Chapter 5

422 56 4
                                    

"Not to have interest in you? No thank you"

(Unicode)

အိပ်ယာပေါ်မှာ ဖုန်းကိုပစ်တင်ထားခဲ့ပြီး ဂျဲနိုကရေသွားချိုးနေသည်။ ထိုအချိန် ဂျယ်မင်းက စာအုပ်တွေအများကြီးရှေ့ချပြီး ဂျဲနိုရဲ့ စာကြည့်စားပွဲကိုသိမ်းပိုက်ကာ စာလုပ်နေခဲ့သည်။ အင်ဂျွန်းက ကြမ်းပြင်ပေါ်မှာ မှောက်လျက် သူ့ရဲ့ laptopကိုရှေ့ချကာ တစ်ဖက်က ဒီဇိုင်းပုံတွေကိုကြည့်နေရင်း လက်တစ်ဖက်က အာလူးကြော်ထုတ်ထဲထည့်လို့ထားသည်။ ဒုံဟျော့ကတော့ အီဂျဲနိုရဲ့ အိပ်ယာပေါ်တက်ပြီး ခြေကိုဆင်းကာ laptopကိုပေါင်ပေါ်တင်ပြီး ဂျူနီယာကလေးတွေကို နောက်နေ့သင်ခန်းစာအတွက် ပို့ပေးနေသည်။

ထိုစဉ် အိပ်ယာပေါ်မှာရှိတဲ့ ဂျဲနိုရဲ့ ဖုန်းကတုန်ရီကာ အသံထွက်လာခဲ့သည်။

"ဘယ်သူ့ဖုန်းလဲ ကိုင်လိုက်နားညီးတယ်" မျက်မှန်တပ်ပြီး စာလုပ်နေတဲ့ ဂျယ်မင်းက အခြားအရာထက် သူ့အလုပ်လုပ်နေချိန်အနှောက်အယှက်ဝင်လာရင် လုံးဝမကြိုက်ပေ။
မျက်မှောင်ကိုကြုံ့ပြီး ထိုသို့ပြောလာရင် အသံကအေးစက်ပြီး ကြောက်စရာကောင်းတတ်သည်။

"ငါတို့ဖုန်းမဟုတ်ဘူး" ဟု အင်ဂျွန်းက အာလူးကြော်တွေဝါးနေရင်းပြောသည်။

"ဟိတ်ကောင် အီဂျဲနို ဖုန်းလာနေတယ်!!!!" ဟု ရေချိုးခန်းထဲ ကဂျဲနိုကြားအောင် ဒုံဟျော့က အိပ်ခန်းထဲကနေအသံပြဲကြီးနဲ့ ထအော်တော့သည်။
ထိုအသံကြောင့် ဘောပင်တောင်မကိုင်နိုင်တော့တဲ့ ဂျယ်မင်းက မှတ်စုစာအုပ်နဲ့ လှည့်ပြီး ပစ်ပေါက်လိုက်တာ ဒုံဟျော့မျက်နှာကို ဖက်ကနဲပဲ။

"ကိုင်လိုက်လေ!!! အရေးမကြီးရင် ချလိုက်!!!"

ရေချိုခန်းထဲက ဂျဲနိုက ပြန်အော်ပြောနေသည်။

"ပတ်ဂျီဆောင်းတဲ့ ကိုင်လိုက်ရမလား"

ထိုနာမည်ကြားတော့ ဂျယ်မင်းနဲ့အင်ဂျွန်းက ချက်ချင်းပဲ စာအုပ်တွေ laptopတွေပစ်ချခဲ့ပြီး ဒုံဟျော့ရှိသော ကုတင်ပေါ်သို့ ပြေးတက်ပြီး ထိုဖုန်းကို လာကြည့်ကြတော့သည်။

"ကြည့်စမ်းကြည့်စမ်း"

"အီဂျဲနိုဒီကောင်..."

My Door of Happiness | Jensung (Completed)Where stories live. Discover now