Part~7

2K 93 14
                                    

       လမ်းတလျှောက်တွင် ဘာစကားမှမပြောကြဘဲတိတ်ဆိတ်ခြင်းကသာ သူတို့အားလွှမ်းမိုးနေကြသည်။နွေဂိမှာန်၏ပူပြင်းမှုဒဏ်ကြောင့် သူတို့သုံးယောက်လုံးသစ်ပင်ရိပ်များအောက်မှသာလမ်းလျှောက်လာကြသည်။အမောင်သည် အရိုင်းဆန်သောတောပန်းများအားငေးရင်းမကြာခဏပြုံးမိလေသည်။

အဂ္ဂသည်လည်း နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်တိုင်းပါးချိုင့်ခွက်ခွက်လေးများပေါ်လာတတ်သော ပါးဖောင်းဖောင်းနှင့်ကလေးငယ်အားငေးရင်း..သုတသည်လည်း ထိုသူနှစ်ယောက်အားတစ်လှည့်စီကြည့်လိုက်ရင်း တိတ်ဆိတ်မှုကိုစတင်ဖြိုခွင်းလိုက်လေသည်။

"အဟမ်း!"

သုတ၏ချောင်းဟန့်သံကြောင့် နှစ်ယောက်လုံးလှည့်ကြည့်လာကြသည်။

"ညီလေး နာမည်ဘယ်လိုခေါ်လဲ"

အမောင်သည် သူ့ကိုမေးမှန်းသိသောကြောင့် ပြုံးပြပြီး သွက်လက်စွာဖြေလိုက်သည်။

"ခန့်ညားလွန်းမောင်ပါဗျ အမောင်လို့လဲခေါ်ကြပါတယ်.."

"ဪ... အစ်ကို့နာမည်ကသုတမင်းနောင် ကိုသုတလို့‌ပဲခေါ်ပေါ့ကွာ"

"ဟုတ်ကဲ့ မှတ်ထားပါ့မယ်ဗျ"

သူတို့နှစ်ယောက်သာ စကားများတွတ်ထိုးနေကြသော်လည်း အဂ္ဂတစ်ယောက်မှာစကားဝိုင်းထဲပါ၀င်ခြင်းမရှိပေ။မပြောရုံသာမကနားထောင်ခြင်းလည်းမရှိပါသော ထိုလူသည် သူ့ရှေ့တွင် ‌အပူအပင်ကင်းစွာရယ်မောနေသော ကောင်လေးအား အဓိပ္ပာယ်မဲ့စွာငေးကြည့်နေလေသည်။

"အဂ္ဂခွန်းပိုင်!"

နှစ်ယောက်သား စကားပြောနေရင်း အစမရှိအဆုံးမရှိရုတ်တရက်ဆိုသလို ထပြောလိုက်သောအဂ္ဂကြောင့် ပြူးကြောင်သောမျက်၀န်းများဖြင့်ကြည့်နေကြလေသည်။

"အဂ္ဂခွန်းပိုင်!"

ထပ်မံပြောလာသောသူသည် သူ၏နာမည်ကိုတစ်စုံတစ်ယောက်အားသိစေလိုသည့်အသွင်ရှိနေပါ၏။

"ခင်ဗျား ဘာပြောလိုက်တာလဲဟင်"

နှစ်ခါထပ်ပြောတာတောင် မသိသည့် အူကြောင်ကျားမဟုတ်သည့်အူကြောင်ကြွက်လေးပင်ဖြစ်လေသည်။

ချစ်ခြင်းတည်စေWhere stories live. Discover now