ပုဂံမြို့ဟောင်း၏ညနေဆည်းဆာအောက်တွင် ဂစ်တာတစ်လက်ကိုင်ထားသောလူငယ်တစ်ယောက်နှင့် သူ၏ဘေးတွင်ပါလာသော ကောင်လေးတစ်ယောက်တို့သည် ဆည်းဆာကိုသာငေးလျက် တိတ်ဆိတ်နေကြပါ၏။ဂစ်တာကိုင်ထားသောကောင်လေးသည် သူ့ဘေးတွင်ပါလာသော တိုက်ခတ်လာေသာလေနုအေးလေးကိုခံယူလျက် ဆည်းဆာကိုသာငေးကြည့်နေသည့် ကောင်လေး၏မျက်၀န်းညိုတို့ကိုငေးကြည့်နေလေသည်။
လေနုအေးလေးတိုက်ခတ်လာသောအခါ ဆရာကြီးဒဂုန်တာရာ၏"လေနုအေးကနော့ဆဲကို"ဟူေသာစာသားကိုသတိရမိသည်။ဂစ်တာကိုင်ထားသောလူငယ်လေးသည်ကား သူ့ဘေးတွင်ရှိ သဘာ၀အလျောက်ဖြစ်တည်လာသောလူသားလေးအားမြတ်နိုးစွာငေးကြည့်နေသည်။
"လွန်း"အဂ္ဂ၏ခေါ်သံကြောင့် ဆည်းဆာကိုငေးနေရာမှ အမောင်လှည့်ကြည့်လာသည်။
"ပြောလေ အစ်ကိုအဂ္ဂ..."
"ကိုယ်တို့ပြသာဒ်ကြီးဘုရားကိုသွားကြမလား"
အမိန့်သံမပါ တောင်းဆိုခြင်းလည်းမမည်သော တိုင်ပင်သည့်သဘော။အမောင် သက်ပြင်းဖွဖွချကာ ခေါင်းညိမ့်ပြလိုက်သည်။ပြသာဒ်ကြီးဘုရားသို့ရောက်သောအခါ ပန်းရောင်းနေသောကလေးမလေးကိုတွေ့လိုက်ရသည်မို့...
"လွန်း ဘုရားပန်း၀ယ်အုံးမလား"
"ဟုတ်ကဲ့"
ပန်းရောင်းနေသော ကလေးမလေးက အလိုက်သိစွာသူတို့ဆီသို့လျှောက်လာသည်။လက်ထဲတွင် ပန်းမျိုးစုံကိုပိုက်ထားလျက် သနပ်ခါးအဖွေးသားနှင့်ကလေးမလေးသည် အလွန်ချစ်စရာကောင်းပါ၏။
"ကိုကြီးတို့ ပန်း၀ယ်ကြဦးမလားရှင့်"
အသံချိုချိုလေးကြောင့် အမောင်ရောအဂ္ဂပါပြုံးမိကြသည်။အမောင်က ကလေးမလေး၏လက်ထဲမှပန်းများကိုကြည့်လိုက်သည်။အဂ္ဂကို သမင်လည်ပြန်ကြည့်လိုက်ပြီး....
"ဘာပန်း၀ယ်ကြမလဲ အစ်ကိုအဂ္ဂ"
"နေကြာ"
"ဘာလို့နေကြာလဲ...တခြားပန်းတွေလဲရှိနေတာပဲဟာ"
"နေကြာတွေလို လွန်း ကိုယ့်အနားမှာကြာကြာနေပေးနိုင်ဖို့လေ...."
YOU ARE READING
ချစ်ခြင်းတည်စေ
RomanceSeme~အဂ္ဂခွန်းပိုင် Uke~ခန့်ညားလွန်းမောင် မိဘမဲ့တစ်ယောက်ဖြစ်တဲ့ ခန့်ညားလွန်းမောင်။အဒေါ်မိသားစုရဲ့နှိပ်စက်မှုဒဏ်ကိုအမြဲခံနေရပြီး မြေအိုးထမင်းဆိုင်လေးမှာအလုပ်လုပ်ရင်းဘုရားသမိုင်းတွေကိုရှင်းပြရတဲ့ကောင်လေးတစ်ယောက်။သူ့ဘ၀ရဲ့အမှောင်မိုက်ဆုံးအချိန်တွေမှာ ခရ...