Unicode

73 5 0
                                    

                       

အိမ်ထဲဝင်လာတော့ ရှုပ်ပွနေတဲ့ဧည့်ခန်းကိုကြည့်ပြီး "ဆမ်" စိတ်ပျက်နေ‌မိသည်။ဒီနေ့လည်း "ဂျွန်" အလုပ်မသွားဘဲ အိပ်နေပြန်ပြီ။

"ဂျွန် ရယ်ဘာတွေဖြစ်နေတာလည်း" ဆိုပြီး ဆမ် ငြီးငြူမိလိုက်သည်။

အိပ်ခန်းထဲရောက်တော့ ခုတင်ပေါ်မှာ ဘီယာဘူးခွံတွေပြန့်ကျဲနေပြီး အိပ်မောကျနေတဲ့
ဂျွန့်ကို တွေ့လိုက်တော့လည်း ဂျွန့်ကို စိတ်မဆိုးရက်။ဂျွန် က‌ ဆမ့် ကို ဘယ်လိုသဘောထားလဲ မသိပေမယ့် ဆမ့် အတွက်တော့ ဂျွန်က အချစ်ဆုံးသူငယ်ချင်း၊အချစ်ဦး၊အကောင်းဆုံးဘဝလက်တွဲဖော်။

အိပ်ပျော်နေတဲ့ ဂျွန့်ကိုမနှိုးရက်ပေမယ့် ဂျွန် ညစာလွတ်မှာစိုးရိမ်သည့်အတွက်  ဆမ် ပြင်ဆင်ချက်ပြုတ်ထားတာတွေကို ဂျွန့်ကိုနှိုးပြီး စားစေခဲ့၏။

"ဂျွန် နေမကောင်းဘူးလား၊အလုပ်လဲမသွားဘူး"

ဆမ် မေးလိုက်ချိန်တွင် ဂျွန်ကမကြားချင်ယောင်ဆောင်ပြီး ထမင်းသာဆက်စားနေခဲ့သည်။

"နေမကောင်းရင်လည်းဆေးခန်းသွားပြကြမယ်လေ၊ဘီယာတွေတော့ မသောက်ပါနဲ့ ဂျွန်ရယ်"

"မင်းအပူ တစ်စက်မှမပါဘူး ဆမ်...ဖြစ်နိုင်ရင် ငါ့ကိုလျစ်လျူရှုထားပေးပါ...မင်းကြောင့် မေရီလည်းငါ့ကို ရွံနေပြီ...ငါ့ကိုအတွေ့မခံတော့ဘူးကွာ"

"ငါတောင်းပန်ပါတယ် ဂျွန် ...အဲ့နေ့ကဖြစ်သွားတာ တမင်ရည်ရွယ်ပြီးလုပ်တာမဟုတ်ပါဘူး...ငါလည်း ငါ့ကိုယ်ငါဘယ်လိုဖြစ်သွားမှန်း မသိဘူး... ငါတောင်းပန်ပါတယ်ကွာ...မေရီ့ကိုလည်း ငါပဲတောင်းပန်ပေးပါ့မယ်..."

ဂျွန်ကတော့ ဆမ် ပြောတာကိုပြန်မဖြေပဲ ထမင်းစားပွဲကနေထသွားပြီး အိပ်ခန်းထဲသို့သာပြန်ဝင်သွားခဲ့သည်။ဆမ့် ရင်ထဲဗလောင်ဆူလာပြီး ထိုနေ့ကအဖြစ်အပျက်တို့ကို ပြန်လည်တွေးတောခဲ့လေသည်။

 

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

အဲ့‌နေ့က မိုးသည်းသည်းမဲမဲရွာနေတဲ့အတွက် ထီးမပါလာတဲ့ ဆမ် မိုးရေတွေရွှဲစိုပြီး အိမ်ပြန်ရောက်လာခဲ့၏။ကြွက်စုတ်ဖြစ်လာတဲ့ ဆမ် သည်ဂျွန်ရှိနေတဲ့ မီးဖိုခန်းထဲသို့ သွားလိုက်သည်။

The Line Between Us (One Shot)Where stories live. Discover now