♡︎eleven♡︎

466 51 3
                                    

#Unicode
တစ်လောကလုံးကလူတွေကိုမယုံတဲ့ငါက မင်းကိုတော့အကျွမ်းမဲ့ယုံကြည်ခဲ့တာပါ။ ဒါပေမယ့် ခွင့်မလွှတ်နိုင်တဲ့လုပ်ရပ်မျိုးဆိုရင်တော့....။
_______________

အမေ့ဆီကဖုန်းရပြီးချက်ခြင်း အထုတ်ပြင်ကာ ဘူဆန်မြို့လေးဆီသို့။

စာလုပ်နေရင်း ဖုန်းအဝင်လေးတစ်ခုကြောင့် ပြုံးကာကိုင်လိုက်သည်။

"ဟဲလို အိုမား.."

"သား...အဟွတ် အဟွတ်..."

အိုမားရဲ့ဖုန်းထဲကထွက်လာသောချောင်းဆိုးသံကြောင့် ထိုင်ခုံပေါ်ကနေမတ်တပ်ထရပ်မိသည်အထိလန့်သွားသည်။

"အိုမား! နေမကောင်းဘူးလား ဘာလို့အဲ့လောက်ချောင်းတွေအရမ်းဆိုးနေရတာလဲ"

ပြန်ဖြေသံမှာအရင်လိုရွှင်ပြမနေခဲ့။

"အိုမား~တောင်းပန်ပါတယ်ကလေးရယ်~သားအိုမားဆီကိုနောက်ဆုံးတစ်ခေါက်အနေနဲ့လာတွေ့ပေးလို့ရမလားဟင်"

နောက်ဆုံးတစ်ခေါက်ဆိုသောစကားကြောင့် သူ့ခေါင်းတွေချာချာလည်သွားရသည်

"အိုမား မဟုတ်ဘူးမှတ်လား...ဘာတွေပြောနေတာလဲအိုမားရာ! သားအခုချက်ခြင်းပြန်လာမှာမို့စောင့်နေနော် မား..သားကိုစောင့်နော် မစောင့်ရင် သားစိတ်ဆိုးလိုက်မှာ!"

နောက်ဆုံးတစ်​ ခေါက်ဆိုတဲ့စကားကိုအရွယ်​​ရောက်ပြီးသားသူမို့နားလည်လိုက်ပါသည်။
အိုမားရဲ့ညီမ သူ့အဒေါ်ဆုံးတုန်းကလည်း သွေးကင်ဆာနဲ့ပင်။ ထို့အတူ အိုမားရဲ့ အမေ သူ့အဘွားကလည်းသွေးကင်ဆာနဲ့ဆုံးခဲ့တာ။ ဒါဆို အိုမားကရော?

သူဆက်မတွေးရဲတော့ပါ။ ကြောက်သည် အိုမားမရှိတော့မှာသူအရမ်းကြောက်ပါသည်။ ကျလာသောမျက်ရည်ပူများကို ခပ်ပြင်းပြင်းသုတ်ကာ အကျီတွေကိုလည်းတွေ့ရာကောက်ထည့်ရင်းထွက်လာလိုက်သည်။

ညမိုးချုပ်ချိန်ဆို သူများမြို့မှာသူတစ်ယောက်တည်းမထွက်ရဲပါ။ အခုတော့ကြောက်စိတ်လည်းသူ မသိတော့ ခေါင်းထဲမှာ အိုမားဆီရောက်အောင်အမြန်သွားဖို့ဘဲသိပါတော့သည်။

ထယ်ဂျွန်းဆီကို သူမနက်ဖြန်ကျောင်းတက်မည်မဟုတ်ကြောင်းနဲ့ အိမ်ပြန်သွားကြောင်းကိုပြောဖို့ဖုန်းထုတ်လိုက်​တော့ ဖုန်းမျက်နှာပြင်ပေါ်တွင်ပေါ်လာသည့် အချိန်သည်၁၁:၃၂တို့ပြနေလေသည်။

' Devil ' [Completed]Where stories live. Discover now