Part-11

1.6K 104 13
                                    

ပုဂံမြေ၏နွေရာသီကညနေဆည်းဆာရောက်သည့်တိုင် အပူရှိန်ကလျော့သေးပေ။နေရောင်ကအလွန်ပူပြင်းလှသော်လည်း ဆိုင်လေးတစ်ဆိုင်အတွင်းရှိ တင်းကြပ်စွာဖက်ထားသောလူနှစ်ယောက်၏ခန္ဓာကိုယ်မှာတော့ အေးစက်တောင့်တင်းလျက်ရှိသည်။လူရွယ်တစ်ယောက်ကသူ့ရင်ခွင်ထဲရှိကောင်လေးအား တင်းကြပ်စွာဖက်ထားပြီးကျောလေးကိုပွတ်သပ်ပေးနေသည်။ရင်ခွင်ထဲမှကောင်လေး၏မျက်နှာလေးတွင် မျက်ရည်စီးကြောင်းတို့ဖြင့်ပြည့်လျက်။

"အွတ် အွတ်..."

ရင်ခွင်ထဲမှကောင်ငယ်လေး၏ကြို့ထိုးသံကြောင့် ခန္ဓာကိုယ်ချင်းခွာလိုက်သည်။မဟာသည် လူချင်းခွာလိုက်ပြီးဖြစ်သော်လည်း လက်တို့ကမူ သုတ၏ပုခုံးနှစ်ဖက်အားဆုပ်ကိုင်ထားသည်။

"ကောင်လေး ဘာဖြစ်တာလဲ..ကြို့ထိုးနေတာလား"

"ကြို့ထိုးနေတာမြင်ရဲ့သားနဲ့..... အွတ်!...... ကြို့ထိုးနေတာလားဆိုတော့.....အွတ်!.... မဟုတ်ဘူး ကျွန်တော်အသက်ငင်နေတာ...ရှင်းပြီလား.... အွတ်!"

ကြို့ထိုးနေတာတောင် နှုတ်ခမ်းစူကာရန်တွေ့နေသောအနှီကောင်လေးကြောင့် မဟာ ခွီခနဲရယ်‌လိုက်တော့ သုတ၏မျက်စောင်းက မဟာ့ဆီဒိုင်းခနဲရောက်လာသည်။

"ငလူးမသားကြီး -ီးဖြစ်လို့ရယ်နေတာလား... အွတ်!"

သုတဆီမှထွက်လာသော မေတ္တာသံကြောင့်မဟာဟန်မဆောင်နိုင်တော့ဘဲ ထရယ်လေသည်။

"ဟားးဟားး"

ဂွပ်!

သုတက သူ့ကိုလှောင်ရယ်ရကောင်းလားဆိုပြီး အနားတွင်ရှိသော လက်ဖက်ရည်သောက်သည့် ပန်းကန်လုံးနှင့်ထိပ်ကို ဂွပ်ခနဲ‌မြည်အောင်ခေါက်လိုက်ခြင်းပင်။

"အားလားလား သေပါပြီဗျာ။ ပေါက်စ ကိုယ့်ကိုဘာလို့ခေါက်တာလဲ"

"ခင်ဗျားကြီးက... အွတ်!... ကျွန်တော့်ကိုလာလှောင်နေတာလေ... ငလူးမသားကြီးရဲ့"

"မလှောင်ရပါဘူးကွာ.. ခွိ"

မလှောင်ဘူးဆိုပြီး ခွိခနဲထပ်ရယ်လိုက်သောကြောင့် သုတတစ်ယောက်ဆွေ့ဆွေ့ခုန်နေသည်။ပန်းကန်လုံးကိုယူပြီး မဟာ့ကိုခေါက်မလို့လက်ရွယ်စဉ်တွင် ကြားရသောအသံကြောင့် ပန်းကန်လေးကိုပြန်ချလိုက်လေသည်။

ချစ်ခြင်းတည်စေWhere stories live. Discover now