Part 1

1K 28 0
                                    

နိုဝင်ဘာလ၊ ၂၀၁၅ ခုနှစ်

မော်လမြိုင်မြို့


"ဖွားဖွား၊ သား သွားပြီ"

"အေး မြေးရေ ဂရုစိုက်သွား။ အိမ်ရောက်ရင် ဖုန်းဆက်ဖို့ မမေ့နဲ့"

"ဟုတ်ကဲ့ ဖွား"


"ဆိုင်ကယ်!"

"ကလေး၊ ဘယ်လဲ"

"ဟာ၊ ဦးလေးကလဲ ကျွန်တော်ကလေး မဟုတ်တော့ပါဘူး၊ ၁၈ နှစ်ကျော်နေပြီ၊ ပစ်တိုင်းထောင်ကားဂိတ်ကို"

"ဟုတ်ပါပြီဗျာ၊ တက်"

"ဦးလေး၊ မိုင်ကုန်ဆွဲဗျာ၊ နောက်ကျနေပြီ"

"ဟာ၊ ဟေ့ကောင်ရေ၊ မပူနဲ့။ မှီကိုမှီစေရမယ်"


ကောင်းကင် final exam ပြီး ကျောင်းပိတ်ရက်တွင် မော်လမြိုင်ရှိ ဖွားဖွားဆီ ရောက်နေခြင်းဖြစ်သည်။ ကောင်းကင်က မြေးတွေထဲတွင် အကြီးဆုံးဖြစ်သည့် အတွက် ဖွားဖွားက အလွန်ချစ်သည်။ ကောင်းကင်ကလဲ အားလပ်ရက်ရတိုင်း အဖွားအေ ဆီမှာသာ လာနေဖြစ်သည်။ 


နောက်နှစ်ပတ်နေလျှင် ကျောင်းတွေ ပြန်ဖွင့်တော့မှာမို့ တတိယနှစ် ဆေးကျောင်းသား ကောင်းကင် ရန်ကုန်သို့ ယနေ့ ပြန်ရ လေသည်။ ယခုလဲ ဘယ်အလုပ်မဆို နောက်ဆုံးအချိန်မှ ကပ်လုပ်တတ်သည့် ကောင်းကင်၏ အကျင့်ကြောင့် ကားထွက်ခါနီး (၁၅) မိနစ်အလိုမှ အိမ်က ထွက်ပြီး ပြာယာခပ်နေခြင်းလဲဖြစ်သည်။


"အား၊ သေပါပြီ"

"ဟာ၊ ကောင်လေးရယ်၊ မင်းမလဲ သတိထားမှပေါ့"

"ရတယ်၊ ရတယ်၊ ဘာမှမ ဖြစ်ဘူး၊ ကားမှီဖို့ အရေးကြီးတယ်"

"ကားဆရာ၊ ရပ်ပါဦး၊ တစ်ယောက်ကျန်သေးတယ်ဗျိုး"


ပြာယိ ပြာယာနှင့် ဆိုင်ကယ်ပေါ်က ဆင်းလိုက်သဖြင့် ခြေထောက်နှင့် ဆိုင်ကယ် အိတ်စော ကပ်မိသွားသည်ကို ကောင်းကင် မမှုအား။ ထွက်ရန် ဘီးလိမ့်နေသော ကားနောက်သို့ အော်ပြီး ပြေးလိုက်ရသည်။


ကားပေါ်ရောက်မှ ကောင်းကင် သက်ပြင်းချနိုင်သည်။ ခုမှ အိတ်စောနှင့် ကပ်မိသောနေရာကို သေချာကြည့်မိသည်။ တစ်လက်မပတ်လယ်ခန့် အရေပြားကွာပြီ အသားနီလန်နေသော အနာကိုတွေ့ရသည်။

Accidental LoveWhere stories live. Discover now