်ပေါ်လာသည်။

"ဟုတ်ကဲ့။လာပါပြီဗျ"

ထမင်းနှစ်ပွဲနှင့် ဟင်းပန်းကန်များကိုလင်ဗန်းထဲသို့ထည့်ကာယူလာလေသည်။

"ရပါပြီခင်ဗျ အားရပါးရသုံးဆောင်ကြပါ လိုအပ်တာရှိရင်လဲပြောပါဗျ"

အမောင့်စကားကြောင့် ဧည့်သည်နှစ်ယောက်ကပြုံးလိုက်ကာ...

"မင်းကိုပဲ လိုအပ်တာကွ" ဟုပြောလိုက်သောအခါ အမောင့်မျက်လုံးများပြူးကျယ်သွားရသည်။

"ဗျာ!"

"ဪ အစ်ကိုတို့ဆိုလိုတာက မင်းကဘုရားသမိုင်းတွေအကြောင်းသိတယ်မလား"

"ဟုတ်ကဲ့ဗျ"

"အဲ့တော့ မင်းကို ဘုရားသမိုင်းတွေကိုအစ်ကိုတို့ကိုလိုက်ပြီး ရှင်းပြစေချင်တာ။ မင်းကိုမုန့်ဖိုးလည်းပေးမှာပါ"

အမောင့်မျက်လုံးလေးများသည်"မုန့်ဖိုး"ဟူသောစကားကြောင့် အရောင်များတောက်လာရသည်။သူ့သဘောနှင့်မပြီးပေ။ယခုအချိန်မှာ အမောင်သည်ကြီးကြီးဒေါ်မီခမ်း၏သားဖြစ်သောကြောင့် မွေးစားမိခင်၏သဘောကိုလဲမေးရသည်။ထို့ကြောင့် သူ၏မွေးစားမိခင်ကိုတစ်ချက်လှမ်းကြည့်လိုက်သည်။

ချစ်ခြင်းတည်စေWhere stories live. Discover now