Character Intro

236 33 1
                                    

Unicode

ဟုတ်ကဲ့ အခုဆိုရင်တော့ BFF ရဲ့ MCတွေနဲ့ ပရိတ်သက်ကြီးကို မိတ်ဆက်ပေးဖို့ စီစဉ်ထားပါတယ်......

သူတို့အားလုံးလည်း အခုရောက်ရှိနေပါပြီ....

ကဲ စလိုက်ကြ‌ရအောင်နော်...

'ကင်ဆော့ဂျင်း'

ဟုတ်ပါတယ် အရပ်ကရှည်ရှည် ကျယ်ပြန့်တဲ့ ပခုံးတွေနဲ့ သေလောက်အောင်ချောတဲ့ ချမ်းသာတဲ့ Kimမျိုးနွယ်ရဲ့  ပထမသားပါ....လက်ရှိအသက်က ဆယ့်ခုနှစ်နှစ်ပါ....  သူက ငယ်ငယ်တည်းက ရင့်ကျတ်စေ့စပ်ပြီး အိမ်ရဲ့စီးပွားရေးကို ကူလုပ်ပေးနေသလို ညီနှစ်ယောက်ပေါ်မှာပါ ဩဇာရှိတဲ့ Kim အိမ်ရဲ့ ရွှေလိုအဖိုးတန်တဲ့ အမျိုးသားပါ....

အတိုက်ခိုက်ပညာကိုလည်း လိုအပ်လို့ သင်ယူရင်း အသက် ဆယ့်သုံးနှစ်မှာ တိုက်ကွမ်ဒို ခါးပတ်နတ်ရခဲ့သလို သေနတ်ကိုလည်း ကျွမ်းကျင်စွာ ပစ်နိုင်ပါတယ်.... သူ့ရဲ့ အရှိန်ဝါက ကြီးမားတယ်ဆိုပေမဲ့ အဒေါ်ဖြစ်သူရဲ့ ကျန်းမာရေးနဲ့ စီးပွားရေးလုပ်ငန်းအချို့ကြောင့် ဒယ်ဂူးမြို့ကို ကျောင်းပြောင်းလိုက်ရပြီးနောက်မှာ သူဟာ နှလုံးသားကို ကြောင်စားခံလိုက်ရပါတယ်...... အဲ့ဒီနောက်မှာတော့ သူဟာ  ထိုကြောင်လေး သူ့အပေါ် ဖောအင်လပ် လာဖို့ကိုသာ တစ်စိုက်မတ်မတ် လုပ်ဆောင်တတ်သော အချစ်ရူးတစ်ယောက် ဖြစ်လာပါတော့တယ်......

....တင်ဆက်နေရင်းချွေးတွေပျံလာ..... စကားမှားရင် တစ်ခုခုဖြစ်မယ်ဆိုသော Senseတွေ ရနေသော ခဏ....(ငါ့ဘက်ကမှားတာပါ တစ်လောကလုံးအမှန်ပဲ....)

'မင်ယွန်းဂီ'

အနေအေးပြီးစာတော်တဲ့ မင်အိမ်ရဲ့ တစ်ဦးတည်းသော သားလေးပါ..... လက်ရှိအသက်က ဆယ့်‌ခြောက်နှစ်ပါ....သူဆယ်နှစ်အရွယ်တုန်းက အထက်တန်းကျောင်းသားတစ်ယောက်ဆီမှာ အတင်းချုပ်ပြီး နမ်းတာခံလိုက်ရပြီးနောက် gayတွေကို ရက်ရက်စက်စက် မုန်းတီးတဲ့ psycho ဖြစ်သွားရှာတဲ့ ဖက်ထုတ်လေး.... (ကျောထဲမှာ စိမ့်ခနဲဖြစ်သွား၍ တံတွေးမြိုချလိုက်မိ)

အဲ့ဒီအဖြစ်ပျက်ကြောင့်ပဲ အိမ်က ပိုဂရုစိုက်ပေးပြီး ငယ်သူငယ်ချင်းဖြစ်သူ 'ဟိုဆော့' ကလည်း အနားကမခွာ ဂရုစိုက်ပေးခြင်းခံရတဲ့ အချစ်ခံ အချေတုန်းလေးပါ..... သူ့ရဲ့ပုံစံလေးက ချောတာထက်ချစ်ဖို့ကောင်းတဲ့ Type လေးဖြစ်ပေမဲ့ အမြဲတမ်းတည်တင်းနေတဲ့ မျက်နှာထားကြောင့် တော်ရုံလူက သူ့ကို စကားစမပြောရဲပါဘူး ....

BFF ( Be the first feeling)Where stories live. Discover now