Part 2🔞🔞🔞🔞

3.7K 48 2
                                    

ခေါင် သူမကိုယ်ပေါ်လေးအုပ်မိုးလိုက်တော့ ခက်ထိတ်လန့်စွာဖြင့်
"ရှင် ရှင် ဘာလုပ်တာလဲ"
တဖြည်းဖြည်း ခက်မျက်နှာနှင့် နီးစပ်လာပြီး နှင်းဆီဖူးယောင်ယောင်နှုတ်ခမ်းလေးအား စွဲမက်စွာတမ်းတနေမိသည်။ လက်တစ်ဖက်ကကျော်ကာ ခါးပတ်ဆွဲပြီး သူမကိုယ်လေးအားကတ်ပေးလိုက်သည်။ခေါင်က မဲ့ပြုံးလေးပြုံးလိုက်ပြီး
"ကိုယ်က မင်းကို ခါးပတ်ပတ်ပေးတာပါ အဟက်"
မင်းက တော်တော်ချစ်ဖို့ကောင်းတဲ့ မိန်းခလေးပဲ
ဒါပေမယ့် ငါလက်မထပ်ချင်သေးဘူး
ခေါင် ခက်ကိုယ်ပေါ်သို့ အုပ်မိုးနေရာမှ ဖယ်လိုက်ပြီး ထိုင်ခုံပေါ်သို့ ထိုင်ချလိုက်သည်။
"မင်း အိမ်က ဘယ်နားမှာလဲ ကိုယ်လိုက်ပို့မယ်"
"အင်း"
"မင်းကို မာမီတို့ခေါ်သလို ခက်လို့ခေါ်မယ်ရမလား"
"ဟုတ်ကဲ့ ရပါတယ် "
"ကိုယ့်နာမည်က ဘုန်းမင်းခေါင် ဆိုတော့ သူများတွေခေါ်သလို ခေါင်လို့ ခေါ်ပါ "
"အော် ဟုတ်"
ကားမောင်းနေရာမှ လှည့်မကြည့်ပဲ ပြောနေလေ၏။ ခြံတံခါးကို ကိုအောင်လာဖွင့်ပြီးတော့ ‌ကားကို ခြံထဲအရောက်မောင်းဝင်ခဲ့၏။
ခက်မာမီထွက်လာပြီး
"ဟော ခက် ပြန်လာပြီလား"
"ဟုတ် မာမီ"
မာမီက ဘုန်းမင်းခေါင်ကို ကြည့်ပြီး
"သား အိမ်ထဲဝင်လေ တစ်ခုခုသောက်ပါအုံးလား"
"တော်ပြီအန်တီ သွားတော့မယ်နော် ခက် ကိုပြန်တော့မယ်နော်"
"ဟုတ်"
ဘုန်းမင်းခေါင်၏ ကားလေးခြံထဲက ပျောက်ကွယ်သွားတော့မှ ခက်နှင့် ခက်မာမီ အိမ်ထဲသို့ဝင်လာခဲ့ကြသည်။တရက်လုံး နှလုံးတုန်စရာတွေချည်းပင်။(ခပ်ပါးပါးရိုတာနော်)

ဒီနေ့ အပြင်ထွက်စရာမရှိသည့်အတွက် အေးအေးဆေးဆေးနေဖို့ သူမအတွက်အချိန်ရနေတော့ ခက်တစ်ယောက်ပျော်နေလေ၏။
မာမီကတော့ ဘုရားဝတ်ပြုနေပြီ ထင်သည်။
"တီ တီ တီ"
ဖုန်းဝင်လာသံကြောင့် ခက် ဖုန်းပြေးကိုင်လိုက်တော့ ဘုန်းမင်ခေါင်။
"ဟယ်လို "
"ခက်လား ကိုယ်ပါ"
"ဟုတ်ကဲ့ "
"ဒီနေ့ လက်စွပ်သွားကြည့်ရအောင် "
"ရှင်"
ခက် အေးအေးဆေးဆေးနားရမယ့် အခွင့်အရေးလက်လွတ်သွားပြန်ပြီ။
"ကိုယ့်မန်နေဂျာကို ကြိုခိုင်းလိုက်မယ် ကိုယ်အစည်းအဝေးရှိနေလို့
ရလား ခက်"
"ဟို ရ ရပါတယ်"
"ဒါဆို စောင့်ထားလိုက်နော် ကိုယ်အခုလွှတ်လိုက်မယ်"
"အင်း"
"ဒါပဲနော်"
တဖက်ကအသံကိုမကြားရတော့မှ ခေါင် ဖုန်းချလိုက်ပြီး မန်နေဂျာတဖြစ်လဲ မာမီတို့ လူယုံအား
"ကိုထိုက်  ခက်ကိုသွားကြိုပေးပါလား "
"ဟို နွယ်ပန်းခက်ကိုပြောတာလား ဆရာ"
"ဟုတ်တယ် ကို အစည်းအဝေးရှိနေလို့ "
"ဟုတ်ရတယ်ဆရာ ကျွန်တော်အခုသွားလိုက်ပါ့မယ်"
မျက်စိမြင်ကွင်းထဲမှ ကိုထိုက်ပျောက်သွားသည်အထိကြည့်နေမိသည်။ဒီလောက်ဆို ခက်နှင့်သူ့သား အဆင်ပြေနေသည်ကို မာမီယုံလောက်ပြီထင်သည်။
Companyသို့ရောက်တော့ ဘုန်းမင်းခေါင် ကြိုခိုင်းလိုက်သည့် မန်နေဂျာဟူသော လူနောက်က လိုက်ပါလာ၏။ဝန်ထမ်းများက ခက်အားကြည့်ပြီး တီးတိုးပြောနေကြသည်။(အတင်းတွေပေါ့)
ရုံးခန်းဝရောက်တော့
"ဆရာ ရောက်ပြီခင်ဗျ"
"ဝင်ခဲ့ "
ရုံးခန်းထဲက ဆုံလည်ကုလားထိုင်တွင် စမတ်ကျကျထိုင်နေသော ဘုန်းမင်းခေါင်။ထိုသူသည် ဟိုနေ့တွေက ဘုန်းမင်းခေါင်လိုမဟုတ် ။
ကိုထိုက် ထွက်သွားတော့
"ခက် ခဏနော် ကို စာရင်းလက်မှတ်ထိုးလိုက်အုံးမယ်"
"အင်းရတယ် "
ရုံးခန်းထဲက ဆိုဖာပေါ်တွင် ဝင်ထိုင်ပြီး ခဏလောက်မှေးလိုက်၏။အိပ်ပျော်နေသော ခက်ရဲ့ ပုံစံလေးမှာ ချစ်စရာပင်။
ခက်၏ ပုခုံးအားကိုင်ပြီး
"ခက် ခက် ထ သွားရအောင် "
"ဟင် အင်း"
အိပ်ချင်စုံမွှားနှင့်ထလာလေ၏။ ခက်နှင့်ခေါင် တွဲထွက်လာတော့လဲ ဝန်းထမ်းတွေအကုန်လုံးက ပြူစိပြူစိနှင့် ကြည့်နေကြလေရဲ့။
"ရှင် ဘယ်ဆိုင်သွားမှာလဲ"
ကားမောင်းရင်း
"မင်းအသိဆိုင်ရှိလား"
ခက်မှာက အပေါင်းမရှိပါဘူးဆို ဘယ်လိုလုပ် ရှိရမှာလဲ။
"မရှိပါဘူး"
"အဲ့ဒါဆို ကိုယ့်အသိဆိုင်ရှိတယ် အဲ့ဒီကို သွားရအောင်"
"အင်း ရတယ်လေ"
စတွေ့တုန်းကလို ခေါင့်အပေါ် ရှိုန်းတိန်းတိန်းမဖြစ်နေတော့။
"Myat"ရွှေဆိုင်သို့ရောက်တော့ ခေါင် ကားရပ်လိုက်ပြီး အရင်ဆင်းလိုက်ပြီး ခက်ဘက်က တံခါးကို ဖွင့်ကာ လက်ကမ်းပေးလိုက်၏။ကမ်းလာသော လက်ကြောင့် ခက်တယောက် ကြောင်တောင်တောင်ဖြစ်သွားရသည်။
"ဆင်းလေ"
"ဟို ဟုတ်"
တွဲလျက် ဆိာင်ထဲသို့ဝင်လာတော့ အသက်30အရွယ်ခန့်ရှိသည် အမျိုးသမီးကြီးက
"ခေါင်လေး မမတို့ ဆိုင်ဘက်လှည့်လာတာ ဘာကိစ္စ"
ခေါင်နှင့် အတော် ရင်းနှီးသည့်ပုံပင်။ခေါင်က
"ဟာ မမကလဲ ဒီမှာ လက်ထပ်လက်စွပ်လာကြည့်တာ"
ထိုအခါမှ
"ဒါဆို ဒါလေးက မမယောင်းမပေါ့ "
"ဟုတ်တယ်ဗျ "
ထိုမမက ခက်ဘက်သို့လှည့်ကာ
"ညီမလေး မမက ခေါင့်အမ တစ်ဝမ်းကွဲလေ "
"အော် ဟုတ်"
"လာ ညီမလေးအတွက် မမလက်စွပ်ရှာပေးမယ်"
ဟုဆိုကာ ခက်အားဆွဲခေါ်လာသောနေရာမှာ စိန်ထည်တွေပဲ ရောင်းသည့်နေရာ
"ကြည့် ညီမလေးကြိုက်တာကို"
ဟန်ဆောင်လက်ထပ်ပါတယ်ဆို စိန်လက်စွပ်ယူနေရမှာလား 🤤
(သာသာဆို ယူပစ်မှာ)
"ဟို ‌မမ ရွှေထဲကပဲ ယူလိုက်မယ်လေ"
"ဟယ် ဘာရွှေလဲ ခေါင်က ညီမလေးကို ဘာပြောထားလို့လဲ"
"ခေါင်က မပြောပါဘူး ခက်မကြိုက်လို့ပါ"
ခေါင်က ရယ်၍
"ခက် ယူလိုက်ပါ ဘာမဖြစ်ပါဘူး"
ခေါင့်ကျေးဇူးကြောင့် သိန်း 100ကျော်ကို လက်ထပ်လက်စွပ်အတွက် သုံးလိုက်ရတယ်။ကားပေါ်ရောက်တော့ ခက်က
"ရှင် ဘဏ်ကတ်ပြောလေ ခက်တဝက်လွှဲလိုက်မယ်"
ခေါင်က အံ့ဩတကြီးဖြင့်
"ဟာ ဘာဖြစ်လို့လဲ"
"ဟို ခက်တို့လက်ထပ်ပွဲက ဟန်ပြပါဆို အခုလို သိန်း‌ချီပြီး ကုန်သွားတော့"
"ရပါတယ် အသေးအမွှားလေးပါ"
ခက်ကတော့ အံ့ဩလျက်။ခက်ဆီမှ ရေမွှေးနံသင်းသင်းလေးက ကားပေါ်တွင် ပျံ့နေ၏။
"မင်းအချိန်ရရင် ကိုယ်နဲ့ တစ်ခုခုလိုက်စားပါလား"
"အင်း ရပါတယ်"
ခေါင်လည်း ထိုင်နေကြ "Myself" Eateryသို့ မောင်းလာခဲ့သည်။

ချစ်အတ္တပြိုင်Where stories live. Discover now