1

16 1 0
                                    

ငါတို့အကြောင်းကို စပြောပြရမယ်ဆိုရင်တော့
ဒီကနေပေါ့ကွာ.....
သာယာတဲ့ မနက်ခင်းလေးတစ်ခုမှာ
ခလော....ခလူး....ခလော....
သရေတွေကျနေပြီးခေါင်းက ခြေရင်းကိုရောက်နေကာ ဖရိုဖရဲတွေကိုဖြစ်လို့
နောက်တော့ 7:00ထိုးသွားသည်။
မျက်စိဖွင့်လာပြီး လက်ဖြူဖြူဖွေးဖွေးလေးက လက်ကိုတန်းပြီး အာသန်းလျက် အကျောဆန့်လိုက်သည်။
"သား ထတော့လေ မင်း မူကြိုသွားရတော့မယ်
ပြင်ဆင်ရအောင်"  "အွန်း..အမေ"
ထိုကောင်လေးသည် အိပ်ရာ မှထပြီး မျက်နှာသွားသစ်လိုက်သည်။ အရင်ဆုံး အိပ်ရာမှထသည်။ ပြီးနောက် အိမ်ခေါင်းရင်းက ရေအိုးစဥ်သို့သွားပြီး မျက်နှာသစ်သွားတိုက်လိုက်သည်။
အိမ်ခန်းထဲသို့ဝင်ပြီး သူ့အမေကို သနပ်ခါးလိမ်းပေးဖို့ ပြောသည်။
အမေ့ သားကို သနပ်ခါးလိမ်းပေးရအုံးမှာ
"အော်အေးအေး ဒီဘက်ကိုလာ" သနပ်ခါးသွေးပြီးလိမ်းပေးပြီးနောက် အင်္ကျီကို လဲဝတ်သည် ပြီးနောက် အိမ်အပေါ်ထက်တတ်သို့သွားပြီး
အဖိုးကိုတွေ့တယ်။ အဖိုးက "အယ် ငါ့မြေးလေးက တယ်ချောနေရောလား လာပါအုံး သေသေချာချာ ကြည့်ရအောင် မနက်စာဘာစားမလည်း"
"အမ် သားကထမင်းနဲ့ခရမ်းချဥ်သီးကြက်ဥကျော်စားချင်တယ် "
"ငါ့မြေးလေးသဘောအတိုင်းဘဲ
ဟေ့ ငါ့မြေးက ထမင်းနဲ့ခရမ်းချဥ်သီးကြက်ဥကျော်တဲ့ လုပ်ပေးလိုက်"
ထို့နောက် မီးဖိုချောင်သို့သွားပြီး
"ဖွားဖွား သား ခရမ်းချဥ်သီးကြက်ဥကျော်နဲ့ထမင်းစားချင်တယ်"
"ဟုတ်ပါပြီ"
"ဟေ့ကောင် အစောကြီးနိုးနေတာပါလားကွ"
သူရဲ့ဦးလေးမှစကားပြောခြင်းဖြစ်သည်။
"ဟုတ်တယ်မူကြိုသွားမလို့ "  "‌ေအ်ေ‌ေအးအေး"
ထို့နောက် သူမူကြိုသို့ သွားလေသည်။
( ကျော်ခွမယ်နော် မူကြို အကြောင်းတွေက သိပ် မရေးချင်လို့ ထုံးစံအတိုင်း မနက်ခင်းကိုစာသင်တယ် နေ့လယ်ကို ထမင်းကျွေးတယ် အိပ်ခိုင်းတယ် ပြန်နိုးလာတော့မုန့်ကျွေးတယ် ပြီး‌ေတာ့ အိမ်ပြန်ခိုင်းတယ် ဒါပါပဲ)

မူကြိုမှအိမ်ပြန်ခံနီးသို့ရောက်သောအခါ
မူကြိုဆရာမက "သား ကို အိမ်ကလာမခေါ်တော့ဘူးတဲ့ ဒီမှာဘဲနေခိုင်းမှာတဲ့"
"ဘားမှဟုတ်ဝူး ဆရာမရှောက်ပြောနေတာသိတယ်"
"တကယ် ပါဆို ခနကဖုန်းဆက်ပြီးပြောတာ"
"အာ ဆရာမလိမ်တာ အိမ်ကလာခေါ်မှာပါဆိုနေ"
အဲ့လိုပြောပြီးငိုတော့သည်။( ကိုယ်တွေလည်းစခံရဘူးတာ မူကြိုဆရာမတိုင်းကဘဲ ချစ်စရာလေးဆိုပြီး ငိုအောင်စတာ ခံစားရတဲ့လူ ကတကယ်ထင်ရော 🥹)
နောက်တော့ သူ့ရဲ့အိမ်သားတွေလာခေါ်တော့မှ အငိုတိတ်သည်။
နောက်မူကြိုပိတ်ရက်ရောက်သော် ...
( မိတ်ဆက်ပြီနော်)
/ဟယ်လို သားနာမယ်က စောလှဝန်းမောင်ပါ။
တစ်ဦးတည်းသောသားပါ။ မောင်နှမလိုချင်ပေမဲ့ အမေက မင်းတစ်ယောက်တည်းနဲ့ကို ပတ်ချာလည်နေတာ နောက်တစ်ယောက်ဆိုမရတော့ဘူးတဲ့ အဲ့တာကြောင့်ထပ်မမွေးပေးတော့ဘူး။ ‌အ‌ေဖာ်မက်တတ်တဲ့အကျင့်ရှိတော့
သားက လိမ်မာလွန်းလို့လူတိုင်း ဝိုင်းချစ်တာခံရပါတယ်  ဒါပေမဲ့ ဟိုအကိုက သားကိုမချစ်ဘူး
အမြဲရုပ်တည်ကြီးနဲ့လေ သူကသားထက်  နှစ်နှစ်ဘဲကြီးတာကို အရမ်းချေတာ ထားပါတော့
သူက သားရဲ့အိမ်နားကလေ ခန့်သျားသွေးတဲ့
နာမယ်က ဆန်းတယ်မလား နာမယ်က ဆန်းတယ်ဆိုပေမဲ့ လူက အေးတိအေးစက်ကြီးလေ
သားက အသက်7နှစ်ပါ အကိုက အသက်9 လေ သူက သုံးတန်းတတ်နေပြီ။ သားက နောက်တစ်ပတ်မှသူငယ်တန်းစမှာ အဲ့တော့အရမ်းငယ်တာပေါ့ အကိုက 2001ဖွားလေ ကျတော်က 2003 ငယ်တယ်ဆိုတာ သိပါတယ် ဟင်းးးး
အခုတော့ ကျတော် အကို့ဆီ သွားလည်လိုက်အုံးမယ်နော် /
"ဖွားဖွား ကျတော်ဟို ဟို အကိုခန့်သျားသွေးဆီသွားချင်လို့  ရလား"
"အေးအေး အဲ့ကလွဲပြီးရှောက်မသွားနဲ့နော်"
"ဟုတ်"
(သျားသွေးအိမ်နဲ့ စောလှဝန်း အိမ်က နီးတယ်နော် ခြေသုံးလှမ်းဘဲလျှောက်ရတာ ဘေးခြင်းကပ်ရပ်)
"ဗျို့ အဖိုးသွေး ကျတော် လာတယ် တံခါးဖွင့်ပေးပါအုံး "
"အေး မြေးလေး ခန့်ဆီလာတာလားကွဲ့ "
ဟုတ်"
"အပေါ်ထပ်ကသူ့အခန်းမှာ ရှိတယ်မြေး တက်သွားလိုက်"
"ဟုတ် ကျတော်သွားပြီနော်အဖိုး"
"အေးအေး"
"အကိုရေ အကို ကျတော်တက်လာပြီ"
ကျွီ...............
^တံခါးဖွင့်သံ^
"ဘာလာ လုပ်တာလည်း စောလှဝန်းမောင်"
"ဟို ဟို ဒီတိုင်း လာကစားတာ အကိုခန့်သျားသွေးရေ"
"အော် "
"ဝင်လာလို့ရမလား အကို"
"အင်း"
"အကို ကျတော်နဲ့ကစားရအောင်"
" ကစားတာက ကလေးတွေလုပ်တာ လူကြီးတွေက မကစားဘူး"
"အကိုက လူကြီးဟုတ်ဘူးလေ ကလေးပဲကို
လာပါ ကျတော်တစ်ယောက်တည်းပျင်းနေလို့ကို"
"ပျင်းရင် ဟိုမှာ TVတွေ့လား"
"အွန်း တွေ့တယ် "
"စွန်းဝူခုန်း သွားကြည့်"
" အာ မကြည့်တော့ဘူး အိမ်မှာလည်း စွန်းဝူခုန်းခွေအစုံလိုက်ရထားလို့ ခနခနကြည့်နေတာ
အလွတ်တောင်ရပြီ"
"အော် အဲ့တာဆိုဘိုဘိုကြည့်လေ"
"ကစားချင်လို့လာတာကိုဘာတွေပြောမှန်းသိဘူး"
" ဟန့် ငိုလိုက်မှာနော် ကစားပေးပါဆိုနေ"
" အဟက် ငိုလိုက်လေ"
"ငိငိ"
"မညစ်ပတ်နဲ့လေအကိုက အနိုင်ကျင့်တာ အဖိုးနဲ့တိုင်မှာ ဟွန့် "
"သွားတိုင်လေ တိုင်လည်း မကစားဘူး"
"အကိုက အမြဲအဲ့လိုဘဲ ကာတွန်းကားကြည့်မယ် ဖွင့်ပေး"
"အဲ့လိုမှပေါ့ စောလှဝန်းမောင်က လိမ်မာပါတယ်"
"ဟွန့်"
----------------------------------------------
ည ရောက်ပြီမလို့ အိပ်ပါတော့မယ်
good night နော် 💖🥱 (๑>ᴗ<๑)  တိုသွားတာတော့ခွင့်လွတ်ပါ အရမ်းအိပ်ချင်နေလို့🤧

 My  man is so cuteʕ→ᴥ←ʔ (ငါ့လူကြီးက ချစ်ဖို့အရမ်းကောင်းတယ် )Nơi câu chuyện tồn tại. Hãy khám phá bây giờ