Part~9

1.8K 84 4
                                    

      ဘာကိုမှဖမ်းဆုပ်မထားဘူး...မေတ္တာတရားရဲ့အခြားနာမည်တစ်ခုဟာ လွတ်လပ်ငြိမ်းချမ်းခြင်းဖြစ်တယ်။ကိုယ့်စကြ၀ဠာလေးက ကိုယ့်ထွက်ရပ်လမ်းပဲ...။ရေအဆုံး မြေအဆုံး ကောင်းကင်အဆုံး အချစ်နဲ့ဖုံးမယ်။

(A/N ဒီစာပိုဒ်ကလေးက "ညီမလေး စကြ၀ဠာ"ဆိုတဲ့စာအုပ်လေးကနေ ကူးယူဖော်ပြထားတာဖြစ်ပါတယ်။)

*****
"သွားကြမယ် လွန်း"

*ဘယ်လို လွန်းတဲ့လား။နွေးထွေးလိုက်တာလေ။ဘယ်သူမှ ဒီလိုကာကွယ်မပေးခဲ့ဖူးဘူး။ငါ့ရဲ့သူရဲကောင်းလေး။အို ငါရင်တွေခုန်နေပါလား။

            အမောင် သူ့လက်ကိုဆွဲပြီး လူမဆန်သောလူများနှင့်ဝေးရာအရပ်ကိုဆွဲထုတ်လာသော ‌ကျောပြင်ကျယ်ကိုကြည့်ပြီး၀မ်းနည်းလာရသည်။ရှင်သန်ခဲ့ရာကာလတလျှောက် သူ့ကိုဘယ်သူကမှဒီလိုမကာကွယ်ပေးခဲ့ဖူးပေ။

      တစိမ့်စိမ့်စိုက်ကြည့်နေရင်း မြတ်နိုးမိလာသည်။ရင်ခုန်လာရသည်။အားကိုးချင်လာရသည်။သူ့ဖြစ်တည်မှုသည် ယောက်ျားတစ်ယောက်ဖြစ်သည့်အတွက် အကယ်၍ချစ်မြတ်နိုးမိခဲ့ပါလျှင် အမျိုးသမီးတစ်ယောက်ကိုသာ ချစ်ရမည်။လိင်တူမဖြစ်ရ။သူ့ခံယူချက်ကား ဤအတိုင်းဖြစ်သော်လည်း မိန်းမတစ်ယောက်ကိုရင်မခုန်မိဘဲ လိင်တူယောက်ျားတစ်ယောက်ကိုမြတ်နိုးမိပါက သူ့ဖြစ်တည်မှုကိုမုန်းမိလိမ့်မည်။

              သူ့လက်ကိုကိုင်ဆုပ်ထားသော လက်တစ်စုံထံမှ နွေးထွေးမှုကိုခံစားရသည်။ထိုလက်၏နွေးထွေးမှုကိုဆက်လက်ခံယူရန်မသင့်တော့။ကြာရင် ရင်ခုန်သံ‌များကိုထိန်းမရဖြစ်လိမ့်မည်။ယခုပင်လျှင် ဘယ်ဘက်ရင်အုံမှအကောင်ငယ်လေးက အလိုက်မသိစွာခုန်ပေါက်နေသည်။

          တစ်နေရာအရောက်တွင် အမောင်သည် သူ့လက်ကိုဆုပ်ကိုင်ထားသောလက်ကိုပုတ်ချလိုက်သောအခါ ထိုသူ၏ခြေလှမ်းများရပ်တန့်သွားပြီး....

"လွန်း... ဘာဖြစ်လို့လဲ"

ခင်ဗျားကိုချစ်မိမှာစိုးလို့ လို့သူမဖြေမိပါ။ထွက်လာရသည့်စကားက အဂ္ဂကိုနာကျင်စေသည်လား.....

"ခင်ဗျားနဲ့ကျွန်တော်ကဘာဆိုင်လို့ ကျွန်တော့်လက်ကိုဆွဲလာရတာလဲ"

ချစ်ခြင်းတည်စေWhere stories live. Discover now