고양이 선우

1.2K 164 18
                                    

လွင့်ပြီးကျလာတဲ့ အရွက်အဝါရောင်ကလေးတွေက ဆေးရုံပြတင်းပေါက်ကနေတဆင့် အခန်းထဲက စားပွဲခုံပေါ်တင်ကျန်နေလေ့ရှိပါတယ်။ အခန်းထဲကလေထုကတော့ ငြိမ်ငြိမ်သက်သက်ပဲ .. လူတစ်ဦးရှိမယ်၊ ကြောင်တစ်ကောင်ကတော့ ပြတင်းပေါက်ဘောင်ပေါ်မှာ နေပူဆာလှုံသလို ထိုင်နေတယ်။

"မင်း ကြောင်တွေနဲ့ ဝေးဝေးနေသင့်တယ်"

ဆေးလှည်းကိုတွန်းပြီးဝင်လာတဲ့ သူနာပြုနာနီက ဆောင်းဟွန်းကို ပြုံးပြီး ကြောင်တွေနဲ့ဝေးဝေးနေဖို့ ခပ်တိုးတိုးလေးဆိုတော့ ဆောင်းဟွန်းက ဖျော့တော့တော့အပြုံးနဲ့ပဲ တုံ့ပြန်လိုက်ရတယ်။ ကြောင်ကလေးကို ကြည့်တော့ကြည့်နေမိဆဲ ..

"ကြောင်တွေမှာ အသက်ကိုးချောင်းရှိတယ်ဆိုတာ နာနီယုံလား ?"

"ယုံတမ်းပုံပြင်တွေပါကွယ်"

"တကယ်သာဆိုရင် ကြောင်သိပ်ဖြစ်ချင်တာပဲ.. ကြောင်ကလေးတစ်ကောင်သာဖြစ်ရရင် ဘယ်လောင်ကောင်းမလဲ"

အခုအချိန် မျှော်လင့်ချက်မရှိတော့တဲ့ ဆောင်းဟွန်းဘဝမှာ အဖြစ်ချင်ဆုံးက ကြောင်လေးတစ်ကောင်ပဲ။ ဒီဘဝအဆုံးသတ်သွားတဲ့အခါ နောက်ဘဝမှာ ဆောင်းဟွန်းအနေနဲ့ပြန်ပြီး အသက်ရှင်ချင်သေးတာ။

ကင်ဆာဆေးတွေရဲ့ side effect ကြောင့် ဆောင်းဟွန်းခေါင်းမှာ ဆံပင်တွေအတော်လေးကျဲပါးလာတယ်။ Beanie လေးဆောင်းထားတဲ့ခေါင်းက ပြတင်းပေါက်မှန်ကိုကြည့်နေရာကနေ မရွေ့လျားသေးဘူး။ ကြောင်ကလေးက ခုန်ပြီးဆင်းသွားတဲ့အခါ ဆေးရုံရဲ့ပန်းခြံထဲမှာ ကောင်မလေးတစ်ယောက်က ကြောင်ဖြူကလေးကို ပြေးလို့လိုက်ဖမ်းရင်း အလုပ်များနေသလိုပဲ။ အဲ့ကောင်မလေးကိုမြင်နေတာ ဆောင်းဟွန်းဆေးရုံစတက်ကတည်းကပါပဲ.. သူ့စိတ်ထင် တစ်လလောက်ရှိရောပေါ့။ ကြောင်ကလေးကိုဖမ်းလိုက်၊ပြေးဆော့လိုက်လုပ်နေတဲ့ သူမဟာ တကယ်မမောနိုင်မပန်းနိုင်စွာပဲ။

"အဲ့ကောင်မလေးက သိပ်ကိုအဆော့သန်တာပဲ"

"ဘုရားရေ .. သူက ကောင်လေး ဆောင်းဟွန်းရဲ့"

ဆောင်းဟွန်းကြည့်နေတဲ့လားရာအတိုင်း နာနီကလိုက်ကြည့်ရင်း တအံ့တဩပြောတော့ သူပါ ကြောင်အသွားခဲ့ရတယ်။ ဆံပင်ပန်းရောင် ခပ်အုပ်အုပ်ကလေးတွေနဲ့ လူသားကလေးဟာ အမျိုးသားကလေးပါတဲ့။ ပထမဆုံးတစ်လအတွင်းမှာပဲ သူဆေးရုံမှာနေရဖို့ပျင်းတယ်ဆိုတဲ့အကြော င်းပြချက်မျိုး မခံစားရတော့ဘူး။ သူ့ဘဝထဲ ကြောင်ကလေးတစ်ကောင် ချင်းနင်းဝင်ရောက်လာတဲ့အခါမျိုးမှာပေါ့။

나의 고양이 (My Kitten) | SunSun Where stories live. Discover now