Unicode
အပိုင်း ၂၈
ကျန်းချန်နဲ့ ကျန်းယန်လီ မိသားစုတို့က ခွဲစိတ်အခန်းအပြင်မှာ ရပ်နေကြသည်။ သူတို့အသီးသီးစိုးရိမ်နေကြပြီး အားလင်လေးတောင် အသံမထွက်ပဲ ငြိမ်ငြိမ်လေးထိုင်နေရှာတယ်။ ထိုအချိန်ခွဲခန်းတံခါးပွင့်လာကာ သူနာပြုတစ်ဦးထွက်လာသည်။ သူမက ကျန်းယန်လီအရှေ့ကိုလျှောက်လာသည်။
ကျန်းယန်လီက ထိုနေရာမှရှိနေတဲ့ တစ်ဦးတည်းသောမိန်းကလေးမို့ သူနာပြုမလေးက စကားပြောဖို့လာခဲ့ပုံပေါ်သည်။
" ဒီကလူနာရှင်လားရှင့် "
ကျန်းယန်လီက ချက်ခြင်းခေါင်းငြိမ့်ပြသည်။ ဒီနေရာမှာသူကအကြီးပဲ့...
" ဟုတ်ပါတယ်။ ကျွန်မမောင်လေး...အဆင်ပြေရဲ့လား "
သူနာပြုက
" ဟုတ်ကဲ့ လူနာကအရေးပေါ်ခွဲမွေးရမယ်။ ကလေးကရေတောင်မွန်းနေပြီ... အဲ့တာခွဲစိတ်ဖို့လက်မှတ်လိုတယ်ရှင့် "
ကျန်းယန်လီတို့စိုးရိမ်လွန်သွားပြီး ကျန်းချန်မှာချက်ခြင်း သူမမကိုလက်မှတ်ထိုးပေးလိုက်ဖို့ပြောတယ်။
" မမ လက်မှတ်ထိုးပေးလိုက်ပါ...ရှောင်ရှောင်းဘာမှဖြစ်မှာမဟုတ်ဘူး "
လက်မှတ်ထိုးပေးလိုက်တာနဲ့ သူနာပြုမလေးက ခွဲခန်းအတွင်းပြန်ဝင်သွားခဲ့သည်။ အရေးပေါ်ခွဲနေတုန်း ၁နာရီလောက်အကြာမှာ ရှောင်းကျန့်နေခဲ့တဲ့ မိဘမဲ့ဂေဟာက ဦးလေးနဲ့အဒေါ်ကြီးတို့မှာ ပြူးပြူးပြာပြာဖြစ်ရောက်လာကြသည်။ သူတို့မှာကျန်းချန်ရဲ့ဖုန်းကိုရတာနဲ့ ချက်ခြင်းဂေဟာက ကလေးတွေကိုအသိတွေနဲ့အပ်ခဲ့ပြီး မြို့ကိုတက်လာခဲ့ကြတာဖြစ်တယ်။
ထို့နောက်ကျန်းချန်တစ်ယောက် ခွဲခန်းအရှေ့ကထွက်လာကာ ဖုန်းကိုဖွင့်လိုက်ပြီး ရှီးချန်ကိုထပ်ပြီးဆက်သွယ်လိုက်သည်။ အကျိုးအကြောင်းတော့ပြောပြထားသင့်သည်မလား။
ဒါမဲ့ဖုန်းမှာလိုင်းမမိပြန်ဘူး။ နောက်ထပ်သုံး၊လေးခေါက်လောက် ဆက်ပြီးတဲ့အထိဖုန်းလိုင်းက အဆင်မပြေဘူး။ ကျန်းချန်မှာ ထပ်ပြီးစိတ်ပူလာရပြန်သည်။ ငလျင်ဆိုတာ တကြိမ်နဲ့ပြီးတတ်တာမဟုတ်ဘူးလေ။ နောက်ဆက်တွဲငလျင်အသေးစားတွေ ဆက်ဖြစ်နေသေးရင်ရော....
YOU ARE READING
Who Know? [ Complete ]
Fanfiction[ Uni and Zaw ] ဒီficလေးက ရိပေါ်ကောနဲ့ ကျန့်ကော လမ်းခွဲပြီးမှ ရိပေါ်ကောကသူ့အမှားတွေအတွက် ပြန်ပေးဆပ်ပြီး ချစ်စကားပြန်ဆိုမဲ့ Fic လေးပါ။ ဒီfic လေးကိုဖတ်ဖို့ reading list ထဲထည့်ဖို့မမေ့နဲ့နော်။ XiaoMiMi or XiaoThuThu -------=============------- ဒီficေ...