Part~8

1.8K 92 4
                                    

                ချစ်ခြင်းမေတ္တာ‌ေတွဆန်းကြယ်လိုက်ပုံများကွယ် တူညီတဲ့၀င်ရိုးစွန်းတစ်ဖက်ထဲမှာရှိတဲ့လူနှစ်ယောက်က အလွှာအားဖြင့်ကွာခြားပြီးမတူညီတဲ့၀င်ရိုးစွန်းတစ်ဖက်ကကောင်လေးငယ်တစ်ယောက်ကို အမြတ်တနိုးချစ်မိသွားကြသတဲ့....။

"အစ်ကို ပဲခူးကနေပြန်လာတာလားဟင်.."

        အမောင်၏အမေးကိုမဟာကကြိုသိထားပုံပင်။နှုတ်ခမ်းတွန့်ရုံတစ်ချက်ပြုံးလိုက်ပြီး...

"ဟင့်အင်း....ပြန်မသွားတာ"

"ဘာလို့လဲဟင်"

"အချစ်ရှိရာအရပ်မှာပဲ ကိုယ်ကနေချင်တာလေ"

               မြွေမြွေချင်းခြေမြင်သည်ဆိုသောစကားအတိုင်း ထိုစကား၏အတိမ်အနက်ကိုတော့အဂ္ဂ‌သိနှင့်ပြီးဖြစ်သည်။အမောင်ကတော့  မဟာ့စကားကိုနားလည်သွားသည့်ဟန်ဖြင့် တစ်ချက်ရယ်လိုက်ပြီး ခေါင်းညိမ့်ကာ...

"ဪ သိပြီသိပြီ...အစ်ကိုကပုဂံသူမိန်းကလေးချောချောလေးတစ်ယောက်တွေ့ထားပြီဆိုပါတော့"

"ခွီးးးး"

           အမောင်၏မေးခွန်းဆန်ဆန်စကားကြောင့် အတူထိုင်နေသော သုတမှာခွီလေတော့သည်။အဂ္ဂမှာရယ်ချင်နေသော်လည်းမရယ်ဖြစ်။မဟာသည်ကား အောင့်သက်သက်ဖြင့်သာ အမောင်၏ရွှေဉာဏ်တော်စူးရောက်မှုကိုကြိတ်၍ချီးမွမ်းထောပနာပြုလေတော့သည်။

*ဒီကောင်လေးဟာလေ ရေလာအောင်မြောင်းဖောက်ပြီး လာပါရေစီးပါလို့ခေါ်နေတာတောင် ကွေ့ပတ်သွားတယ်။တကယ်တုံးချက်ကလေ ဘယ်လိုမှကိုသွေးမရတဲ့အထိပဲ။

***

"အမေ ကျုပ်ကိုပိုက်ဆံသုံးသောင်းလောက်ပေးစမ်းဗျာ"

"ဟဲ့ အဲ့လောက်အများကြီးဘာလုပ်ဖို့လဲ"

"ဖဲရိုက်မလို့...အမေးအမြန်းထူလိုက်တာဗျာ..။ပေးမှာလားမပေးဘူးလား ပြော"

"စက်ရောင်ရယ် ငါကအဲ့လောက်အများကြီးဘယ်ကရမှာလဲဟဲ့..။နင်ကလဲအားနေ အလုပ်လေးဘာလေးလုပ်လေ..အလုပ်မရှိအကိုင်မရှိ ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ယောင်ခြောက်ဆယ်ဘ၀နဲ့ပဲနေတော့မှာလား.."

ချစ်ခြင်းတည်စေWhere stories live. Discover now