arc 1.1 ကောင်းကင်လရောင်/ေကာင္းကင္လေရာင္

957 117 8
                                    

❤Unicode

ရှောင်းကျန့် ရောက်ရောက်ချင်း ​ေတွ့လိုက်ရတာက မှန်ထဲမှာပေါ်နေတဲ့ သူဝင်ထားတဲ့ခန္ဓာကိုယ်ရဲ့ ပုံရိပ်ကိုပင်။ သူဝင်ထားတဲ့ကိုယ်က V ပုံမကျတကျမျက်နှာ၊ မျက်ခုံးထူထူ၊ နှုတ်ခမ်းပါးပါးနဲ့ လခြမ်းကွေးလေးတွေလို အရည်လဲ့နေတဲ့ မျက်ဝန်းလေးတွေပိုင်ဆိုင်ထား၏။

"အင်း ဒီပုံစံက မိန်းမချောချောတာလို့ပြောရမလား ဒါမှမဟုတ် ဆွဲဆောင်မှုရှိတယ်လို့ ဆိုရမလား''

'Host ရဲ့ပုံစံက ယောက်ျားလေးတွေရော မိန်းကလေးတွေပါ လုံးဝကြွေကျမြေခသွားမယ့် type ပါ'

လွီရဲ့စကားကို ရှောင်းကျန့် ခေါင်းငြိမ့်လက်ခံလိုက်ပြီး မှန်ရှေ့ကနေ လှည့်ထွက်လိုက်သည်။ ဘေးဘီကိုဝဲကြည့်လိုက်တော့ လိုအပ်တာထက် ကျယ်လွန်နေတဲ့ အိပ်ခန်းနဲ့ king size ကုတင်ကြီးတစ်ခုကို တွေ့လိုက်ရသည်။

သူလည်း ကုတင်ပေါ်မှာ ထိုင်လိုက်ပြီး လွီကို ဇာတ်ကြောင်းပို့ခိုင်းလိုက်သည်။

သူဝင်ထားတဲ့ ကိုယ်ရဲ့နာမည်က ကောင်းကင်လရောင်ဖြစ်ပြီး လရောင် Group ရဲ့ သားငယ်လေးတစ်ဖြစ်လည်း ဒီကမ္ဘာရဲ့ ဇာတ်လိုက်လည်းဖြစ်သည်။ သူ့မှာ နူးညံ့သိမ့်မွေ့ပြီး အရမ်းလှတဲ့ အစ်မတစ်ယောက်ရှိပြီး သူမနာမည်ကတော့ ဧကရီလရောင်ဖြစ်သည်။

ပထမကမ္ဘာမှာတင် ဇာတ်လိုက်ကိုယ်ထဲပို့ပေးတဲ့ လွီကို နည်းနည်းတော့ကျေးဇူးတင်မိသည်။

ဒီကမ္ဘာရဲ့ဇာတ်လိုက်မ တစ်နည်းအားဖြင့် သူနဲ့ဆက်နွယ်ရမယ့်သူကတော့ ထားသက်ညှာ လို့ခေါ်တဲ့ သူ့ရဲ့ငယ်သူငယ်ချင်းကောင်မလေးဖြစ်သည်။ ဇာတ်ကြောင်းကို စပြောရမယ်ဆိုရင်တော့ လရောင်ရဲ့အစ်မ ဧကရီကနေ စပြောရမည်။

ဧကရီဟာ ကုမ္ပဏီရဲ့ လုပ်ငန်းရှင်တွေ ညစာစားပွဲမှာ ဒီကမ္ဘာရဲ့ ဒုတိယဇာတ်လိုက်ဖြစ်တဲ့ သွေးအတ္တကိုတွေ့ပြီး သဘောကျမိသွားသည်။ သွေးအတ္တက အေးစက်စက်နဲ့ တစ်သီးတစ်သန့်နေတတ်တဲ့သူဖြစ်တာကြောင့် ဧကရီအပေါ် ဆက်ဆံတဲ့အမူအယာတွေဟာ နူးညံ့မှုမရှိခဲ့ပေ။

ဧကရီကလည်း ထိုပုံစံကိုမှ အရူးအမူးစွဲလန်းပြီး သွေးအတ္တနောက်ကို တကောက်ကောက်လိုက်တော့သည်။ သွေးအတ္တက ဧကရီကိုသဘောမကျပေမယ့် CEO ရဲ့သမီးဖြစ်တာမို့ အတွင်းရေးမှူးဖြစ်တဲ့သူက သည်းခံနေခဲ့ရသည်။

𝐖𝐇𝐀𝐓? စာဂျပိုးက ငါ့ကိုချစ်နေတယ်!!!!!Where stories live. Discover now