Essio Vialan [Zawgyi]

2.1K 186 8
                                    

"အရှင်ဟန်ဗာဆင်ကို ပြန်ရှာတွေ့သွားကြပြီတဲ့၊ အဲ့သတင်းကို မင်းတို့ ကြားပြီးကြပြီလား"

"အဲ့သတင်းကိုတင်မဟုတ်ဘူး၊ အရှင်ဟန်ဗာဆင်ရဲ့ချစ်သူက အမျိုးသားတစ်ယောက်ဆိုတာကိုပါ ကြားပြီးနေပြီ၊ ဟန်ဗာဆင်မျိုးရိုးတွေရဲ့ သစ္စာရှိပုံမျိုးနဲ့ဆိုရင် အရှင်ဟန်ဗာဆင်လည်း သူ့ချစ်သူကိုပဲ ဧကရီသရဖူကိုအပ်နှင်းလောက်တယ်ဆိုပြီး အားလုံးကတော့ ခန့်မှန်းနေကြတာပဲ"

"သတင်းကသာ တကယ်အမှန်ဆိုရင်တော့ အဲ့အတိုင်းဖြစ်ဖို့က ရာနှုန်းပြည့်သေချာတယ်၊ ဘာလို့ဆို ဟန်ဗာဆင်မျိုးဆက်တိုင်းက သူတို့ချစ်သူတွေကလွဲ အခြားဘယ်သူ့ကိုမှ အနားကပ်မခံတတ်ကြတာ ရှေ့မျိုးဆက်တွေက အကြီးမားဆုံးသက်သေတွေပဲ"

"အေးတိအေးစက်နဲ့ အရှင်ဟန်ဗာဆင်လိုလူမျိုးတောင် ကြင်ဖက်နဲ့ပတ်သက်ပြီးသတင်းထွက်လာပေမဲ့ ငါတို့အရှင်ကတော့ အနောက်နန်းဆောင်ကိစ္စတွေအားလုံးကို အမြဲပယ်ချနေတုန်းပဲနော်၊ ချစ်ရသူရှိမရှိဆိုတာလည်း ခုချိန်ထိ မသိရသေးဘူး၊ ကောလဟလတွေမျိုးစုံထွက်ခဲ့သလောက် နောက်ဆုံးကျ ဘာမှလည်း ထူးမလာဘူး"

"ဟုတ်ပကွာ၊ အရင်ဧကရာဇ်တွေတုန်းကဆို အသက် ၂၀လောက်မှာတင် ဧကရီရော၊ ကိုယ်လုပ်တော်တွေပါ ကောက်ပြီးနေလောက်ပြီ၊ အခုအရှင်လက်ထက်ကျမှ မင်္ဂလာသတင်းကြားရတော့မယ်ထင်လိုက်၊ လူပြောင်းသွားလိုက်၊ သေချာသလိုရှိလာလိုက်၊ လူပြောင်းသွားလိုက်နဲ့၊ တကယ်တမ်းကျတော့ တစ်ခုမှလည်း အမှန်တွေမဟုတ်ဘူး"

"အေး အဲ့ဒါကြောင့် ငါကတော့ ငါတို့အရှင်နဲ့ပတ်သက်လာရင် မျိုးဆက်သတင်းကိုကြားရတော့မှပဲ ယုံဖို့ဆုံးဖြတ်ထားတယ်"

ယင်းစကားတို့မှာ ဗီယာလန်အင်ပါယာ၏ မင်းနေပြည်တော်အတွင်း ဈေးတန်းကြီးတစ်ခုထဲ၌ ပြောဆိုနေကြသော စကားများဖြစ်ကြ၏။

ဗီယာလန်အင်ပါယာဟူသည်ကား ရာသီဥတု လွန်စွာသဟဇာတရှိသော အင်ပါယာကြီးတစ်ခုဖြစ်ပြီး လက်အောက်ခံနိုင်ငံများအားလုံးနီးပါးဟာ သယံဇာတများပေါကြွယ်ဝလွန်းသောကြောင့် အလွန်ချမ်းသာသည့် အင်ပါယာကြီးတစ်ခုဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: May 21, 2022 ⏰

Add this story to your Library to get notified about new parts!

Essio Vialan [One Shot]Where stories live. Discover now