01

5.2K 402 29
                                    

" တကယ်ကို သဘာဝက အဆုံးမရှိဘူးပဲ "

အခန်းထဲမှာတစ်ယောက်ထဲ ကင်မရာတစ်လုံးကိုကိုင်နေရင်း လီဆာခပ်တိုးတိုးပြောမိသည်။ ကမ္ဘာကြီးမှာ လူတွေမြင်နိုင်တဲ့အလှအပတွေ၊ မြင်ရဖို့ခက်တဲ့အလှအပတွေ၊ လူတွေမသိလိုက်ဘဲ ဖြစ်နေတာတွေ၊ လူတွေမသိလိုက်ဘဲ ပျက်သွားတာတွေ တကယ်ကိုအများကြီး။

လီဆာ့အလုပ်က လူတွေလက်လှမ်းမမီတဲ့စာမျက်နှာတွေဆီသွားပြီး သဘာဝကိုကိုယ်တိုင်ကိုယ်ကျ ဖော်ထုတ်ပြရတာမျိုးပါ။ ကမ္ဘာကြီးကို သုတေသနမျိုးစုံလုပ်ရင်း၊ ကမ္ဘာပေါ်ကအရာတွေကိုခွဲခြမ်းစိတ်ဖြာရင်း၊ သုတေသနပညာရှင်လိုလို၊ ဓာတ်ပုံဆရာမလိုလို၊ စာရေးဆရာမလိုလို လီဆာနေထိုင်ပါတယ်။  

ကင်မရာထဲကပုံတွေပြန်စစ်ပြီးမှ လီဆာ Laptop ကိုဖွင့်ကာ ရေးလက်စစာတမ်းကိုနောက်တစ်ကြိမ်ပြန်ဖတ်လိုက်သည်။ အချက်အလက်တွေစုံသည့်တိုင် ဓာတ်ပုံတစ်ချို့လိုအပ်နေသေးရဲ့။

" ရီယာ ငါဝင်လာမယ် "

ကိုယ့်အတွေးနဲ့ကိုယ်မို့ အခန်းဝကအသံကို လီဆာမတုန့်ပြန်လိုက်။ လီဆာလို့မခေါ်ဘဲ ငယ်နာမည်ပရီယာကို ရီယာလို့ခေါ်တာ မိသားစုဝင်တွေပဲရှိတာ။

" ဘာပြောမလို့လဲ "

မျက်မှန်ကိုတစ်ချက်ပင့်ရင်းလှည့်ကြည့်တော့ အစ်မဖြစ်သူလီယွန်းဆောင်းက ကုတင်ပေါ်မှာထိုင်နေပြီ။ မမမျက်နှာကိုမြင်တာနဲ့ သူပြောမယ့်ကိစ္စကို လီဆာသိလိုက်ပါသည်။

" မနေ့က Blind Date မသွားဘူးဆို အမေက ဒီတစ်ခေါက်သေချာပေါက်သွားတွေ့လို့ မှာထားတာကို "

" မေ့သွားတာ မနေ့က ဓာတ်ခွဲခန်းကဂျူနီယာတစ်ယောက် အကူညီတောင်းလို့သွားရင်း "

" နင့်အသက် နှစ်ဆယ့်ရှစ်နှစ်ရှိပြီနော် အိမ်ထောင်ပြုဖို့စဥ်းစားစမ်း ရီယာ "

" ငါက မပြုဘူးလို့ပြောနေတာမှမဟုတ်တာ အလုပ်တွေမပြတ်သေးလို့ Blind date မတွေ့နိုင်သေးတာ "

" ဒီကိစ္စပြောတိုင်း နင်အမြဲဒီလိုပဲ "

လီဆာသက်ပြင်းချပြီး အာရုံတွေကိုစားပွဲပေါ်ကကင်မရာဆီပြန်ပို့လိုက်သည်။ အဖေနဲ့အမေ လီဆာ့ကိုအိမ်ထောင်ပြုဖို့တိုက်တွန်းတာ လီဆာအသက်နှစ်ဆယ့်ငါးနှစ်ပြည့်ပြီးကတည်းကပါ။ သူတို့တိုက်တွန်းလို့မရရင် အိမ်ထောင်စောကျသွားတဲ့မမကိုခေါ်ပြီး လီဆာ့ကိုတရားချခိုင်းတယ်။ ဒါတွေက လီဆာ့နေ့စဥ်ဘဝမှာ ပုံမှန်လိုဖြစ်နေပြီ။

- 𝐓𝐇𝐄 𝐍𝐎𝐍𝐄𝐗𝐈𝐒𝐓𝐄𝐍𝐓 𝐂𝐎𝐒𝐌𝐎𝐒Onde as histórias ganham vida. Descobre agora