♕︎ 1 ♕︎

2.2K 136 34
                                    

အကြည့်တစ်ချက်ထဲနှင့်ပြောနိုင်လောက်အောင်ပင်ထိုသူဟာ လူအသွင်ဆောင်ထားတဲ့‌ရေဝဲဂယက်လိုမျိုး...။

အဲ့ဒီအပြင်အဲ့ဒီလူသားကိုပဲ 'ရွှေမင်းသားလေး' ဟုခေါ်ကြသေးတယ်...

Two weeks ago

အရှေ့ကတတောက်တောက်သွားနေတဲ့အတန်းပိုင်ဆရာဆိုသူနောက်မှ ငြိမ်ငြိမ်လိုက်ရင်းဖြင့်မသိမသာလည်းစိတ်လှုပ်ရှားရသည်။အတန်းထဲဝင်လိုက်သည်နှင့်တိတ်ဆိတ်သွားတဲ့ကျောင်းသားတွေရဲ့ ပစ်ခွင်းလာတဲ့အကြည့်မြှားတွေဟာသူနဲ့အတန်းပိုင်ဆရာဆီ။

အတန်းထဲဆီမှအာရုံအားလုံးဟာ သူ့ဆီလာစုပုံနေခြင်းပီပီရုတ်တရက်ဘယ်လိုနေရမှန်းမသိ။ထို့ကြောင့်လွယ်အိတ်ကြိုးနှစ်ဖက်ဆီ တင်းတင်းကိုင်မိကာ မျက်နှာကိုလည်းဖြေလျော့ထားမိ၏

"ဒါအသစ်ပြောင်းလာတဲ့ကျောင်းသား ပတ်ဆောင်ဟွန်းတဲ့၊လိုအပ်တာရှိရင်လည်း ကူညီပေးလိုက်ကြပါဦး၊ကဲ သားကလွတ်နေတဲ့နေရာမှာဝင်ထိုင်လိုက်"

"ဟုတ်ကဲ့ပါ ဆရာ"

အသိအမှတ်ပြုဟန်ပြပြီးကြတာနဲ့ အားလုံးကစာသင်ဖို့ကိုယ့်အလုပ်ကိုယ်ပြန်အာရုံရောက်သွားကြသည်။နေရာသစ်မို့နည်းနည်းတော့ရင်ခုန်မိနေပေမဲ့ ကိုယ့်ကိုကိုယ်‌တော့ယုံကြည်ချက်ရှိပြီးသား။သူက ဘယ်သူနဲ့မဆိုကောင်းကောင်းမွန်မွန်ပေါင်းသင်းနိုင်သည်။သေချာပေါက် တခဏအတွင်းမှာပဲသူငယ်ချင်းအသစ်တွေရလာမှာပင်...။

"ဟေး ဘယ်မြို့ကလဲ"

တွက်ထားတဲ့အတိုင်းပင် စကားစလာတဲ့ဘေးခုံကကျောင်းသားတစ်ယောက်။ဖောဖောရွေရွေပြုံးပြမေးလာတဲ့ ထိုကျောင်းသားကသွက်သွက်လက်လက်ပုံလည်းပေါက်သည်။

"အာ အွန်ဖြောင်းကပြောင်းလာတာ၊မင်းနာမည်က?"

"ငါ့နာမည်က လီဆော့ဂျွန်း၊တွေ့ရတာ ဝမ်းသာပါတယ်"

"အင်း တူတူပါပဲ"

"ငါမင်းကိုအရင်ကျောင်းက ကျောင်းဝတ်စုံဝတ်လာမယ်မှတ်တာ"

ဝတ်စုံကိုကြည့်ပြီးပြောလာတဲ့စကားကြောင့် သူရုတ်တရက်ကြောင်သွားရသေး၏။ခဏတာဦးနှောက်ကိုအလုပ်ပေးလိုက်မှ ဆိုလိုချင်တာကိုသဘောပေါက်ရကာ

My Royal Prince [𝘑𝘢𝘬𝘦𝘩𝘰𝘰𝘯]✓Where stories live. Discover now