part 2

2.1K 163 12
                                    

Believe it or not (part 2)

ရိပေါ သူကိုပေးထားတဲ့ အခန်း အဝတ်အစားတွေနဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေကို နေရာ ချလိုက်တယ်.....

နောက်ဆုံး ရိပေါ အိတ်ထဲကနေ ထုတ်ယူလိုက်တဲ့ Dinary စာအုပ်အပြာအုပ်လေး တစ်အုပ်.....

ရိပေါ ထိုစာအုပ်လေးကို ဖွင့်ကာ ရေးချလိုက်တဲ့ စကားလုံးလေးက.......''မောင်''တဲ့...

ရိပေါရဲ့ မျက်လုံးထဲက အရည်ကြည်လေးတွေ ပါးပြင်ပေါ် တစ်လိပ့်လိပ့် စီးဆင်းတယ်...

သူအတွက် အဖိုးမဖျက်နိုင်တဲ့ အတိတ်နေ့များဆီကို ပြန်သတိရမိတယ်...သူနဲ့ မောင်ရဲ့ အတိတ်နေ့များဆီကိုပေါ့....

Flash back

ကျောင်းထဲကို ဝင်လာတဲ့ မျက်မှန်လေးနဲ့ ကောင်လေးတစ်ယောက်....ခပ်ဝဖိုင်ဖိုင် ခန္ဓာကိုယ် လေးနဲ့ ကောင်လေးက သူလက်ထဲက ရေခဲမုန့်လေးကို အငမ်းမရစားသောက်နေတယ်....နောက်လက်တစ်ဖက်က လည်း Bagar ကို ကိုင်ထားသေးသည်...ထိုကောင်လေးကတော့ အခြားသူမဟုတ်..အစားကြိုက်သူ  အထက်တန်းဒုတိယနှစ်ကျောင်းသား ရိပေါပင်.....

ရိပေါက အစားအသောက်ကောင်းတွေကို စားရတာ.သိပ့်ကြိုက်သူပင် ထိုကြောင့် သူခန္ဓကိုယ် လေးက ပေါင် ၁၃၅ ပေါင်လောက်တော့ရှိသည်......အစားသောက်တွေစားရရင် ပျော်ရွှင်နေတက်တဲ့ ရိပေါရဲ့ အပျော်တွေက ခဏတာမှာ ပျောက်ကွယ်သွားရတယ်....အဲ့ဒါက ကျောင်းဒေါင့်ချိုးနားမှာ တွေရတဲ့ ကျောင်းရဲ့ ဆိုးသွမ်း အုပ်စုတစ်စုကြောင့်....

.....ဟေ့ ဝမ်ဝက်.....အဲ့လောက်ဝတုတ်နေတာတောင် အဲ့လောက် စားသောက်နေမှတော့ ဝနေတာစမ်းမလား

ရိပေါ ဝါးလတ်စ မုန့်လေးပင် မမြိုချနိုင်အောင် ထိုအုပ်စုကို ကြောက်ပါသည်...ထိုလူဆိုးကောင် အုပ်စုက ရိပေါကို ခဏခဏ အနိုင်ကျင့်သည်..ရိပေါရယ်ကိုမှ ကျောင်းက လူတော်တော်များများ သူတို့နဲ့ မတွေ့မိအောင်ရှောင်ကျသည်...အခုတော့ ရိပေါလေးကံမကောင်းပါ.ချွေးသီးချွေးပေါက်လေးတွေပါ မျက်နှာ မှာစိုစွတ်ကုန်တယ်.....

.....မင်း က မုန့်စားရတာကြိုက်တယ်ပေါ့လေ....

....အွန်း...

Believe it or not Zhanyi (zsww)(completed)حيث تعيش القصص. اكتشف الآن