Episode -2

190 14 1
                                    


" ခေါင်းဆောင်အားလုံးကို အခုကျွန်တော်ပြောချင်တာကတော့ ဒီတစ်ခေါက်လုပ်မဲ့ project ကိစ္စပဲဖြစ်ပါတယ် project ကအရေးကြီးတာမို့ သေချာလေးဂရုစိုက်ပေးရမယ် အခုတစ်လော မျက်နှာလိမ်းခရင်တွေ ရေပန်းစားနေတဲ့အတွက် ကျွန်တော်တို့အခုထုတ်မဲ့ထုတ်ကုန်က မျက်နှာလိမ်းခရင်ပဲ ကောင်းမွန်တဲ့အရည်အသွေးနဲ့ထူးခြားတဲ့ coverဒီဇိုင်းရှိရမယ် အနံကတော့ တစ်ဖြည်းဖြည်းဆုံးဖြတ်ကြတာပေါ့ "

" ဘယ်အဖွဲ့က တာဝန်ယူရမလဲ Boss"

" ဒီဇိုင်းပိုင်းကိုတော့ ကိုထွေးအောင်တို့ ဌာနကပဲ တာဝန်ယူပြီးတော့ အတွင်းပစ္စည်းပိုင်းကိုတော့ ကိုဝဏ္ဏတို့ကတာဝန်ယူရမယ် အရေအသွေးဆန်းစစ်ဖို့နဲ့ ဓာတ်မတည့်မှုတွေဖြေရှင်းဖို့ကတော့ Doctorတစ်ယောက် ရှာဖို့ ကိုခန့်လုပ်လိမ့်မယ် "

" ဟုတ်ကဲ့  အကောင်းဆုံးကြိုးစားပါ့မယ် Boss"

" ကျွန်တော် လူသစ်ခေါ်ထားတယ် ဘာလို့လဲဆိုတော့ ကိုခန့်ကဒီကိစ္စအတွက် အားလုံးမမှားအောင် ဆောင်ရွက်ဖို့တာဝန်နနဲ့ဆိုတော့ ကျွန်တော်အနားမှာ အတွင်းရေးမှူးထပ်လိုတယ် အတွေ့အကြုံမရှိတဲ့လူပဲဖြစ်တဲ့အတွက်ကြောင့်မို့ တွဲပြီးခန့်လိုက်တယ် တစ်ယောက်ကကျောင်းပြီးပေမဲ့ တစ်ယောက်တက်နေဆဲပဲ ဘာပြောချင်တာရှိလဲ "

" မရှိပါဘူး "

" ကောင်းပြီ အသေးစိတ်သိချင်ရင် အရှေ့က ဖိုင်တွေထဲမှာ project အကြောင်းနဲ့  လူသစ်ဖိုင်ရှိတယ် တစ်ခါထဲယူသွား အစည်းအဝေးကဒီလောက်ပဲလ"

" ဟုတ်ကဲ့ Boss"

" ကိခန့် "

" ဗျာ Boss "

" လရိပ်မာန်နဲ့ သွင်မှူးငယ်နဲ့ကို အကြောင်းကြားခိုင်းလိုက် "

" ဟုတ်ကဲ့ "

" ဒီနေ့ အရေးကြီးတဲ့ကိစ္စရှိသေးလား "

" နေ့လည် ၁နာရီကျ YZ group နဲ့တွေ့ဖို့ရှိပါတယ်Boss "

" ဟုတ်ပြီ အချိန်ကျရင် သတိပေး အခု ငါပြောထားတဲ့ကိစ္စသွားညှိလာခဲ့ "

" ဟုတ်ကဲ့ Boss "

........

" ဟဲ့သွင်မှူးငယ် "

အရာရာတိုင်းထက်Where stories live. Discover now