Part~13

1.4K 68 2
                                    

               ‌လောကတွင် ငွေသည်သာအရေးကြီးဆုံးသော ဒုတိယဘုရားသခင်ဖြစ်လေသည်။ထရံပေါက်မှတိုးထွက်လာသော နေရောင်တို့သည် ကြမ်းခင်းပေါ်ရှိငွေသားစက္ကူများထံသို့ကျရောက်နေ၏။ကြမ်းတမ်းပြီး မညီသညာသောလက်သည်းခွံတို့ရှိသော ညိုမှိုင်းနေသောလက်အစုံတို့သည် ငွေသားများအားရေတွက်နေသည်။မျက်လုံးအစုံမှာလည်း လောဘအရောင်တို့တဖိတ်ဖိတ်တောက်လျက်။

"ဒုန်း! ဒုန်း!"

အိမ်ပေါ်သို့ကြမ်းတမ်းစွာ တက်လာသောခြေသံကြောင့် ကြမ်းခင်းလေးသိမ့်သိမ့်တုန်သွားရသည်။ငွေစက္ကူတို့ကိုရေတွက်နေသော လက်တို့သည်လည်းရပ်တန့်သွားရသည်။သူ့ဘေးတွင်၀င်ထိုင်ပြီး ပါးစပ်ကပွစိပွစိပြောနေသော သမီးဖြစ်သူကို ကြည့်ပြီးပြုံးမိသည်။သူ့မှာချစ်စရာဆိုလို့ ဒီသားနှင့်ဒီသမီးသာရှိသည်မဟုတ်ပါလား။သားသမီးရှိသော်လည်း တစ်ခါမှအားကိုးမရပေ။

"အမေ့သမီးလေး မျက်နှာကြီးကိုစူပုပ်နေတာပဲ...ဘာဖြစ်လာတာလဲမေမေ့ကိုပြော"

ဒေါ်မေနွဲ့ရီက သူ့သမီးမေခကိုခပ်ပြုံးပြုံးကြည့်ရင်း မေးလာသည်။

"ဘာဖြစ်ရမှာလဲ အမေရဲ့...။အဂ္ဂခွန်းပိုင်ဆိုတဲ့လူကလေ အလကားနေရင်းလူကိုအော်လားငေါက်လားနဲ့။တင်စီးလိုက်တာ။တစ်လောကလုံးသူ့လုပ်စာစားနေရသလိုပဲ။သူ့လိုလူမျိုးကိုမရရင်လဲနေပါစေတော့အမေရယ်"

"ဟဲ့ ညည်းဒီလိုလုပ်လို့ဘယ်ဖြစ်မလဲ။ငါတို့ကတစ်သက်လုံး အမောင့်ကိုနိုင်စားလာတာ။ဒီပွဲကျမှသူ့ကိုရှုံးလို့ဘယ်ဖြစ်မလဲ။ပြီးတော့အဲ့ကောင်လေးကကျိကျိတက်ချမ်းသာတာ။ညည်းအဲ့လိုလူမျိုးကိုလက်လွှတ်ခံတော့မလို့လား"

သူတို့မိသားစုက အမောင့်ကိုနိုင်စားလာသည်မှာ အမောင့်သက်တမ်းတလျှောက်ဖြစ်သည်။သူ့ကိုအနိုင်ပေးလို့လုံး၀မဖြစ်။မေခကတွေးနေရင်း မျက်နှာကိုမဲ့ပြုံးပြုံးလိုက်သည်။သနားစရာအမောင် နင့်ဘ၀ကတော့ကံဆိုးပြီးရင်းဆိုးရင်းပဲ။ငါကအဂ္ဂခွန်းပိုင်လိုလူမျိုးကိုနင့်လက်ထဲအပါခံမယ်များထင်နေလား။ငါကအဲ့လူကိုနင့်ဆီက‌ေနရအောင်ကိုလုယူမှာ....ဟားးဟားး။

ချစ်ခြင်းတည်စေWhere stories live. Discover now