My Wolf King!! (1)

579 58 6
                                    

Uni 👇🏻

''ကဲ အားလုံး ဒီနေ့တော့ ဒီလောက်ပဲနော် မနက်ဖန် ပေးလိုက်တဲ့ စာတေ ပြန်လေ့လာခဲ့ ''

''ဟာ!!.....''

ပေးလိုက်သော စာများကို မလုပ်ချင်၍ အတန်းသားများမှ ထွက်လာသော အသံများ ။

HYBE Wolf school တွင် Alpha; Beta; နဲ့ Omega များကို တစ်ခန်းစီ ခွဲထားသည် ။

''ဟေ့ Tae ငါတို့ ကျောင်းဆင်းရင် ဂိမ်းဆိုင်သွားရအောင် ''

ဂိမ်းဆိုင်သွားရန် အဖော်စပ်နေသော ပုလုံး Mochi ။ ငယ်ငယ်ထဲက ပေါင်းလာတဲ့ ငယ်သူငယ်ချင်းတေဖြစ်လို့ တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်နားလည်ပေးတက်ကြပီး အလွန်ချစ်ကြသည် ။

ထို Omega လေး ၂ယောက်ဟာ တခြား Omega တေနဲ့မတူ အလွန်လှတာကြောင့် ကျောင်းရဲ့ Alpha တိုင်းက လိုချင်သည် ။

သို့သော်သူတို့၂ယောက်ကို အထိရဲကြ ။ ဘာကြောင့်လဲဆိုတော့ ၂ယောက်လုံးက စွာသည်လေ ။

''ငါဒီနေ့တော့ စာကြည့်တိုက် သွားမို့ ဂိမ်းဆိုင်နောက်နေ့မှ သွားမယ်လေကွာ ''

တစ်သတ်လုံး စာအုပ်နဲ့ မတည့်တဲ့သူက စာကြည့်တိုက်သွားမယ်ဆိုတော့ ပုကျိတို့ အံ့သြရပြန်ပီ ။

'' မင်းနေရောကောင်းရဲ့လား ဟေ့ကောင် ''

Taehyung နှဖူးကို လက်နဲ့ သွားစမ်းရင်း မယုံသလို စိုက်ကြည့်လိုက်တော့

''ငါ နေကောင်းပါတယ် သိချင်တာလေး ရှိလို့ပါကွ မင်းကလဲ ''

ထိုအခါမှ Jimin တို့ စိတ်လျော့ကာ

'' အင်းပါလေ ပီးတာပဲ နောက်နေ့ကျရင်တော့ ဂိမ်းဆိုင်သွားမယ်နော် ''

(ဟင်းဟင်း ငါက အချောလေးဆိုတော့ ကိုယ့်သူငယ်ချင်းကို နားလည်ပေးရမာပေါ့လေ )

''ဟီး Jiminnie လေးက ချစ်ဖို့ကောင်းလိုက်တာ ငါကတိပေးတယ် နောက်နေ့ ဂိမ်းဆိုင်သွားမယ် ''

''ပီး​ရော......... ဒါနဲ့ နေပါအုံး မင်းက ဘာကိစ္စနဲ့ စာကြည့်တိုက်သွားမာလဲ ''

အလွန် စပ်စုတက်သော Jimin က သူ့သူငယ်ချင်း ထူးထူးဆန်းဆန်း စာကြည့်တိုက်သွားချင်တဲ့ အကြောင်းအရာကို သိချင်တာမို့ မေးလိုက်သည် ။

My Wolf King ‼Where stories live. Discover now