ညို့နိုင်လွန်းတဲ့ သူ Part (48) U/Z

1.8K 53 6
                                    

              🍑ညို့နိုင်လွန်းတဲ့ သူ...🍑

                            အပိုင်း  (48)

🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑

" ကိုယ်သွားတော့မယ်။တစ်ခုခုဆိုရင် ချက်ချင်း
ဖုန်းဆက်လိုက်နော်။အရေးကြီးတဲ့ ကိစ္စဆိုရင်
ရောက်တဲ့ နေရာကနေ ချက်ချင်း လှည့်ပြန်လာခဲ့မယ် "

" ချက်ချင်း ပြန်လာရအောင် ဦးတိုင်း အလုပ်က
ကိုယ်သွားချင်တဲ့အချိန် ပြန်ချင်တဲ့အချိန် ပြန်လို့
သွားလို့လည်းရတာ မဟုတ်ဘဲနဲ့... "

" အိမ်မှာ ဖြစ်နေတဲ့ ကိစ္စကကြီးရင် သွားနေတဲ့
အလုပ်ကိစ္စကို သူများနဲ့ လွဲထားပြီး ပြန်လာခဲ့မှာ
ပေါ့။ကိုယ့်အတွက် မိသားစုလောက် ဘယ်အရာကမှ အရေးမကြီးဘူး "

" မဟာ က စကားအဖြစ်ပြောတာပါ။အိမ်မှာ ဘာ
ကိစ္စမှ မရှိအောင် မဟာ နေမှာပါ။ဦးတိုင်းကသာ
ကားကို ဂရုစိုက်ပြီး မောင်းပါ။ခရီးသည်နဲ့ ကားမောင်းမှာက ပထမဆုံးဆိုတော့... သတိပိုထားပြီး
မောင်းပါ "

" အင်း။ ဆေးခန်းဖွင့်ဖို့ ပြင်ဆင်တာ အဆင်မပြေတာရှိရင် ကိုယ့်ကို ဖုန်းလှမ်းဆက်လိုက်။ကိုယ့်အသိတချို့နဲ့ ချိတ်ပြီး အကူညီပေးခိုင်းပေးမယ် "

" ဟုတ်ကဲ့ "

" မေမေ ကျွန်တော် သွားတော့မယ် "

" အေးအေး.. သား "

" မဟာ ကိုယ် သွားပြီ "

" အင်း။တာ့တာ "

သက္ကရာဇ် သူအား လက်ပြနူတ်ဆက်နေတဲ့ ချစ်ဇနီးလေးနဲ့ ယောက္ခမကို အပြုံးတစ်ပွင့်နဲ့ နူတ်ဆ
က်ပြိီး... ကားကို ဧည့်သည်ကြိုဖို့အတွက် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆီကို ဦးတည်ပြီး
မောင်းနှင်လိုက်သည်။

ဦးတိုင်းရဲ့ ကား အိမ်ရှေ့ကနေ မောင်းထွက်သွား
တော့မှ မေမေနဲ့အတူ အိမ်ထဲပြန်ဝင်လာခဲ့လိုက်သည်။

" သမီးမဟာ ခဏထိုင်ပါအုံး။မေမေ သမီးကို
မေးစရာ ရှိလို့ "

မဟာ မေမေထိုင်နေတဲ့ ရှေ့က ထိုင်ခုံလေးတစ်ခုမှာ ဝင်ထိုင်ပြီး...

" ဘာမေးမလို့ မေမေ "

" သမီးမှာ တစ်ခုခု ထူးခြားတာမျိုး မရှိဘူးလား "

ညို့နိုင်လွန်းတဲ့ သူWhere stories live. Discover now