Just Feeling

88 8 0
                                    

Pic crd pinterest

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Pic crd pinterest

အချစ်..။
ဒီအသုံးနှုန်းကို ရင်းနှီးတယ်ဆိုတာထက်ပိုပါတယ်..။
မထိတွေ့ဖူးရုံပဲ..ဟင့်အင်း အဲ့လိုလည်းပြောမရသေးဘူး ချစ်ဖူးခဲ့တယ်လို့တော့ထင်တာမို့..။
ဒါပေမယ့်လည်းမသေချာပါဘူး..။
တကယ် ချစ်မိခဲ့ရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ်အကြိမ်ကြိမ်ပြန်မေးခွန်းထုတ်မိနေဆဲမို့..။
စိတ်ထဲသိနေတာတစ်ခုကတော့ စောင့်နေတာပါ..စောင့်နေဆဲပါ..။
ဘယ်သူ့ကိုမှန်းတော့မသိဘူး..။
ဘယ်ကမှန်းလည်းမသိသေးပါဘူး..။
သူကသေချာပေါက်လာလိမ့်မယ်ဆိုတာမျိုးလည်း မသေချာပါဘူး..။
ဘာမှမသိနေဘဲနဲ့ကို ကျွန်မဒီနေရာဒီမှတ်တိုင်လေးမှာ အမြဲစောင့်နေတုန်းပါ..။
ဘယ်တော့များ ဝင်လာမလဲ(ကျွန်မဘဝထဲကို)..။
ဘယ်လိုပုံစံနဲ့လဲ..။
တကယ်ပဲ သူက ကျွန်မအတွက်ဆိုတာမျိုး သီးသန့်ဖြစ်တည်မှုဆိုတာမျိုးလေးလိုလေ..အဲ့လိုပဲဖြစ်လာမှာလား ။
ဒါမှမဟုတ် ခရီးသွားလိုလား..။
ဧည့်ရိပ်မှာခဏတာ လာနားခိုမယ့်ဧည့်သည်သာသာလိုလား..။
ဆံနွယ်လေးကိုအသာဖြတ်တိုက်သွားမယ့် လေပြေလေးလိုမျိုးလား..။
အဲ့လိုမဟုတ်ရင် ကျွန်မရဲ့လက်ချောင်းလေးတွေကို နွေးထွေးမှုအပြည့်နဲ့ဆုပ်ကိုင်ပေးမယ့်သူမျိုးလား..။
ဒီလိုဒီလိုမရေရာတဲ့အရာတွေက ထောင်သောင်းမက..ကုဋေကုဋာဖြစ်နေပေမယ့် မျှော်နေမိတုန်းပဲ ။
ယုံနေတယ်..သူက ကျွန်မရဲ့အရာအားလုံး ကျွန်မရဲ့ဖြစ်တည်မှု အရာသေးသေးလေးကစ တန်ဖိုးထားပေးပြီးသဘောကျချစ်ပေးလိမ့်မယ်လို့..။
ပြောသာပြောတာပါ..တစ်ခါတလေကျတော့လည်း သူကတစ်နေ့တော့ကျွန်မကိုစိတ်ကုန်မယ့်ရက်လေးတစ်ရက် ကျွန်မဆီရောက်လာမှာလို့လည်း လက်ခံပြီးယုံကြည်နေပြန်တယ် ။
အဲ့လိုနေ့ရက်ကြုံလာမှာကြောက်လို့ ကျွန်မဘယ်သူမှန်းမသိသေးတဲ့သူ့ဆီကနေလည်း ထွက်ပြေးချင်နေပြန်ရော..။
ဒါပေမယ့်လည်း သူနဲ့တစ်ကြိမ်တစ်ခါလောက်တော့ ကြုံဆုံချင်နေသေးတဲ့စိတ်ကြောင့်နဲ့ နောက်တစ်ခေါက်စောင့်နေကျ မျှော်နေကျနေရာလေးမှာပဲ ပြန်သွားရပ်ပြီးစောင့်နေချင်ပြန်တယ်..။
တစ်ခါတလေတော့ ကိုယ့်ပုံစံကြောင့်ပင်ပန်းပြီး ဘာမှမျှော်လင့်ချက်မထားချင်တော့ပြန်ဘူး..။
စောင့်ရတဲ့အလုပ်က တော်တော်ပင်ပန်းရတာကိုး..။
စောင့်ရတာထက် မသေချာမရေရာတဲ့မျှော်လင့်ခြင်းက ပိုပင်ပန်းရတာမို့..။
ပင်ပန်းနေလည်းပဲ ဆက်မျှော်ချင်ပြန်တယ်..။
ကိုယ်ကသာဇွဲနဲ့အားတင်းပြီး မျှော်နေတာ..သူကတော့ ခုထိအရိပ်ရောင်လေးကိုမပြလာသေးဘူး..တော်တော်ကိုတရားလွန်တဲ့လူတစ်ယောက်ပဲနော် ။
ဒီချိန်ဒီအရွယ်ထိစောင့်နေရှာပေးတဲ့ကျွန်မကိုမှ နည်းနည်းလေးတောင်သူအားမနာဘူး..။
လူ့ယဥ်ကျေးမှုအ​ခြေခံလေးတောင်သူ့မှာမရှိဘူးနော်..။
အဲ့လိုလူအပေါ်မှာ စိတ်ရှည်သည်းခံပေးတာမျိုးဆက်မလုပ်ချင်တော့ဘူး..။
ဒါပေမယ့် သူကလာတော့လာနေပေမယ့် ကံကြမ္မာရဲ့လှည့်ကွက်ကြောင့် ဝင်္ကပါထဲရောက်နေခဲ့လို့ နောက်ကျနေတာဆိုရင်ရော..။
ခွင့်လွှတ်ပေးသင့်တာပေါ့နော်..။
ဒါပေမယ့် အဲ့လိုမဟုတ်ဘဲ တခြားသူလေးတွေနဲ့သက်သက်အချိန်ဖြုန်းနေတာမျိုးဆိုရင်ရော..။
စိတ်ဆိုးသင့်တာပေါ့နော်..။
စိတ်ကောက်ပြီး တစ်သက်လုံးမျက်နှာချင်းမဆိုင်ဘဲနေလိုက်မယ်ကွာ..။
တန်ရဲ့လား..။
တန်ပါ့မလား..။
ကိုယ့်မျှော်လင့်ချက်ရောင်ခြည်လေးက အဲ့လိုအမှုန်မွှားအချက်လေးတစ်ချက်ကြောင့် ထာဝရမှေးမှိန်ရမယ့်ကိစ္စကြီးလေ..။
ကိုယ်ကတော့ သူနဲ့သာကြုံဆုံနိုင်မယ့်တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် ငါ့လက်လေးကိုဆုပ်ကိုင်နိုင်တဲ့သူက သူ့ပတ်ဝန်းကျင်မှာဦးမော့ဂုဏ်ယူဝံ့ကြွားနိုင်ရမယ့်သူဖြစ်စေချင်လို့ အရာအားလုံးကို တန်ဖိုးရှိရှိနေခဲ့တယ်..။
သိက္ခာ ကိုယ်ကျင့်တရားဆိုတာကြီးကို တယုတယထွေးပွေ့ပိုက်ပြီး စည်းတွေဘောင်တွေကြားမှာ ကိုယ့်ကိုယ်ကိုယ်ပိတ်လှောင်နေခဲ့ပေးတယ်..။
ကျွန်မရဲ့နာမည်လေးကအစ အရှက်တရားကြီးနဲ့ဖုံးကာပြီး မပျက်မယွင်းအောင်ပြုစုပျိုးထောင်ခဲ့တယ်..။
ကျွန်မရဲ့ဖြစ်တည်မှုက သူ့ရဲ့ဂုဏ်..။
သူ့ရဲ့ပျော်ရွှင်မှု..။
သူ့ရဲ့မျက်နှာပွင့်လန်းနေရမယ့်အရာမျိုး..။
သူ့ရဲ့ အားသာချက်..။
သူ့ရဲ့ ဘဝမှာတစ်ခါပဲပေါက်ခွင့်ရှိတဲ့ ထီလက်မှတ်တစ်စောင်လို ကံထူးမှုလေး..။
သူ့ရဲ့ ကံကောင်းမှု..။
သူ့အတွက် ကျွန်မဟာရှောင်လွှဲဖယ်မရတဲ့အခွင့်ရေး..။
ဒီလို ဒီလိုတွေ..။
သူ့အတွက် ကျွန်မကအရာရာဖြစ်ပေးဖို့ ကျွန်မကိုကျွန်မ control ခဲ့တာ..။
ဒီပေးဆပ်မှုအတွက် သူ့ဆီကတန်​ပြန်မေတ္တာလက်ဆောင် ကိုကျွန်မမရရင် ဘယ်တန်ပါတော့မလဲ..။
ဒါပေမယ့် သူသိပ်အချိန်ယူနေလွန်းတယ်..။
ကြာလွန်းတယ်..။
စိတ်ရှည်တဲ့ထဲမှာ ကျွန်မမှမပါဘဲ..။
မစောင့်တော့ပါဘူး..။
မစောင့်ချင်တော့ပါဘူး..။
ဒါပေမယ့် ဒီချိန်ထိအချိန်တွေအများကြီး ရင်းနှီးပုံအောခဲ့ပြီးမှ ခုလက်လွှတ်လိုက်ဖို့ကျပြန်တော့လည်း တန်းပြီးတိကနဲသံယောဇဥ်အလွှာပါးလေးကို ကျွန်မ မဖြတ်နိုင်သေးပြန်..။
ဒီလိုနဲ့ပဲ..။
ဟုတ်ကဲ့..ဒီလိုနဲ့ကျွန်မက ဆုံးဖြတ်ချက်မပြတ်သားတဲ့သူလေးဖြစ်လာခဲ့တယ်..ဘယ်သူမှန်းမသိသေးတဲ့လူတစ်ယောက်အတွက်ကြောင့်နဲ့လေ..။
တစ်စုံတစ်ယောက်အတွက် ကျွန်မကအဲ့လိုဖြစ်တည်မှုလေး ဖြစ်နေခဲ့ပြီ..။
ရယ်စရာလေးတော့ကောင်းသားနော်..။
ဒါပေမယ့် အဲ့လိုဖြစ်တည်နေတဲ့ကျွန်မကိုကျွန်မ သဘောကျတယ်..။
ဒီဘဝလေးမှာ ပျော်နေပါတယ်..။
နေသားလည်းကျနေပြီမို့..။
ဒါပေမယ့် နေသားကျနေပြန်ရာကနေ အချစ်ဆိုတဲ့စာတမ်းလေးကို ပြန်စဖတ်ပြီး နေသားကျတယ်ဆိုတဲ့ စကားလေးဆုံးတဲ့ထိပြန်ဖတ်နေရပြန်ပါတယ်..။
ဒီလိုနဲ့ ကျွန်မရဲ့နေ့စဥ်ဘဝက သံသရာဝဲဂယက်ထဲမှာ လည်နေရင်း လည်နေမြဲ..။

You've reached the end of published parts.

⏰ Last updated: May 30, 2022 ⏰

Add this story to your Library to get notified about new parts!

ဝတၳဳတို ( ဝတ္ထုတို )Where stories live. Discover now