Part 1

1.7K 28 17
                                    

"ဘယ်လို"
ဧည့်ခန်းထဲမှ ထွက်လာသော ဘုန်းမင်းခေါင်၏အသံ။
"ဟုတ်တယ်သား သားအသက်ကလဲ မငယ်တော့ဘူး 27ထဲရောက်နေပြီ အခု သားမှာ ချပြစရာချစ်သူလဲမရှိဘူး"
"အဲ့ဒီတော့ မာမီတို့သဘောတူတဲ့ သူနဲ့ လက်ထပ်ရမယ်ပေါ့"
"ဟုတ်တာပေါ့"
ခေါင်နှင့် ခေါင့်မာမီတို့သာ အချေအတင်ပြောနေကျပေမယ့် ခေါင့်ဒယ်ဒီကတော့ ရှိသည်ဟု မထင်ရလောက်အောင်တိတ်ဆိတ်နေသည်။
"မင်းအတွက်မာမီ ကောင်မလေးရှာထားပေးတယ် မာမီတို့လို ဆွေကြီးမျိုးကြီးထဲကပဲ"
"မာမီ ခေါင် မိန်းခလေးတွေကို စိတ်မဝင်စားဘူး"
"ဘာ"
"ဟေ"
အံ့ဩတကြီး ထွက်လာသောအသံသည် မာမီ့တယောက်ထဲအသံမဟုတ် ဒယ်ဒီအသံပါ ပါနေသည်။ ဒယ်ဒီက အရှေ့က ဖျော်ရည်ခွက်အား တကျိုက်မော့သောက်ပြီး
"မင်းက မိန်းခလေးတွေကို စိတ်မဝင်စားဖူးဆိုတော့ မင်းက ယောင်္ကျားလေးတွေကို စိတ်ဝင်စားတာလား"
"ဟာ မဟုတ်ဘူးလေ ဒယ်ဒီ"
"မင်းထွေထွေထူးထူးပြော‌မနေနဲ့ မင်းမာမီသဘောကျတဲ့ ကောင်မလေးနဲ့ လက်ထပ်လိုက်  ဒါပဲ"
ဒယ်ဒီ့အမိန့်က သေဒဏ်ထက်ပင်ပိုပြင်းလို့ ခေါင်တစ်ယောက်ငြင်းဆန်လို့လဲမရ။

တဖက်မှာလည်း
"မာမီ ခက် သဘောမတူဘူးနော် ခက်အေးအေးဆေးဆေးပဲနေချင်တာ"
ခက်မာမီက ရယ်၍
"သမီးရယ် သမီးလက်ထပ်လိုက်လဲ ဘာအလုပ်မှလုပ်စရာမရှိဘူး အေးအေးဆေးဆေးနေရုံပဲ"
"ဟင့်အင်း လက်မထပ်ချင်ပါဘူး "
"ဟယ် လက်မထပ်လို့ရမလား မာမီတို့ အချင်းချင်းစကားတောင်ပြောပြီးပြီ "
"ဟင်"
မာမီက ကုတင်ပေါ်သို့ ဝင်ထိုင်လာပြီး
"သမီးတို့ လူငယ်အချင်းချင်းပေးတွေ့ပြီးရင် မင်္ဂလာကိစ္စ စီစဉ်ရုံပဲရှိတော့တယ် "
"ဟာ မာမီ ခက်ကို အတင်းအကျပ်ကြီး"
ခက်မာမီက ခက်အား ဟန်ပါပါ မျက်စောင်းထိုးရင်း
"ခက်နော် မာမီမကြမ်းချင်ဘူး"
ခက်ဒယ်ဒီဆုံးသွားတည်းက မာမီကပဲ ထိန်းသိန်းလာသည်ဖြစ်ရာ
မာမီ စိတ်တိုလာလျှင် မည်သို့ဆိုသည်ကို ခက်သာအသိဆုံး။
မာမီ့ကိုလဲ မလွန်ဆန်ရဲ။ ဒီနေ့မာမီရဲ့ စီစဉ်မှုကြောင့် ဘုန်းမင်းခေါင် ဟူသော ထိုသူနဲ့ တွေ့ရန်ထွက်လာခဲ့ရသည်။

"Myself" Eatery အတွင်း စမတ်ကျကျထိုင်စောင့်နေသော ဘုန်းမင်းခေါင်။
ဆိုင်အတွင့်သို့ ဝင်လာသော အသားဖြူဖြူ အရပ်မနိမ့်မမြင့်နှင့် ဂါဝန်ပန်းရောင်လေးဝတ်လာသော ကောင်မလေး။ သူ့ထံသို့ တည့်မတ်စွာ လှမ်းလာသော ကောင်မလေးသည် သေချာပေါက် နွယ်ပန်းခက်ဖြစ်ရမည်။ သူ့ရှေထိုင်ခုံတွင် ဝင်ထိုင်လာသော သူမအား
"မင်းက နွယ်ပန်းခက်လား"
"ဟုတ်တယ် ရှင်က ဘုန်းမင်းခေါင်လား"
"အေး"
စားပွဲဝိုင်းလေး တခဏတိတ်ဆိတ်သွားပြီး
"ခက် လက်ထပ်ပွဲကိုသဘောမတူဘူး"
"ကိုယ် လက်ထပ်ပွဲကိုသဘောမတူဘူး"
ပြိုင်တူထွက်လာသော အသံကြောင့် တစ်ယောက်နှင့်တစ်ယောက် ကြောင်စီစီဖြစ်သွားရသည်။ကိုယ်နာမည်နာမ်စားကို ခက်ဟူပြီးသုံးသွားသည်လား။ပြီးမှ ခေါင်က
"ဒါဆို မင်းလဲ လက်ထပ်ဖို့သဘောမတူဘူးပေါ့"
"ဟုတ်တယ်"
စကားပြောလာသည့်အသံကအစ ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား။
"ဒါဆို မင်းဘက်က ငြင်းလိုက်လေ"
ခေါင့်ဘက်က ငြင်းလို့ မရသည်မှာအသေအချာပဲ။
"အို ခက်လဲ ခက်မာမီကို မလွန်ဆန်နိုင်လို့ပေါ့"
ဟော သူလဲ အိမ်မပိုင်ဘူးပဲ။
"ဒါဆို လက်ထပ်ရုံပဲရှိတာပေါ့"
"လက်မထပ်နိုင်ပါဘူး "
"ကဲ အခုတော့မှာထားတာတွေ စားလိုက်အုံး ပြီးမှ ဆက်ဆွေးနွေးကြတာပေါ့ "
မှာထားသော မုန်းများအားစားသောက်ပြီးတော့ ခေါင်က
"လက်ထပ်ပွဲကို တားဖို့ ကိုယ်လဲစဉ်းစားမရသေးဘူး အဲ့တော့ မင်းဖုန်းနံပါတ်ကို ပေးသွား ကိုယ် အတွေးပေါ်တာနဲ့ မင်းကို ပြောလိုက်မယ် "
"ဟုတ်ပြီလေ "
ခေါင်အား ဖုန်းနံပါတ်ပေးပြီး ခက်ထိုဆိုင်မှ ထွက်လာခဲ့သည်။

You've reached the end of published parts.

⏰ Last updated: Jun 03, 2022 ⏰

Add this story to your Library to get notified about new parts!

ချစ် အတ္တပြိုင်Where stories live. Discover now