Part~5

2.6K 127 2
                                    

        သံယောဇဉ်ဆိုတာဖြတ်ရတာခက်သားလားအစ်ကိုရာ..။အစ်ကိုကခုမှကျွန်တော့်ကိုကျောခိုင်းခဲ့ရုံရှိသေးတယ်။ကျွန်တော်ကသတိရနေပြီဆိုရင် အစ်ကိုယုံလောက်မလား။

        မြင်ကွင်းမှပျောက်ကွယ်သွားသောမဟာ့ကိုကြည့်ရင်း မျက်ရည်တို့ကရစ်ဝဲလာရသည်။ငါဘာဖြစ်နေတာလဲ..။ငါဘယ်အချိန်ကတည်းကဒီလောက်ပျော့ညံ့သွားရတာလဲ။ငါတို့ကဘာမှမဆိုင်ဘူး။ခံစားချက်ရှိနေရအောင်လည်း ငါတို့ကယောက်ျားလေးတွေ..။ဘာတွေဖြစ်ချင်နေတာလဲအမောင်ရာ...။

        အတွေးပေါင်းစုံ၀င်နေခိုက် အသိတရားတစ်ခုဟုဆိုလောက်သော အတွေးတစ်ခုကလည်း ခေါင်းထဲသို့ပြန်၀င်လာပြန်လေသည်။အမောင် ကြီးကြီးနှင့်ဘဘုန်းဘုရားတို့ကိုကန်တော့ရပေအုံးမည်။ထို့ကြောင့်မျက်ရည်များကိုကပျာကယာသုတ်ကာ ဆိုင်ထဲသို့ပြန်၀င်လာခဲ့သည်။သူ ၀ယ်ထားသောပစ္စည်းနှစ်ခုထဲမှ အိတ်သေးသေးလေးဖြင့်ထုတ်ထားသော အိတ်တစ်ခုကိုရွေးယူလိုက်သည်။ထို့နောက် ခြေလှမ်းများက ကြီးကြီးရှိရာသို့ဦးတည်လျက်။

"ကြီးကြီး"

       အသံလေးတုန်ယင်စွာဖြင့်ခေါ်လာသောအမောင့်ကို လှည့်ကြည့်လိုက်သည်။

"သားလေး ဘာဖြစ်လို့လဲ"

       ပစ္စည်းလေးကို ကြီးကြီးရှေ့တွင်ချလိုက်သည်။ထို့နောက်သူကိုယ်တိုင် ကျုံ့ကျုံ့လေးထိုင်လျက်လက်အုပ်ချီလိုက်သည်။

"ကြီးကြီးအပေါ်မှာ သား ကာယကံ၊၀စီကံ၊မနောကံတို့နဲ့ပြစ်မှားမိရင်ခွင့်လွှတ်ပါ"

"ခွင့်လွှတ်ပါတယ်ကွယ်၊ကြီးကြီးရဲ့သားလေးကအရင်ကတည်းကလိမ်မာပြီးသား ကလေးပါ"

"ဒီပစ္စည်းလေးကဘာမှတန်ဖိုးမကြီးပေမယ့် သားရတဲ့ပထမဆုံးပိုက်ဆံလေးနဲ့၀ယ်ပြီး ကြီးကြီးကိုကန်တော့တာပါ"

        ဒေါ်မီခမ်းရင်ထဲ ပြောမပြတတ်အောင်၀မ်းနည်း၀မ်းသာဖြစ်သွားရသည်။သိတတ်လိုက်တဲ့ ကလေးလေး။ဒီလောက်သိတတ်နေတာကိုပဲ ကြီးကြီး၀မ်းသာလှပါပြီကွယ်။မျက်ရည်တို့ကလည်းထိန်းမရနိုင်တော့။

"သားလေးရယ်...ကြီးကြီးအတွက်ကဘာမှမလိုပါဘူးကွယ်၊ငါ့သားလေးရှိနေရင်ရပါပြီ"

ချစ်ခြင်းတည်စေWhere stories live. Discover now