အပိုင်း(၂၁)

1.3K 116 2
                                    

အပိုင်း(၂၁)

သုံးလခန့်ကြာသော်

အန်တီ နဲ့ အခု ဆို မတွေ့ ရ တာ သုံး လလောက် ရှိ ပြီ။ မြစ်ငယ် က ပြန် လာ ကတည်း က ဆိုပါတော့ ။  အန်တီ နဲ့ မတွေ့ ဖြစ်တဲ့ ရက် တွေ ကို လက် ရေချိုး ဖို့ အတွက် ကြယ် လေး တွေ ခေါက် ပြီး ဖန်ပုလင်း လေး ထဲ ထည့် ထား လိုက် တယ် လေ။ အခု ဆိုတော့ ကြယ် အလုံး လေး 90 လောက် တော့ ရ လောက် ရောပေါ့ ။လွမ်း တယ် အန်တီရယ်။ အနီးကပ် မတွေ့ ရပေမယ့် လည်း အဝေး ကနေ မျှော်ကြည့် နေရတာ ပိုပြီး တသိမ့်သိမ့် ဖြစ်ရပါတယ်။ အန်တီရှိ တဲ့ နေရာ လေး ကို လျှောက် ပြန် သံပေး ခြေအေး ဝမ်းရောင် လုပ် ရ တာ လည်း မော လှ ရော ပေါ့။

မနက် တစ်ခါ ညနေကျောင်း ပြန်တစ်ခါ လမ်းမကြုံကြုံ အောင် အန်တီ အိမ်ရှေ့ လမ်း ကနေ စက်ဘီးဖြတ်နင်းပြီး အန်တီ့ အရိပ် လေး ကို ကြည့် ရတာ အမော။ တစ်ခါတစ် လေ တော့ လည်း တွေ့ ပေမယ့် မတွေ့ ရ တဲ့ ရက် က ခပ်များများရယ်ပါ။

အတွေးများ နဲ့ လွင့်မျော နေသော ကြယ့် အား ကြည့် နေသော မြူမှုန် က မနေ နိုင် စွာ ဖြင့်

"ကြယ် ရေ ကြယ် ငါ ရှိနေတာသတိရ ပါ ဦး လေး လံ ထိုင်း မှိုင်း နေတာပဲ ပြော တော့ ဖြင့် စာ ကျက် မယ် တဲ့ "

ဘေးနား က ပွစိပွစိ ပြော နေသော မြူမှုန် အား

"ငါ လေး လံ နေတာ က ဘာသံ မှ မကြား ရ ပဲ အငြိမ် လေးဆေ‌ွး နေတာ သိ လား နင် ဘေး က ပွစိပွစိ ပြော တာ ငါ့ ရဲ့ အဆွေး mood ပျက် တယ် "

ဟက်ခနဲ တစ် ချက် ရယ် ရင်း

" ဒီမယ် ကြယ် နင် အန်တီ့ ကို တွေ့ချင်ရင် သွား တွေ့ လိုက် ကြယ် နင့် ကြည့် ရ တာငူငူငိုင်ငိုင် နဲ့  ဘီလူး သံပုရာသီးကိုက် ထား တာ က မှ ကြည့် ကောင်း ဦး မယ် "

မြူမှုန် ရဲ့ စကား ကို ကြား ပြီး ကြယ့် မှာ ရယ် လိုက် ရ တာ မျက်ရည် တွေ တောင် ကျ သွား တယ်။ အန်တီ့ ကို လွမ်း လို့ကျတဲ့ မျက်ရည်က တစ်ဝက် ပေါ့ လေ။

စာကျက် မယ်ဆို ပြီး အိမ် လာ တဲ့ မြူမှုန် က လည်း ကြယ့် စကား နား ထောင် နေရ တာ နဲ့ ‌စာကျက် နေတာ ရှေ့ သို့ မရောက် ပေ။ ကျောင်း တွေ က ဒီဇင်ဘာ အားကစား ရာသီ ဖြစ် နေသော ကြောင့် ပြိုင်ပွဲ စုံ ကျင်းပ ကြ တဲ့ အထဲ ကြယ်တို့ အခန်း က ပြိုင် ပွဲ ဝင် အများ ဆုံး ဖြစ် နေသော ကြောင့် ပြိုင်ပွဲ မှာ မပါ တဲ့ လူ တွေ ကို စာကျက်ရက် ပေး တဲ့ အနေ နဲ့ နှစ်ရက် လောက် သွားစရာ မ လို ချေ။ ဒီဇင် ဘာ ဆိုတော့ တစ်ချို့ ဆို reversion ပြန် ဖို့ တာ ဆူ နေ ကြ ပြီ။ ကြယ် တို့ ကတော့ဘာသာစုံ ရသလောက် တော့ ရှိ ပါ ရဲ့။

ချစ်မိသည်မှတစ်ပါးWhere stories live. Discover now