အပိုင်း (၁၀) Unicode

94 13 0
                                    

အိမ်ကြီး သည် ရှေးဟောင်းဆိုတာထက် အနုပညာဆန်လွန်းလှသည်။
အခန်းထဲမှ လူတစ်ဦး ထွက်လာလေသည်။

“ ဟော..မောင်တခေတ်မင်း တို့တောင် ရောက်နေပါပြီ ကော ..ဆရာကြီး ခါးလေးပြန်ကိုက်လာလို့နောက်ကျသွားတယ် ကွယ် ”

ဆရာကြီးသည်အခန်းထဲမှ ဒုတ်ကောက်လေးထောက်၍ထွက်လာလေသည်။

“မကြာသေးပါဘူးဗျ ..ကျွန်တော်တို့လည်းခုမှ ရောက်တာပါဗျ ”

ဒေါက်တာတခေတ်မင်း သည် ရိုကျိုးစွာဖြေလိုက်သည်။

“ လာရင်း ကိစ္စက ပြဇာတ်အကြောင်းလို့တော့ မောင်တခေတ်မင်း ပြောထားတယ် ..ဟုတ်သလား..ဒါနဲ့ ဒီဘေးက လူငယ်လေးက ”

မိုးနှောင်းယာ အားကြည့်၍ ဆရာကြီးက မေးလိုက်လေသည်။

“ ဪ ..ဟုတ်ကဲ့ ဆရာကြီး ..သူက ကျွန်တော်ပြောထားတဲ့ ပြဇာတ် ကိုဦးစီးမယ့်သူပါဗျ ..”

ဒေါက်တာ တခေတ်မင်းသည် မိုးနှောင်းယာအားညွှန်ပြ၍ လာရင်းကိစ္စနှင့်ပါ ပြောလိုက်လေသည်။

“ တွေ့ရတာ တကယ်ကို ဝမ်းသာပါတယ်ဆရာကြီး..ကျွန်တော်က ယခုကမယ့်ပြဇာတ်ရဲ့ ဦးစီးသူပါ ..မိုးနှောင်းယာ လို့ခေါ်ပါတယ်ဗျ ”

မိုးနှောင်းယာသည် ချိုသာသောအပြုံးလေးဖြင့်ဆရာကြီးအား ပြန်လည်ဖြေကြားလိုက်သည်။

“ အေ့ကွယ် ...ငယ်သေးတာပဲ ..နို့ ဆိုစမ်းပါဦး..ဘယ်လိုပြဇာတ်ကို ကချင်သလဲ မောင်မိုးနှောင်းယာ ”

“ ကျွန်တော် ရာမယန ဇာတ်တော်ထဲကမှ ဒဿဂီရိ နဲ့ သီတာဒေဝီတို့ အချေအတင်စကားပြောခန်းလေးကို က ချင် ပါတယ်ဗျ ”

ဧည့်ခန်းပေါ်မှ ချိတ်ထားသော ပန်းချီကားကိုကြည့်၍ ပြန်ဖြေလိုက်လေသည်။

“ ဒါဆို ချစ်ရေးဆိုတဲ့အခန်းပေါ့  ...ဒဿဂီရိရဲ့အချစ်ကို ဖော်ပြတဲ့အခန်းပေါ့ ”

ဆရာကြီးသည် အရွန်းဖောက်စွာပြန်ပြောလာလေသည်။

“ဟုတ်ပါတယ် ဗျ ..”

“ ဇာတ်ကမယ့် သူတွေရယ် ..ဇာတ်လမ်းရယ်ကိုက မောင်မိုးနှောင်းယာတစ်ယောက် လေ့လာပြီးပြီလားကွဲ့ ”

မိုးနှောင်းတစ်ရာ (Ongoing)Where stories live. Discover now