4E 143

6.8K 534 82
                                    

// Uni //


ခမ်းနားကြီးကျယ်တဲ့ လက်ထပ်ပွဲကလေး ကျင်းပအပြီးမှာ မင်္ဂလာမောင်နှံဟာ နှစ်ကိုယ်တူ ဘဝခရီးကို သေဆုံးသည့်တိုင်အောင် တစ်ဦးအပေါ် တစ်ဦး သစ္စာရှိစွာ နားလည်မှု အပြည့်နဲ့ ဘဝတစ်ခုလုံးကို ဖြတ်သန်းရမှာပဲ မဟုတ်လား။

ချည်နှောင်ခြင်းတွေက ခိုင်မြဲမဲ့ နှောင်ကြိုးတွေဆိုရင်  မပြတ်တောက်ဖို့ ကြိုးစားပစ်မယ်။

ဤအရာဟာ သူ မျှော်လင့်ထားတဲ့ အရာဆိုပေမဲ့ သူလက်ထပ်ထားတဲ့ ဒီအမျိုးသားကရော သူ့အပေါ်မှာ ချစ်ခင်စိတ်ကလေးများ ရှိသေးရဲ့လား ဆိုတဲ့ သိမ်ငယ်စိတ်ကလေးက ဝင်မိ၏။

အတ္တကြီးတယ်လို့ ‌ဆိုချင်ဆိုပါစေ။ သူ ချစ်မြတ်နိုးရတဲ့ အမျိုးသားကို ပိုင်ဆိုင်ရမှ သူ ရတက်အေးမည်။ တစ်ဖက်က သူ့အပေါ်မှာ အမြင်မကြည် အမုန်းပွားနေရင်လည်း မတတ်နိုင်တော့ပေ။

" ကုဝေ "

အဖြူရောင် အနောက်တိုင်း Suit ဝတ်စုံနဲ့ ချောမောလှပသော အမျိုးသားက သူတို့ မင်္ဂလာဦး အိပ်ခန်းကလေးထဲသို့ ဝင်ရောက်လာတော့ စိတ်လှုပ်ရှားစွာ ဤလူရဲ့ အမည်ကို တိုးလျလျကလေး ခေါ်လိုက်မိလေသည်။

" ကျွန်တော်ကို ရှောင်းကျန့် လို့ပဲ ခေါ်ပေးနိုင်မလား ဝမ်သခင်လေး "

ချစ်ရသူက မျက်နှာပျက်စွာ အလိုမကျ ပြောလာတော့ ရိပေါ် ရင်ထဲ ထိတ်သွားရလေတယ်။

" အာ... ဟုတ်သားပဲ။ ကိုယ်မေ့သွားတယ်။ မင်း စိတ်မဆိုးပါဘူးနော် "

ရိပေါ် စိုးထိတ်စွာ ဖြေရှင်းချက် ထုတ်လိုက်ရလေသည်။

သူ ချစ်ရတဲ့ ကုဝေ။ ဒေါက်တာကုဝေက သူတို့ လက်ထပ်ပွဲနား နီးမှ သူ့နာမည်ကို ရှောင်းကျန့် လို့ ပြောင်းပေးဖို့ တောင်းဆိုလာသဖြင့် ရိပေါ်လည်း မငြင်းမိပေ။

သို့ပေမဲ့ ရိပေါ် နားမလည်နိုင်ဘူး။ ကုဝေ ဆိုတော့ ရှောင်းကျန့် ကရော မျိုးရိုးမတူဘူးမဟုတ်လား။

4E 143 ( ZSWW One Shot )Where stories live. Discover now