Part~4

2.8K 160 4
                                    

ဧည့်သည်နှစ်ဦးနှင့်အမောင်တို့သည် ပြဿာဒ်ကြီးဘုရားကိုဖူးပြီးသည်နှင့် သဘာ၀န်ဖြစ်ရပ်များဖြစ်ပွားလေ့ရှိသောစိမ်းညက်ညီအစ်မဘုရားသို့သွားကြသည်။ပုဂံမှာဓမ္မရံကြီးပြီးရင် ဒုတိယမြောက်အထူးခြားဆုံးဘုရားဖြစ်ပြီး ထူးခြားဆန်းကြယ်‌ေသာအဖြစ်အပျက်များလည်း အတော်များများရှိသည်ဆို‌ေသာဘုရားဖြစ်ပြီးဒီဘုရားတည်ရှိရာနေရာမှာ မြင်းကပါရွာအကျော် ပုဂံမြို့သစ်မရောက်ခင်လမ်းမကြီးရဲ့အရှေ့ဘက် ကုန်းလေးပေါ်တွင်တည်ရှိပါသည်။

ဘုရားသို့ရောက်သောအခါ အမောင်ကဘုရားသမိုင်းကိုစတင်ရှင်းပြသည်။ဧည့်သည်နှစ်ယောက်မှာငြိမ်သက်စွာနားထောင်လျက်။

"တကယ်တော့ ၁၁ရာစုက စိမ်းညက်မိဖုရားညီအမ တည်ထားတယ်လို့ပြောတဲ့ပါးစပ်ပြောရာဇဝင်ပဲရှိတယ်ဗျ။ အနောက်ကဂူဘုရားကို အစ်မတည်ထားပြီး အရှေ့ပုထိုးကို ညီမတည်ထားတယ်လို့ ပါးစပ်ရာဇ၀င်ရှိတယ်ပေါ့ဗျာ။နောက်တစ်ခုကကျတော့ စိမ်းညက်မင်းသားက ဘုရား၂ဆူအတူတည်ထားလို့ ညီအမဘုရားလို့သတ်မှတ်ခေါ်ဆိုပြီး ရှေ့မှာ ဘုရားတည်တဲ့ စိမ်းညက်မင်းသားအမည် စိမ်းညက်ဆိုတဲ့အမည်တပ်ခေါ်ဆိုကြသလားလဲယူဆရပါတယ်။ကျောက်စာအထောက်အထားမရှိတော့ အတိအကျတော့ပြောလို့မရဘူးပေါ့ဗျာ"

စိတ်၀င်တစားနားထောင်နေရာမှ စကားစပြတ်သွားသောအမောင့်ကြောင့် သူတို့ကြောင်သွားသည်။အမောင် အတွေးလွန်နေသည်ထင်၏။

"ညီလေး..ဘာဖြစ်လို့လဲ"

ပုခုံးကိုလှုပ်ပြီးခေါ်ကာမှ အမောင်တစ်ယောက်သတိ၀င်လာသည်။အမောင်တွေးနေသည်မှာ သူရထားသော ပိုက်ဆံကို ခွဲဝေပြီးကန်တော့ရန်စဉ်းစားနေခြင်းဖြစ်သည်။

"ဗျာ.. အာ ဘာမှမဖြစ်ပါဘူးဗျ။အတွေးလွန်သွားလို့ပါဗျ...ဆက်ပြောပြမယ်နော်"

"အင်း"

အမောင့်စကားကိုသေချာနားထောင်နေလေသည်။ရာဇ၀င်သက်သက်သာဖြစ်သောကြောင့်စဉ်းစားချင့်ချိန်ပြီးမှယုံရန် မကြာခဏ အမောင်သတိပေးလေ့ရှိသည်။

"ပုဂံရာဇဝင်မှာ စိမ်းညက်ဆိုတဲ့အမည်တစ်ခုပါတာကိုတော့ မှန်နန်းရာဇ၀င်မှာတွေ့ရတယ်ဗျ။"ရှင်အရဟံပရိနိဗ္ဗာန်ပြုတော်မူလျှင်ရှင်အရဟံအရာကို စိမ်းညက်မင်း သားတော် မဟာထေရ်ကိုပေး၍သာသနာပြုရ၏"လို့ ပါတယ်ဗျ။ ဒါကြောင့် ဒီတစ်ခုက စိမ်းညက်အမည်နဲ့ ပတ်သက်နေတဲ့ အထောက်အထားတစ်ခုဖြစ်ပါတယ်။ဒီစိမ်းညက်မင်း သားတော် မဟာထေရ်ဆိုတာက နရသူ၊နရပတိစည်သူတို့သမိုင်းကြောင်းမှာ ပါတဲ့ ပံသကူမထေရ်ပဲဖြစ်တယ်လို့‌ေဖာ်ပြထားပါတယ်။စိမ်းညက်ညီအမဘုရားများကို ပုဂံမှာတွေ့ရခဲတဲ့ ဂူဘုရားနဲ့ ပုထိုးစေတီ ဘုရား၂ဆူအတူရှိနေလို့ ညီအမဘုရားလို့ခေါ်ဝေါ်ကြဟန်တူပါတယ်။ ဂူဘုရားကိုကျတော့ အေဒီ ၁၂ရာစုလက်ရာ၊ ပုထိုးစေတီကိုတော့ အေဒီ၁၃ရာစုလက်ရာလို့ သုံးသပ်ကြပါတယ်။ဒီလိုသာဆို ဘုရားနှစ်ဆူတည်ထားတာဟာ ကြားမှာအချိန်တော်တော်ခြားနေတယ်ဗျ။စိမ်းညက်ညီအမဟာ သိုက်တစ်ခုခုနဲ့စပ်ဆက်နေသလားလို့လည်းယူဆကြပါတယ်။တချို့ကလည်း ပုဂံ​​ခေတ်ကမိဖုရားညီအမလို့ပြောကြပါတယ်။ စိမ်းညက်မင်းဆိုတဲ့အထောက်ထားကို‌ေတွ့ရ‌ေပမယ့်အများစုကတော့ မိဖုရားညီအမကိုသာ ပိုပြီးသိထားကြပါတယ်။ ဘုရားတွေကို ဒီညီအမကစောင့်ရှောက်နေတယ်လို့လည်း ယုံကြည်ကြပါတယ်။စိမ်းညက်ဘုရား၂ဆူမှာအစ်မတော်တည်တယ်ဆိုတဲ့ ဂူဘုရားပုံကတော့ အရှေ့ဆောင်ပါ အရပ်လေးမျက်နှာမုခ်ပေါက်ဖွင့် ကွမ်းတောင်ပေါက်ဂူဘုရားဖြစ်ပါတယ်။ အတွင်းမဏ္ဍိုင်ပါပြီးအရပ်
လေးမျက်နှာမှာ အာရုံခံရုပ်ပွားတော်လေးဆူရှိပါတယ်။ ဒီဘုရားမှာ အင်္ဂတေလက်ရာ နဲ့ နံရံပန်းချီ အနည်းငယ်ပဲကျန်ရှိပါတော့တယ်။စိမ်းညက်ပုထိုးလို့ခေါ်တဲ့ ညီမတော်တည်တဲ့ဘုရားကတော့ သီဟိုဠ်ပုံကိုပစ္စယာ၃ဆင့်နဲ့ တည်ထားတဲ့ စေတီတစ်မျိုးဖြစ်ပါတယ်။ ဒီဘုရားမှာတော့ ပုဂံခေတ်အင်္ဂတေပန်းလက်ရာအချို့ကျန်ရှိနေသေးလို့ သီဟိုဠ်ပုံအထွဋ်ကို အမြောင်းအရစ်တွေနဲ့ထူးထူးခြားခြားတည်ထားတာပါ။ပြီး‌ေတာ့စေတီအပေါ်ပိုင်းမှာ ပန်းဆွဲ၊ရင်စည်း၊ကြာဝန်းတို့ကို အထင်ရှားတွေ့နိုင်ပြီးတော့ သပိတ်မှောက်ရဲ့ကွမ်းတောင်ပေါက်ဂူဘုရားပုံ မုခ်ကပ်အတွင်းက ဓမ္မစက္ကမုဒြာဟန် ပုဂံခေတ်ရုပ်ပွားတော်ကိုဖူးမြော်ရပါတယ်ခင်ဗျ"

ချစ်ခြင်းတည်စေWhere stories live. Discover now