Part~12

1.5K 84 26
                                    

                  ညနေခင်းဆည်းဆာချိန်သည် ယခုတော့အကျည်းတန်လှစွာဖြင့် ကုန်ဆုံးရပေတော့မည်။နေ၀န်းနီနီသည်လည်း အနောက်ဂေါရာကျွန်းပေါ်တွင်မေးတင်၍အိပ်ပျော်သွားပေပြီ။

          သူ့ရှေ့မှ အကြင်လူသားလေးသည် ဒေါသအရှိန်ကအခုထိမပြေသေးဟန်ရှိသည်။ထိုလူသားလေးအား ဒေါသပြေလိုပြေငြား ခန္ဓာကိုယ်လေးကိုရင်ခွင်ထဲဆွဲသွင်းပြီး ကျောလေးကိုခပ်ဖွဖွပုတ်ပေးမိတော့ သူ့ကိုပိုတိုးလို့ဖက်လာလေသည်။

"ကိုယ် လွန်းအနားမှာရှိနေပါတယ်။ကိုယ့်ရှေ့မှာ သန်မာကြောင်းမပြလည်းဖြစ်တာမို့ စိတ်ကြိုက်ပြိုလဲလိုက်လို့ရပါတယ်။ဒီလူကယုံကြည်မှုအပြည့်အ၀ပေးထားမှာမို့ ကိုယ့်ကိုယုံကြည်ပြီး ပြိုလဲလိုက်ပြီးငိုချလိုက်လို့ရပါတယ်။ဒါပေမယ့်ကိုယ့်လက်တစ်စုံကရှိနေမှာမို့ ပြိုလဲပြီးတဲ့အခါ လွန်း ပြန်ထလာရမယ်နော်"

       အနှီလူသားငယ်လေးသည် သူ့ကိုရင်ခွင်ထဲမှမော့ကြည့်လာပါ၏။အချိန်အကြာကြီး စိတ်ခံစားချက်များကိုထိန်းချုပ်ခဲ့ဟန်ရှိသည်။မျက်၀န်းများသည် ပြိုတော့မည်မိုးလို ကြေကွဲနေ၏။မျက်၀န်းများက "သူ့ကိုယုံကြည်လို့ရပါသလား"ဟုမေးမြန်းနေသယောင်။

"ငိုချင်နေတယ်မလား။ငိုချလိုက်ပါ ကလေးရဲ့။ကိုယ်ရှိနေပါတယ်"

"ဟင့်! ဟီးးးဟီးးး....အစ်ကိုမဟာ့ကိုလေ ဟင့်! ကျွန်တော်သိပ်ယုံကြည်ခဲ့တာ...ဟင့်! ဘဘုန်းနဲ့ကြီးကြီးပြီးရင် ကျွန်တော့်အပေါ်အကောင်းဆုံးသူမို့...ဟင့်! ကျွန်တော်ကအရမ်းယုံကြည်ခဲ့တာ..အခုတော့ ဟင့်!...အစ်ကိုကကျွန်တော့်သိက္ခာကိုစော်ကားတယ်...ယုံကြည်ခဲ့မိတာမှားပြီထင်တယ်. ...အီးးဟီးး"

"ကိုယ်တို့နားလည်မှုလွဲသွားကြတာပါ လွန်း။ကိုမဟာသွေးက လွန်းကိုစိတ်ပူသွားတာနေမှာပါ"

အဂ္ဂက အမောင့်ကိုနှစ်သိမ့်သလိုလေးဆိုတော့ မျက်လုံးလေးပေကလပ်ပေကလပ်ဖြင့်နားထောင်ရှာသည်။တစ်ခုခုကိုစဉ်းစားသလိုလေး တွေဝေနေပြီးမှ အဂ္ဂကို ခေါင်းလေးမော့၍ကြည့်လာသော်ငြား ရင်ခွင်ထဲမှမထွက်သေးပေ။

ချစ်ခြင်းတည်စေWhere stories live. Discover now