PT-(33) Forever Right Now.

2.9K 328 306
                                    

Unicode Ver.

နှစ်ဘာသာမြောက် Assignment ကိုလက်စသတ်ပြီး ပိတ်သိမ်းလိုက်သည်။ကိုယ့်ဟာကိုယ်ဆို Deadline ထိကြာသည့် ဒီလိုအရာတွေက Hyung နှင့်ပေါင်းလျှင်တော့ အမြဲသတ်မှတ်ချိန်မတိုင်ခင် ပြီးသွားတတ်သည်။မျက်လုံးထောင့်က စာအုပ်ဆီလှည့်ကြည့်တော့ မူလစာမျက်နှာအတိုင်းအရာမယွင်းဘဲပက်လက်လေး။

"Hyung"

'ပြောလေ' ဆိုသည့်သဘောနှင့် Hyung က မျက်ခုံးပင့်ပြသည်။ဘောပင်ကိုလက်ကြားထဲလှည့်ပြီး လူကိုမေးတစ်ဖက်ထောက်ထိုင်ကြည့်နေ၍ ဂျောင်ကုနှုတ်ခမ်းတွေတောင်ပြာချင်လာသည်။Hyung အကြည့်တွေကပုံမှန်နှင့်မတူဘဲ အပမှီနေသလိုမျိုးကြီး။

"အတန်းမရှိဘူးလား"

"ရှိတယ်"

"မသွားဘူးလား။ ကျနော်လိုက်ပို့မယ်လေ"

"မသွားဘူး။ သွားလည်းအာရုံမရဘူး"

"ဪ....အင်း"

Assignment နောက်တစ်အုပ်ထပ်ထုတ်နေသည့် ဂျောင်ကုဇက်ကလေးပခုံးနှစ်ဖက်ကြားထဲ ပုဝင်နေသည်။Hyung သူ့ကိုစေ့စေ့ထိုင်ကြည့်နေသည်မှာ သွေးရိုးသားရိုးတော့မဖြစ်နိုင်ပါ။ဘာလို့မှန်းမသိ အာရုံထဲတွင် Hanbok အနံ့လိုလိုရနေသည်။

"မင်းရောအတန်းမရှိဘူးလား"

"ရှိတယ်"

"ရှိရင် သွားလေ"

"ကျနော်သွားတော့ Hyung ကရော"

"မင်းနဲ့အတူလိုက်တက်မှာပေါ့"

"အမ်?"

"အဟင်း...နောက်တာပါ"
"သွားချင်သွားလေ ငါလိုက်ပို့မယ်"

"အင်း...မသွားတော့ပါဘူး"

သူနောက်တစ်ဘာသာရေးနေသည်အထိ Hyung မျက်လုံးတွေက ခုထိမခွါသေးဘဲ နားကနားကွင်းတွေကိုလာကိုင်ကြည့်သည်။ဆံပင်အဖျားတွေကိုပါ တဖွဖွသပ်နေသဖြင့် ဂျောင်ကုလက်​ရေးတွေတွန့်ပြီး ရင်ထဲတဒိတ်ဒိတ်ခုန်လာသည်။လူမြင်ကွင်းမလို့ အလိုက်တသိလေးငြိမ်ငြိမ်နေပေးနေသည်ကို ဒီ Hyung လူကိုလာဆွနေပြန်ပြီ။

"ဂျောင်ကု ငါကြည့်နေတာလေ.."

"အင်း"

"မင်းရှပ်ဝတ်တိုင်း ဒီနှစ်လုံးက ဘာလို့ပြုတ်နေတာလဲလို့"

ꜱᴇᴄᴏɴᴅ ʜᴀɴᴅ ʜᴇᴀʀᴛ • ᴊɪɴᴋᴏᴏᴋ •Where stories live. Discover now