Part~6

2.4K 113 2
                                    

        ရှေးကျသော အပြင်အဆင်များဖြင့်မွမ်းမံထားသော်လည်း အသုံးအဆောင်များကခေတ်မှီလှသော ဟိုတယ်တစ်ခု၏ တိတ်ဆိတ်သောအခန်းတစ်ခုထဲတွင် လူနှစ်ယောက်သည် အကြောင်းအရာတစ်ခုနှင့်ပတ်သက်၍ဆွေးနွေးနေကြ၏။မဟာသွေးနှင့်မဟူရာသွေးတို့ပင်ဖြစ်သည်။

"ကိုကို ဒီကောင်လေးအတွက်နဲ့ပုဂံမှာကျန်ခဲ့မလို့လား"

     မဟာနှင့်မဟူရာတို့သည် ညီအစ်ကိုအရင်းပမာချစ်ကြသည်။မဟူရာသည် ငယ်စဉ်ကတည်းက မဟာကို ကိုကိုဟုပင်ခေါ်လေ့ရှိသည်။ယခုလည်း မဟာသည် အမောင့်အပေါ်မှာသူခံစားချက်ရှိမရှိသိချင်သည်ဟုဆိုကာ ပုဂံတွင်ကျန်ခဲ့မည်ဟုပြောသဖြင့် မဟူရာတစ်ယောက် အလန့်တကြားထအော်လေတော့သည်။

"မဟုတ်ပါဘူးကွာ။ဒီမှာအပြီးနေမှာမှမဟုတ်တာ တစ်ပတ်လောက်ပဲနေမှာပါ"

"ဟိုက အလုပ်တွေကရော ဘယ်လိုလုပ်မှာလဲ။ပြီးတော့ ဒီမှာနေဖို့အတွက် ခိုင်လုံတဲ့အကြောင်းပြချက်ကဘာလဲ"

       အမေးအမြန်းထူသော မဟူရာကိုကြည့်ကာ မဟာခေါင်းရှုပ်လာသည်။

"အလုပ်က မင်းနဲ့လွှဲထားမယ်။အကြောင်းပြချက်က ငါပြောပြီးပြီလေ သူ့အပေါ်မှာရှိတဲ့ခံစားချက်ကဘယ်လိုမျိုးလဲသိချင်လို့ပါဆိုနေ"

"ဪ အမ်းပါ"

     အရမ်းအားကိုးလောက်သော အစ်ကိုပင်။အလုပ်ကတော့ သူ့လက်ထက်မှာအရမ်းတိုးတက်မှာမြင်ယောင်ပါ၏။

"မင်းက ငါ့အတွင်းရေးမှူးမလုပ်ဘဲနဲ့ စုံထောက်လုပ်ရမှာ။အရမ်းစပ်စုတဲ့ကောင်"

       သူ့ကိုစုံထောက်လို့ပြောသောကြောင့် မျက်နှာတစ်ခုလုံးရဲတက်သွားလေသည်။ဘာတွေတစ်ယောက်ထဲအတွေးပေါက်သွားမှန်းမသိပေ။

"ကိုကိုက အခုတော့ ကျွန်တော့်ကို စောက်ထုံလို့ပြောပြီပေါ့"

"ဟမ် ငါဘယ်တုန်းကပြောလိုက်လို့လဲ"

"ခုပဲ စုံထောက်လို့ပြောတာလေ။ ပြောင်းပြန်ဖတ်ကြည့်ပါလား"

      အသံကတဖြည်းဖြည်း ငိုသံစွတ်လာလေသည်။မဟာကလဲ မဟူရာ့ကိုကြည့်လေ ပိုပြီးစချင်လေဖြစ်နေ၏။မျက်ရည်များကဝဲနေပြီး ‌စိတ်တို၍ နီရဲနေသောနှာခေါင်းလုံးလုံးလေးမှာ ဖျစ်ညစ်ပစ်ချင်စရာ။

ချစ်ခြင်းတည်စေWhere stories live. Discover now