𝑝𝑎𝑔𝑒 𝟷 𝑡𝑜 𝟸𝟶

335 18 7
                                    

Zawgyi

⧏⬝ ⬝⧐

မုန်းလိုက်တာ ခင်ဗျားရယ် ..။

⧏⬝ ⬝⧐

ကမ္ဘာကြီးရဲ့ နေရာတိုင်းမှာ ပုံပြင်တွေရှိကြတယ်။ ဖြစ်ရပ်မှန်၊ ဒဏ္ဍာရီ၊ ဖန်တီးရေးသားထားတဲ့ အလိမ်အညာ ဇာတ်ကြောင်းတွေ။

အများစုကတော့ အဓိပ္ပါယ်ရှိပြီး၊ ပျော်ရွှင်စရာကောင်းတဲ့ အဆုံးသတ်တွေပေါ့။ ဒါပေမဲ့ နာကျင်ကြေကွဲစရာ အဆုံးသတ်တွေလည်း ပေါပေါများများ ရှိပါသေးတယ်။

ကျွန်တော့်မှာလည်း ပုံပြင်တစ်ပုဒ်ရှိတယ်။ ဒါကတော့ ကျွန်တော့်ဘဝရဲ့ အမုန်းဆုံး ကိုယ်တိုင်ရေး ပုံပြင်လေးပေါ့။

နာနာကျင်ကျင်နဲ့ပဲ နောက်ဆုံးတစ်ခေါက် ဖတ်ပြလိုက်ပါဦးမယ်။ ကျေးဇူးပြု ပြီး စိတ်ဝင်တစား ..။

⧏⬝ ⬝⧐

ကျွန်တော့်နာမည် ချန်ဖေးယွီ။

အရာအားလုံးက သာမန်နေ့တစ်နေ့မှာပဲ နိဒါန်းပျိုးခဲ့တယ်။

အဲ့နေ့ရဲ့ ညနေပိုင်းမှာ ပြဇာတ်ဆရာမက Theatre ရှေ့ဆုံးကနေ Lecture ပေးနေတယ်။ ကျွန်တော် အာရုံတစိုက် လိုက်မှတ်နေတုန်း အဲ့မှာ ရုတ်တရက်ကြီး ဇက်ပိုးအုပ်ခံလိုက်ရတယ်။

လူက ကြောင်သွားတာ၊ ဘာလားဟဆိုပြီး ဒေါသထွက်ထွက် နောက်လှည့်လိုက်တော့ သူ့ကိုကြည့်နေတဲ့ အဲ့ဒီနှစ်ကျအုပ်စု။ ဘယ်သူရိုက်မှန်း မသိတာမို့ သူတို့ငါးကောင်လုံးကို စေ့စေ့ပြန်ကြည့်လိုက်တော့ လေးကောင်က ပြောင်ချော်ချော် စပ်ဖြဲဖြဲနဲ့၊ မရယ်တာဆိုလို့ တစ်ကောင်ပဲ။ သူ့ နောက်တည့်တည့်ရဲ့ဘေး ညာဘက်ကကောင်။ ဆေးလိပ် နားရွက်ကြားညှပ်ထားပြီး၊ Wolf Hair နဲ့ အဲ့ကောင်က လူကို ခပ်ထေ့ထေ့ ကြည့်လာပြီး မေးငေါ့ပြတယ်။

"ဟိတ်ကောင် .. ခုံအောက်ထဲကဟာ ပြစမ်းပါ"

"ဘာလို့ပြရမှာလဲ .. ခင်ဗျားတို့ တော်တော်အားနေလား .. လူကို လာမနှောက်ယှက်နဲ့"

ရန်တွေ့ပြီးတာနဲ့ သူ ရှေ့ပြန်လှည့်လိုက်တယ်။ ချက်ချင်းပဲ လည်ကုပ်က ထပ်အရိုက်ခံလိုက်ရတာ။ ခုနကထက်တောင် ပိုနာရော။

𝘭𝘰𝘴𝘵 𝘪𝘯 𝘵𝘩𝘦 𝐏𝐔𝐑𝐏𝐋𝐄 ⪕𝘊𝘰𝘮𝘱𝘭𝘦𝘵𝘦𝘥⪖Where stories live. Discover now