Day 6 ( Unicode )

1K 158 10
                                    

" ငါ့ကိုမစောင့်ဘဲသွားတဲ့ Jake Hyung လမ်းမှာ ချီးနင်းမိပါစေ "

Rikiက မနက်စောစောမထချင်တဲ့ကလေးပဲ ။ ဒီလိုကျောင်းသားဟောင်းနှုတ်ဆက်ပွဲနေ့မှာတောင် မနေ့ညက Gameဆော့ခဲ့တာမို့ ၉နာရီလောက်အထိ အိပ်ရာထဲက မထနိုင်သေး ။

အခုတော့ ဝရုန်းသုန်းကားနဲ့ ဖြစ်ချင်တိုင်းတွေဖြစ်ပြီး ကျောင်းလာရသည် ။

ဒီနေ့ကကျောင်းဝတ်စုံလဲဝတ်စရာလိုမနေတာမို့ ပိုခေါင်းစားမိတာပဲ ၊ သူ ကောင်မလေးတွေရှေ့ကြည့်ကောင်းနေဖို့လိုတယ် ။

" ဟ .. လူတွေအုံနေရော "

ခန်းမထဲ လူတွေစုပြုံနေတာမို့ Rikiက ဝင်မသွားချင်တော့ဘူး ။ မီးအမှောင်ချထားတာမို့ သူအတန်းလစ်ပြီးအိပ်နေကျ ခေါင်မိုးထပ်က ချောင်လေးဆီသွားဖို့ပဲပြင်လိုက်တော့တယ် ။

သူထိုင်နေကျ ရေစည်နားမှာ လူတစ်ယောက်အရိပ်ကိုတွေ့တာမို့ Rikiက သတိမထားမိပါဘဲ ပါးစောင်ကိုလျှာနဲ့ထိုးမိလိုက်သည် ။

သူက သူ့အပိုင်လေးဆို ဘယ်သူနဲ့မှဝေမျှမပေးလိုတဲ့ အတ္တကြီးကြီးကလေးပဲ ။

" ဟေ့လူ တစ်ခြားသွားထိုင် ဒါကျွန်တော့်နေရော "

နေ့လည်ဘက်ဖြစ်တာတောင် သိပ်မလင်းတဲ့နေရာမှာ အဲဒီ့လူမျက်နှာလှည့်လာတဲ့တစ်ခဏ လင်းချင်းသွားတယ် ။ ပန်းဖျော့ဖျော့နှုတ်ခမ်းမှာတေ့ထားတဲ့ ဆေးလိပ်က မီးမညှိရသေး ။

မျက်ခုံးထင်းထင်းနဲ့ မလိုက်မဖက် ဆံပင်အရောင်က အဲဒီ့လူမျက်နှာကိုပိုပြီးယောက်ျားဆန်စေတယ် ။ နှာတံပေါ်ပေါ်ထက် အကျအနနေရာယူထားပါတဲ့ မှည့်နက်သေးသေးဟာ မနာလိုချင်စရာကောင်းလောက်အောင်ကို ကြည့်ကောင်းလိုက်တဲ့ဖြစ်ခြင်း ။

" ဘာကြည့်တာလဲ တစ်ခြားသွားထိုင်ပါဆို မကြားဘူးလား "

ကျားနာတွေကပိုခဲတယ် ။  ရင်ခုန်နေတဲ့ Rikiက ပိုဒေါသကြီးတယ် ။

ဟေ့လူ ... ခင်ဗျားကဘာကောင်ကြီးမို့ ပထမဆုံးတွေ့တွေ့ချင်းမှာတင်ကျွန်တော့်ကိုရင်ခုန်အောင်လုပ်ရတာလဲ ဆိုပြီး ရန်တွေ့ပစ်ချင်တာ ။

𝘿𝙤𝙪𝙗𝙡𝙚 𝘿𝙖𝙩𝙚 / 𝙃𝙚𝙚𝙅𝙖𝙠𝙚 ×𝙃𝙤𝙤𝙣𝙆𝙞 / Where stories live. Discover now