Episode-4

552 93 11
                                    

(Unicode)

"Jungwonဘာဖြစ်လို့လဲ"

Jungwonတယောက် လင်ဗန်းကြီးကိုင်လျက်ငေးနေမိစဥ် အနားရှိစားပွဲဝိုင်းမှကောင်မလေးက မေးလာတော့သည်။ Jungwonခမျထိုအခါမှ သတိဝင်လာကာ အမြန်ပြုံးပြလျက်ခေါင်းခါပြမိတော့သည်။ သူ့ခေါင်းပေါ်ရှိ ဆန်တာကလောစ့်ဦးထုတ်နီနီလေး၏ထိပ်ရှိ အမွေးပွအဖြူလုံးလေးကလှုပ်ခါလှုပ်ခါနှင့်။

"မျက်နှာလည်းမကောင်းပဲ တချိန်လုံးအတွေးထဲနစ်နေသလိုပဲ၊ တကယ်အဆင်ပြေရဲ့လားဟင်"

စိတ်ပူလျက်ထပ်မေးလာသော တခြားကောင်မလေးကြောင့် Jungwonအားနာမိသွားသည်။ သူ့ကြောင့်ဆိုင်လာသည့် ဧည့်သည်များစိတ်ပူနေရပြီ။

ထို့ကြောင့် ပါးချိုင့်လေးပေါ်အောင်ပင် အားပါးတရပြုံးပြလိုက်ပါသည်။

"စိတ်ပူပေးတာကျေးဇူးပါဗျ။ ဒါပင်မဲ့ ကျွန်တော်တကယ်အဆင်ပြေပါတယ်"

Jungwonပြန်ဖြေနေစဥ်တွင်ပဲ

"အလုပ်ထဲမှာအခက်ခဲရှိလို့လားJungwon။ တခုခုဖြစ်ရင်ကိုယ့်ကိုပြောလေ"

Jungwonကောင်မလေးတွေနှင့်စကားပြောနေလျှင် မလာမဖြစ်အမြဲအနားရောက်လာတတ်သူသည် ယခုလည်းထပ်မံအနားရောက်လာတော့သည်။

"Jay hyung"

Jayအားမြင်လိုက်တော့ Jungwonမျက်လုံးတို့ထဲ တနေ့ညနေခင်းကပုံရိပ်တို့ မဖိတ်ခေါ်ပါပဲဝင်လာလေသည်။

ထိုအခါ ချက်ချင်းဆိုသလိုပင် သူ့ခေါင်းအားပွတ်ပေးရန်လှမ်းနေသောJayလက်များအား Jungwonရှောင်မိလျက်သား​ဖြစ်သွားရသည်။

ထိုအခါ ကြောင်သွားသောJayနှင့်ကောင်မလေးများ။

"ဒီနေ့ဆံပင်သေချာပြင်လာတာမို့ ဆံပင်ကိုမဖွပါနဲ့"

Jungwonအခြေနေထိန်းသည့်အနေဖြင့် ထိုမျှသာပြောပြီး လှည့်ထွက်ခဲ့လေတော့သည်။ ကောင်မလေးတွေသည်ဘာမှသံသဃမဖြစ်သော်ငြား Jayကတော့Jungwonသွားရာနောက် လိုက်ကြည့်နေဆဲ။

ဒီကောင်လေးဘာဖြစ်တာပါလိမ့်...

*************************

"Hyungဒီမုန့်ကို စားပွဲနံပါတ်၃ကိုသွားချပေးပါ"

Ni-KiမှSunooအား လှမ်းပေးလိုက်ရင်းပြောလိုက်သည်။ သို့သော် Sunooလက်လှမ်းယူလေတော့ ချက်ချင်းဆိုသလိုပင် ပြန်ယူလိုက်ပြန်သည်။

EN'CafeWhere stories live. Discover now