Uni
"ကိုကို.."
"လာမခေါ်နဲ့ သွား!.."
"ကိုကိုကလဲဗျာ..ကိုကို့ကိုမှမခေါ်ရင် ဘယ်သူ့ကိုသွားခေါ်ရမှာလဲ.."
"မသိဘူး..."
အိမ်ပြန်ရောက်ရောက်ချင်း ခြံထဲပြေးဝင်သွားပြီး အခန်းတံခါးကြီးပိတ်ကာ စိတ်ကောက်သွားတဲ့သူ့ကိုကိုဂယောင်ဆူး။...ပိတ်ထားတဲ့တံခါးကို အတင်းအော်ခေါ်တောင်းပန်ပြီးဖွင့်ခိုင်းတာတောင်ဖွင့်မပေးချင်။.. အပေါ်ထပ်ကနေအော်ကြီးဟစ်ကျယ်ဖြစ်နေတဲ့ ချန်းယောလ်ကြောင့် နောက်ဆုံးအောက်ထပ်က Ommonie ကကြားသွားပြီး ကိုကို့ကိုကူပြောပေးတော့မှပဲ မဖွင့်ချင်ဖွင့်ချင်နဲ့ဖွင့်ပေးရှာသည်။..
အခုလဲကြည့် ချန်းယောလ်ကိုမျက်စောင်းထိုးပြီး ဆူပုတ်ထားတာ နှုတ်ခမ်းတစ်တောင်လောက်ထွက်လို့..။စိတ်ရှိလက်ရှိ ထော်နေတဲ့နှုတ်ခမ်းလေး ဆွဲကိုက်ပစ်လိုက်ရရင်ဖြင့်..အဟင်း..။
"ဘာကြည့်တာလဲ...လာမကြည့်နဲ့!"
"အဲလ်..."
မဆိုင်ရာတွေပတ်ရမ်းနေတဲ့ကိုကိုကြောင့် ချန်းယောလ်ကြောင်သွားကာ ပြုံးစိစိဖြစ်သွားသည်။..
"မင်း!..ပတ်ချန်းယောလ်..အခုချက်ချင်း ငါ့အခန်းထဲကထွက်!.."
"ဟာ..ကိုကို"
ချန်းယောလ်ပြုံးစိစိဖြစ်သွားတာကြောင့်ထင်သည်...ထိုင်နေရာကနေထလာပြီး ချန်းယောလ်ကိုပါအတင်းဆွဲထူကာ ထွက်သွားခိုင်းနေတာကြောင့် မျက်လုံးပြူးသွားပြီး မျက်နှာပိုးသတ်ကာ အတင်းဆွဲထူနေတဲ့ကိုကို့ကို ပေါင်ပေါ်ဆွဲချလိုက်သည်။...
ချန်းယောလ်ပေါင်ပေါ်ကနေ အတင်းရုန်းနေတဲ့လူသားလေးကိုအလွတ်မပေးပဲ..ခါးကိုဖက်တွယ်ထားမိလိုက်တော့ အနောက်ဖက်ကချန်းယောလ်ရှိရာမျက်နှာမူလာပြီး မျက်လုံးပြူးပြလာသည်။..ကြောက်မယ်ထင်နေလား..နိုးနိုး...တခါထဲ ဆွဲကိုက်စားလိုက်ရရင်တော့လား...။
"မင်း ဘယ်လိုဖြစ်နေတာလဲကွ!!.."
"ချစ်နေတာလေ.."
"ရူးနေလား!..ဖယ်စမ်း!..လာမချစ်နဲ့"
"ဟင့်အင်း..ဟင့်အင်း.."
YOU ARE READING
ɪ'ʟʟ ʙᴇ ʏᴏᴜʀs! ✨*ᶜᵒᵐᵖˡᵉᵗᵉ*
Fanfictionစီနီယာကိုကို့အချစ်တွေ နည်းနည်းလေးလောက်မျှဝေပါဗျာ... (ချွဲကပ်တတ်သူများရှောင်သင့်ပါတယ်:')