Part 16

2K 202 3
                                    

မြို့စားကတော်ရှောင်း
Part 16
------
နေရောင်ခြည်ကဂူထဲကိုဝင်ရောက်လာချိန်မှာxzနိုးလာခဲ့တယ် ဘေးနားမှာ
မြို့စားဝမ်လည်းမရှိတော့ အပြင်မှာမြင်းဟီသံကြားလို့ အပြင်မှာရှိနေမှန်း
သိလိုက်ပြီ ဘေးနားကအပေါ်ဝတ်ကုတ်အင်္ကျီကိုယူကာ အပြင်ကိုထွက်လာ
လိုက်သည်

မြို့စားအိမ်တော်ရဲ့ရဲမက်တွေအကုန်လုံးကဒီကိုရောက်နေကြသည် မနေ့က
သူတော်တော်ပြဿနာရှာခဲ့တာပဲ မိုးရွာကြီးထဲရဲမက်တွေသူ့ကိုရှာခဲ့ကြရမှာ
ပဲ

"အခုပဲလာနိုးတော့မလို့"

"ဟုတ်ကဲ့ မြို့စားမင်းဝမ်"

ရဲမက်တစ်ယောက်ကသူ့စီမြင်းယူလာပေးသည် မြင်းဇက်ကြိုးကိုကိုင်ကာ
မြင်းကိုကြည့်လိုက်ကြိုးကိုကြည့်လိုက်နဲ့

"ဘာဖြစ်တာလဲ"

"ကျွန်တော်မြင်းမစီးတတ်ဘူး "

"??"

"မနေ့ကမြင်းပေါ်တင်ပေးလိုက်တုန်းက ဟိုလူကမြင်းကိုရိုက်လိုက်တော့
မြင်းကပြေးတာ ကျွန်တော်ကဘယ်လိုထိန်းရမှန်းတောင်မသိဘူး
အဲ့ဒါနဲ့ကြိုးကိုဆွဲတော့မှရပ်သွားတာ"

ူ"လာ တက်"

မြို့စားကအောက်ဆင်းကာသူ့မြင်းပေါ်တက်လို့ပြောသည်

"ရတယ် မြို့စားပဲစီးပါ ကျွန်တော်က ဒီအတိုင်းလမ်းလျှောက်သွားရင်ရပြီ"

"တက် မြို့စားကတော်ကဒီလိုမျိုးဆိုရင်ကြားမကောင်းဘူး"

"..."

Xzကမြို့စားဝမ်ရဲ့အရှေ့မှာထိုင်ကာတောထဲကနေထွက်လာခဲ့ကြသည်
ပွဲစတဲ့နေရာရောက်တော့ လူတွေကသူတို့ကိုကြည့်နေကြတယ်
မြို့စားဝမ်ကမြင်းပေါ်ကနေဆင်းတော့ ရန်ရန်ဆိုတဲ့မိန်းကလေးကအနားရောက်လာတယ် ပြီးတော့သူမလက်ထဲမှာ
လက်ပတ်ကြိုးလေး

"yb"

သူမကနာမည်ပဲခေါ်ရသေးတယ်ybကဂရုမစိုက်လောလောဆယ်မြင်းပေါ်က
နေဆင်းနေတဲ့xzကို ခါးကနေကိုင်ကာ ကူချပေးလိုက်သည်
ရန်ရန်ကတော့အနည်းငယ်မျက်မှာပျက်သွားတယ်

ူ"ဟိုလေ yb နင့်ကိုပေးဖို့ငါစောင့်နေတာသိလား အခြားသူတွေကလက်ပတ်
တွေရပြီးသွားပြီ ငါကနင့်တစ်ယောက်ထဲပေးချင်လို့စောင့်နေတာ"

မြို့စားကတော်ရှောင်း~Tempat cerita menjadi hidup. Temukan sekarang