♥︎ 𝗔

971 107 10
                                    


[Zawgyi]

[ 𝗋𝖾𝖼𝗈𝗆𝗆𝖾𝗇𝖽 𝗌𝗈𝗇𝗀 - 𝗔𝗻𝗴𝗲𝗹 𝗕𝗮𝗯𝘆 𝖻𝗒 𝗧𝗿𝗼𝘆𝗲 𝗦𝗶𝘃𝗮𝗻 ]

***

နာရီနှစ်ဆယ်နီးပါး အိပ်ပျော်နေခဲ့တဲ့ ဂျုံဆောင်း ဟာ အိပ်ရေးဝစွာအိပ်စက်လိုက်ရ၍ နိုးထလာတဲ့အခါ မျက်နှာကလေးကြည်လင်လို့နေသည် ။ အကြောမှန်သမျှ စုံလင်နေအောင်ဆန့်လိုက်ကာ အိပ်ရာထက်လူးလိမ့်နေမိသေးသည် ။ အဝါနုရောင်စောင်ထူထူကြား အဖြူရောင်ညအိတ်ဝတ်စုံနဲ့ ဂျုံဆောင်း ဟာ ပီဘိကလေးငယ်လေးအလား ။

" ဟင် ... ငါဘယ်ရောက်နေတာလည်း "

" ကိုယ့်အိမ်ပါ "

" အမေ့ !! "

အခန်းထောင့်က ကျွန်းခုံကြီးပေါ်မှာ ခြေချိတ်ကာ ထိုင်နေတဲ့ ဂျုံဆောင်း မသိသော လူစိမ်းတစ်ဦး ။ ထိုလူစိမ်းသည်လည်း ဂျုံဆောင်း နဲ့ဆင်တူ ညအိပ်ဝတ်စုံကိုဝတ်ထားသည် ။ အဝေးကမြင်ရတာတောင် ထင်ရှားနေတဲ့ ထိုလူစိမ်းရဲ့ မျက်နှာထက်က မှည့်ကလေးတွေဟာ တမျိုးတမည်ဆန်းသစ်နေသည် ။ အထူးသဖြင့် နှာတံထက်က မှည့်နက်ကလေး ။ ဘုရားရေ အခု ဂျုံဆောင်း ဟာ သူလုံးဝမသိတဲ့သူစိမ်းကို ရင်ခုန်နေတာလား ။ ခေါင်းကိုအသာခါရမ်းလိုက်ကာ ရှေ့ကို အကြည့်ပြန်ပို့တော့ ထိုင်နေသောထိုလူဟာ ဂျုံဆောင်း ဆီ တစ်လှမ်းချင်းလျှောက်လာနေသည် ။ တောင်ပံသာပါရင် နတ်ဘုရားပဲ ။

" တနေ့လုံး ဒီမှာထိုင်နေပြီး ကိုယ့်ကိုငေးကြည့်နေဖို့တော့ အစီအစဉ်မရှိဘူးမလား boba လုံးလေး "

" ခင်ဗျားဘယ်သူလည်း ဘာလို့ ကျွန်တော့်ကို ဒီခေါ်လာတာလည်း "

" စိတ်ချပါ ကိုယ်မင်းကို အန္တရာယ်ပေးမယ့်လူမဟုတ်ပါဘူး မင်းပင်ပန်းနေတာမကြည့်ရက်တော့လို့ ကိုယ်ခေါ်လာခဲ့တာ "

" ဒါဘယ်နေရာလည်း "

" အင်း မင်းစိတ်ကူးထဲကနေရာ "

ကတ်သီးကတ်သပ်လာဖြေနေသော လူအား ဂျုံဆောင်း မျက်စောင်းထိုးပစ်လိုက်သည် ။ စောင်ကိုဖယ်ကာ အိပ်ရာပေါ်ကဆင်းပြီး ပြတင်းနားတိုးကပ်လိုက်တော့ ပြင်ပက ရှုခင်းကြောင့် ဂျုံဆောင်း ထိုင်ပင်ငိုချင်မိသွားသည် ။ အခု ဂျုံဆောင်း မြင်နေရတာ ပြာလဲ့နေတဲ့ကောင်းကင်ကြီးရယ် , ကြည်လင်နေသော ပင်လယ်ကြီးရယ် နောက်ပြီး အဖြူရောင်ဒေစီပန်းခင်းကြီးရယ် ။ ပန်းခင်းကြီးက ခြံဝန်းထဲမှာရှိနေပြီး ခြံဝန်းအပြင်မှာတော့ တဆုံးအထိ ပင်လယ်ကြီးရှိနေသည် ။ ခပ်လှမ်းလှမ်းတွင် တောင်တန်းတွေကိုလည်း ရေးတေးတေးမြင်နေရသေးသည် ။ ဂျုံဆောင်း တွေးမိလိုက်တာ သူသေသွား၍များ နတ်ပြည်ရောက်သွားသလားလို့လေ ။

𝗛𝗔𝗟𝗢 : 𝗃𝖺𝗒𝗁𝗈𝗈𝗇Where stories live. Discover now