dertien (13)

450 52 6
                                    

#Unicode

ဒီနေ့က ဂျောင်ကုပြန်ရန် တစ်လပြည့်ဖို့ နှစ်ရက်အလိုပင်။ ဒါကိုထယ်ယောင်းရော ဂျောင်ကုရောက သိနေကြသော်လည်း ဘယ်သူကမှ စကားမစဖြစ်ကြသေးပေ။ သို့သော် ထယ်ယောင်းကတော့ စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုကို အခိုင်အမာချထားဟန် တွေးစစနှင့် အိပ်ယာကနေ ထလိုက်သည်။ ဘေးကိုကြည့်လိုက်တော့ ဂျွန်ကရှိမနေ။ နာရီကိုကြည့်လိုက်တော့ မနက် ခုနစ်ခွဲနာရီပင် ရှိတော့မည်။ ဒါဆို ဆိုင်မှာရောက်နေလောက်ပြီ ဆိုသော အတွေးနှင့် ကိုယ်လက်သန့်စင်ခြင်းအလုပ်ကို ခပ်သွက်သွက်လုပ်ဆောင်ရတော့သည်။

ပြီးတာနဲ့ ဟိုနေ့က ဈေးကနေ သွားဝယ်ထားတဲ့ ပါဝင်ပစ္စည်းတွေကို ရေခဲသေတ္တာထဲက ထုတ်ပြီး lunch box ပြင်ခြင်း အမှုကို စတင်ရလေပြီ။ အမှန်တော့ ဟိုနေ့ကတည်းက ပန်းခြံတစ်ခုမှာ ဂျွန်နဲ့အတူ picnic ထွက်ချင်၍ ကြိုတင်ပြင်ဆင်ထားမိခြင်းဖြစ်သည်။ ဂျွန့်ကိုတော့ မပြောရသေး။

နာရီဝက်လောက်ကြာတော့ ကြက်သားနှင့် ထောပတ်သီးအရော အသားညှပ်ပေါင်မုန့်ရယ်၊ အချိုပွဲအတွက် ဒတ်ခ်ျရိုးရာမုန့်တစ်မျိုးဖြစ်တဲ့ မနေ့ကဝယ်လာတဲ့ချိစ်နဲ့လုပ်ထားတဲ့ Boerenkass Puffs ရယ်၊

အရမ်းကြီးမကျွမ်းသော်လည်း video တွေကြည့်ပြီးလုပ်ထားတဲ့ ကိုရီးယား Kimbap ရယ် စသဖြင့် မတူညီသောရိုးရာများ ရောယှက်နေတဲ့အစားအသောက်များက lunch box လေးထဲတွင် စီစီရီရီရှိနေသည်။ ထို့နောက် လတ်လတ်ဆတ်ဆတ် ပန်းသီးများကို အခွံနွှာကာ blender ထဲတွင် ထည့်ကြိတ်လိုက်ပ...

Hoppla! Dieses Bild entspricht nicht unseren inhaltlichen Richtlinien. Um mit dem Veröffentlichen fortfahren zu können, entferne es bitte oder lade ein anderes Bild hoch.

အရမ်းကြီးမကျွမ်းသော်လည်း video တွေကြည့်ပြီးလုပ်ထားတဲ့ ကိုရီးယား Kimbap ရယ် စသဖြင့် မတူညီသောရိုးရာများ ရောယှက်နေတဲ့အစားအသောက်များက lunch box လေးထဲတွင် စီစီရီရီရှိနေသည်။ ထို့နောက် လတ်လတ်ဆတ်ဆတ် ပန်းသီးများကို အခွံနွှာကာ blender ထဲတွင် ထည့်ကြိတ်လိုက်ပြီး ပန်းသီးဖျော်ရည်ကို ဘူးလေးနဲ့ ထည့်လိုက်သည်။ lunch box ပြင်ဆင်လို့ပြီးသွားတော့ အိတ်တစ်အိတ်နဲ့ထည့်ပြီး နေရာထိုင်ခင်းအတွက်အခင်းတစ်ခုကိုပါ အိတ်ထဲထည့်ကာ ဆိုင်အောက်ထပ်ကို ဆင်းလာလိုက်သည်။

The Destiny Found in Holland (Completed)Wo Geschichten leben. Entdecke jetzt