02

171 34 1
                                    

<unicode>

'' လုစ်...မင်းတို့သခင်လေးအတွက် မြင်းလှည်းပြင်ထားလိုက် ''

အရိုအသေပေးပြီး ထွက်သွားတဲ့လုစ်ကို မျက်လုံးဝေ့ကာ တစ်ချက်ကြည့်ပြီးနောက် Alexanderအိမ်ကြီးရှင်သခင်၏ မျက်ဆံနက်တွေက အလိုမကျစွာဖြင့် Kyungsooဆီသို့ ရောက်သွားလေသည်။

'' မင်းကဘာဖြစ်နေတာလဲဘေဘီ ''

'' သူများအိမ်ကို စာသွားသင်မှာလေ ငါက။ မြင်းလှည်းနဲ့ဆို အရမ်းကြီးကျယ်ရာ ရောက်သွားမှာစိုးလို့ ''

အိမ်ကြီးရှင်၏ နှခမ်းပါးတို့က တင်းတင်းစေ့ပိတ်လျှက်။

'' ဘေဘီ...မင်းကသူများအိမ်ကို စာသွားသင်မှာ ကျွန်သွားခံမှာမဟုတ်လို့ ဒီထက်မကတောင် ကြီးကျယ်ခမ်းနားနေသင့်တာ ''

'' ဒါပေမယ့်ငါက သာမန်လူတစ်ယောက်အနေနဲ့ပဲ သွားချင်တာလေ ''

Alexander၏ သက်ပြင်းမောတို့က ဒီမနက်တင် ဘယ်နှကြိမ်​ေမြာက်မှန်းမသိ ချမိနေချေပြီ။ Kyungsooပါးစပ်က ထွက်လာသမျှ ရိုးရိုးရှင်းရှင်း စကားလုံးတို့က သူ့အတွက် မလွန်ဆန်နိုင်သည့် ချုပ်ကွင်းမိရာလို ဖြစ်နေတော့လည်း ငြင်းပယ်လေဖို့ အခက်သား။

'' မသိစေချင်ရင် မသိစေရဘူး။illiamအိမ်တော်မရောက်ခင် လှည်းရပ်ပေးလိမ့်မယ်။ ငါ့အကာအကွယ်မပါဘဲစ်ယောက်တည်း သွားချင်တာဆိုရင်တော့ ခုကတည်းက စာသွားသင်ဖို့ လက်လျော့ထားလိုက်တော့! ''

'' ရတယ်..ရတယ်..ဖြစ်တယ် ''

အလိုမကျစွာ ခပ်ဆတ်ဆတ်ထွက်လာတဲ့ Kyungsooရဲ့စကားသံ။

'' ကိုကို့အပေါ် ဒီလိုလိမ္မာမှာပေါ့ ဘေဘီရ ''

Alexander၏ မိမိကိုယ်ကို ''ကိုကို''ဟူ​ေသာ အသုံးအနှုန်းကြောင်​့့ yungsooက မနက်စာစားနေရင်း မျက်လုံးထောင့်ကပ်ကြည့်ကာ အိမ်ကြီးရှင်ကို ခပ်တိုးတိုးဆဲလေတော့သည်။

အားရပါးရ ရယ်ချလိုက်တဲ့ Alexander၏ ချိုမြတဲ့ရယ်သံလွင်လွင်အောက် Leo၏ ဩရှရှရယ်သံဖြဖြဟာ ကပ်ညိလိုက်ပါလာလေလျှက်....။

•°•°•°•°•

Williamအိမ်တော်ရှေ့ ခြေချလိုက်ပြီးနောက် မလှမ်းမကမ်းက သစ်ပင်အိုကြီးနောက်မှာ ရပ်ထားတဲ့ မြင်းလှည်းဘေးမှာ ရပ်နေတဲ့လုစ်က အခုထိသူ့ကို ရပ်ကြည့်နေဆဲပင်။ အိမ်တော်ထဲဝင်သွားသည်အထိ လုစ်ကသူ့လုံခြုံရေးကို အကဲခတ်ရင်း ကြည့်နေအုံးမယ်ဆိုတာ ထပ်ပြီးလှည့်မကြည့်လည်း သိနေပါသေးသည်။

🄱🄴🅻🅸🅴🅅🄴Where stories live. Discover now