နာရီဝက်လောက်စောင့်ပြီးသည့်နောက်မှာတော့ အတွင်းရေးမှူးဆောက ဖုန်းဆက်ကာ ပြောလာသည့် အကြောင်းအရာတချို့က ဟီဆွန်းအား စိတ်ရှုပ်ထွေးစေသည်
အတွင်းရေးမှူးဆော၏တင်ပြချက်က သိပ်ချစ်ကြသည့် ချစ်သူနှစ်ဦးဖြင့် စသည့်ဇာတ်လမ်း
နောက်ဆုံးမှာ အိမ်ထောင်ကိုယ်စီနှင့်ဖြစ်ကာ သူတို့ကြားက နှောင်ကြိုးဖြစ်သည့် ကလေးငယ်ကို တစ်ယောက်ကို အိမ်တော်ထိန်းဖြင့်ထား၍ စွန့်ပစ်ခြင်းဖြင့်အဆုံးသတ်သည်
မိဘသဘောမတူတဲ့ကြားက ရအောင်လက်ထပ်ခဲ့ကြသည့် သိပ်ချစ်ကြတဲ့ အမျိုးသားနဲ့အမျိုးသမီးတစ်ယောက်နောက်ပိုင်းမှာ ဘယ်လိုကတောက်ကဆတွေ ဖြစ်ရတယ်မသိ ကြားထဲက မြေစာပင်ကတော့ သူတို့ရဲ့မျိုးဆက်ဖြစ်ခဲ့ပုံရသည်
၁၁နှစ်အရွယ် ကလေးငယ်တစ်ယောက်လုံးအတွက် ပိုင်ဆိုင်မှုတစ်ချို့နှင့် အိမ်တော်ထိန်းတစ်ယောက်ထားခဲ့ကာ စွန့်ပစ်နိုင်ခဲ့သည်က ဘယ်လို အသည်းမာသည့်မိဘမျိုးလို့ ခေါင်းစဥ်တပ်ရမယ်မှန်း ဟီဆွန်းမသိခဲ့
သွေးမတော်သားမစပ်သည့် ဘေးအိမ်က ကောင်ငယ်လေးအကြောင်းနားထောင်ရင်း ဟီဆွန်းမှာတော့ သက်ပြင်းတချချ
ထိုညကတော့ ဟီဆွန်းအတွေးများခဲ့ရသည့် ညတစ်ညပင်
~
ထိပ်တန်းကျောင်းသား ဟီဆွန်းအတွက် ယနေ့ကတော့ ထူးခြားသည့်နေ့
၁၅နှစ်အရွယ်တည်းက companyနဲ့ကျောင်း ၂ဖက်ခွပြီး လုပ်ခဲ့ရတာတောင် တစ်ခါမှကျောင်းမပျက်ခဲ့ဖူးသည့် ဟီဆွန်းက ယနေ့တော့ မိုးထဲလေထဲကနေ ခေါ်လာတဲ့ ဘေးအိမ်က ကလေးတစ်ယောက်ကို စောင့်ကြည့်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့တွေဝေမှုမရှိဘဲ ကျောင်းကို ပျက်ပစ်ခဲ့တယ်
ညက အဖျားရှိန်နဲ့အိပ်ပျော်နေသည့် ကလေးငယ်က မနက်၈နာရီအထိ နိုးမလာသေး
ဟီဆွန်းကတော့ အိပ်ရာဘေးကခုံမှာ အိပ်ပျော်နေသည့် ထိုကလေးနိုးလာမည့် အချိန်ကိုသာ ထိုင်စောင့်ကောင်းနေတုန်း
YOU ARE READING
𝚂𝚊𝚏𝚎 𝚉𝚘𝚗𝚎
Fanfictionကိုကိုက မင်းအတွက် "Safe Zone"လေး ဖြစ်ပေးမယ် 𝐄𝐭𝐡𝐚𝐧 𝐱 𝐉𝐚𝐲 𝐌𝐞𝐝𝐢𝐚_𝐜𝐫𝐝