-Message-
"ကျွန်တော် နေမကောင်းဘူး.."
"အင်း... ဆေးသောက်.."
.
.
."ကျွန်တော် စာမေးပွဲကျတယ်... ကျွန်တော်က အသုံးမကျတဲ့ကောင်ပဲဗျာ.. သက်သေပစ်ချင်တယ်...."
"မင်းရူးနေလား... စာမေးပွဲကျတာ ဘဝပျက်သွာတာမို့လို့လား... ပြန်ကြိုးစားလို့ရတယ်.. မင်းစိတ်ဓာတ်ကို ပြင်စမ်းပါ"
"ကျွန်တော့ကို စိတ်မပူဘူးလား..."
"စိတ်ပူတာပေါ့... မဟုတ်တာတွေ လျောက်မလုပ်နဲ့ မင်းကတော်ပါတယ်... ဝါသနာပါတာကို ပြန်ကြိုးစားကြည့်ပါ... ဖိုက်တင်း..."
"အဲ့တာဆို ကျွန်တော့ကို ပြန်ချစ်ပါလား..."
"......"
.
.
."အကို့ကို ချစ်တယ်..."
"အင်း..."
"ချစ်လား.."
"မချစ်ဘူး... "
"ကျွန်တော်ကတော့ ချစ်တယ်... အကိုဘယ်လောက်ငြင်းငြင်း ဖွင့်ပြောဦးမှာပဲ.."
"အိပ်တော့ .. ညနက်ပြီ...."
.
.
.ဖုန်းကိုပိတ်ပြီး သူအိပ်ပျော်အောင် ကြိုးစားတယ်။
ဒါပေမဲ့ သူ့အတွေးထဲ အကြောင်းအရာတစ်ချို့က ဝေ့ဝဲနေဆဲ...
ညစဥ်ညတိုင်း ဝင်လာတက်တဲ့ Message တွေက သူ့ထက် လေးငါးနှစ်လောက်ငယ်တဲ့ ကောင်လေးတစ်ယောက်ဆီက Message တွေဖြစ်တယ်...
လွန်ခဲ့တဲ့ ခြောက်လလောက်က အလုပ်တစ်ဖက် ဖိအားတွေတစ်ဖက်နဲ့ စိတ်ပြေလက်ပျောက်ဖြစ်လိုဖြစ်ညား Social media မှာဝင်လာတဲ့ စကားပြောခန်းတစ်ခုကို Reply ပြန်မိရာကစပါတယ်..
အဲ့ဒီ အကောင့်နာမည်က Leo တဲ့...*ကျွန်တော် အကို့ကို သိတယ်.. ×××မှာနေတာမလား... ကျွန်တော် အထက်တန်းတုန်းက အဲ့နားမှာကျောင်းတက်တာ... အကို့ကို မြင်ဖူးတယ်.... ကျွန်တော်က အကို့ညီဝမ်းကွဲနဲ့လည်း ခင်တယ်.."
သူ့ဆီကို စတင်မိတ်ဆက်လာခြင်းက ဒီအကြောင်းအရာတွေနဲ့...
သူ့အပေါ်ရင်းနှီးနေပုံပေါက်တဲ့အနေအထားတွေကြောင့် သူစူးစမ်းမိတာလည်းပါလိမ့်မယ်။
YOU ARE READING
- Message - [One shot]
Short Storyလောကမှာ သူ မယုံကြည်ဆုံးက သူ့ကိုချစ်ပါတယ်လို့ ပြောလာတဲ့စကားကိုပဲ... တကယ်တော့ လူတွေဟာ မိမိကိုယ်ကိုသာ အချစ်ဆုံးပဲ... >>> 19.6.2022 >> 19.6.2022 <<<