Unicode
၉၇ ရက်.... ဒီနေ့ဆိုမောင်ကျွန်တော့်အသားကိုမထိတာ ၉၇ ရက်မြောက်။
အိပ်ရာဝင်လို့ ကျွန်တော်ဖက်လိုက်တိုင်းရှောင်တိမ်းကာ တစ်ဖက်လှည့်သွားသော ကျောပြင်လေးကိုကြည့်ရင်း ဒီနေ့လည်းကျွန်တော် မျက်ရည်ကျရပြန်ပါပြီ.......
LGBT စုံတွဲတစ်တွဲဖြစ်ခဲ့လို့ ရှုံချနေတဲ့လူတွေရှိလည်း မောင့်လက်ကိုမြဲမြဲတွဲ မောင့်မျက်နှာ တစ်ကမ္ဘာထင်ခဲ့တဲ့ ကျွန်တော်က အခုမောင်ပြောင်းလဲသွားလည်း လက်လွှတ်ဖို့ဆိုတဲ့ အတွေးကိုမတွေးမိ.....
"မောင်အိပ်ပြီလားဟင်.....ကိုယ်အခုတလောနေလို့မကောင်းဘူးမောင်ရယ်....အဆုတ်နေရာက တစ်ချက်တစ်ချက်အောင့်ပြီးတော့ ချောင်းလည်းဆိုးဆိုးနေတယ်"
"နေမကောင်းရင် ဆေးရုံဆေးခန်းသွားပြလိုက်လေ....ဒီလိုလာပြောနေတော့ဘာလုပ်ပေးလို့ရမှာလဲ.....တစ်နေကုန်ပင်ပန်းလို့ နားချင်နေရတဲ့ကြားထဲ"
"အင်းအင်း အဲ့ဒါဆိုမောင်အိပ်တော့နော်ကိုယ်မပြောတော့ဘူး"
အသံမထွက်အောင် တိုးတိုးရှိုက်ရင်း မျက်လုံးများကိုမှိတ်ကာ အိပ်စက်ဖို့ကြိုးစားနေမိသည်.....အသံထွက်၍လည်းမဖြစ် မောင်ကပင်ပန်းနေသည်ဟု ပြောထားသည်မလား......
----------------------------------------မနက်စောစောထကာ မောင့်အတွက်မနက်စာကို ပြင်နေသော်လည်း မောင်စားမလားမစားဘူးလား ဆိုတာကမကျိန်းသေ...
မောင့်အကြိုက်တွေကိုပဲပြင်ထားတာမို့မောင်စားနိုင်ကောင်းပါရဲ့.....
ခဏကြာတော့ မောင်အခန်းထဲကထွက်လာသည်မို့ ကျွန်တော်မနက်စာစားဖို့လှမ်းခေါ်လိုက်သည်။
"မောင်ဒီနေ့တော့ မနက်စာလေးစားသွားပါလားဟင်.....ကိုယ်မောင်ကြိုက်တာတွေကိုပဲပြင်ထားတာ ထမင်းကြော်ကိုလည်း အသားတွေနဲ့အသီးအနှံနဲ့ သေချာကြော်ထားတာ နည်းနည်းလောက်ဖြစ်တော့ စားသွားပါလား"
![](https://img.wattpad.com/cover/311672852-288-k507130.jpg)
YOU ARE READING
ဝဿန်
Short Storyကိုယ်ကမောင်ပျော်နေတာကိုပဲမြင်ချင်ခဲ့သူပါ မောင်သာပြောခဲ့ရင်ကိုယ်အလိုက်တသိ နောက်ဆုတ်ပေးခဲ့မှာပေါ့