Part 12

457 63 18
                                    

ရေနံဆီများသုတ်လိမ်းထား၍ပြောင်လက်နေသောသစ်သားပြည်ထောင်နှစ်ထပ်အိမ်ကြီးသည်အလွန့်အလွန်ကျယ်ဝန်းကာခမ်းနားလှပေ၏။
ထိုအိမ်ကြီး၏အပေါ်ထပ်ရှိ ဧည့်ခန်းထဲတွင်မှူ မြို့အုပ်ထွန်းရှိန် ဆိုသူကားခြေချိတ်ထိုင်ကာဈေးကြီးသောယမကာကိုပုလင်းလိုက်ကိုင်ဆောင်ကာမေ့သောက်နေသော်ငြား ရီဝေဝေတဏှာမျက်ဝန်းများသည်ကား သူ၏အရှေ့ရှိကြမ်းပြင်ပေါ်တွင်ပုဆစ်တုတ်ထိုင်ကာတုန်ယင်နေသောကောင်ငယ်လေးထံတွင်သာရှိ၏။

ထိုကောင်လေး သည်ဖြူဖြူဥဥလေးနှင့် ပိုးလိုဥကာမွေးထားသည်မှန်းသိသာလှပါသည်။
သူကြီးတို့များသူ့သားလေးကိုအတော်အနုအယွထားပုံပင်။လူကောင်‌လေးသေးညှပ်လွန်းသည်မို့ အသက်တစ်ဆယ့်ကိုးနှစ်ဆိုတာယုံနိုင်ဖွယ်ပင်မရှိ။မျက်လုံးဝိုင်းဝိုင်းနှင့်ပါးမို့မို့လေးများ။ ကြောက်စိတ်ကြောင့်တစ်သိမ့်သိမ့်တုန်နေသောပုခုံးသားများနှင့်ကြောက်စိတ်ကိုတွန်းလှန်ကာဒေါသဖြင့်ဖိကိုက်ခံထားရသော အောက်နှုတ်ခမ်းလုံးလုံးလေး။တစ်ကိုယ်လုံးစုန်ဆန်ကြည့်လျှင်ထိုကောင်လေးသည်ကြမ်းကြမ်းတမ်းတမ်းဆက်ဆံပစ်ချင်စရာလေး။

ရုတ်တရပ်အတွေးထဲဝင်လာသည်ကအပိုအလိုမရှိပါးပါးလှပ်လှပ်ခန္ဓာကိုယ်လေးနှင့် အစ်မလုပ်သူနည်းတူလှပသော မြတ်လင်းရိပ် ဟူသည့်
ကောင်လေး။ထိုကောင်လေးကအစ်မကိုကာကွယ်ဖို့ရာသူ့ကိုလှည့်စားလို့မိန်းကလေးဟန်ဝတ်ဆင်ကာကပြသည်တဲ့လေ။

*ဟား ဟား

ထွန်းရှိန်တွေးရင်းခြောက်ကပ်ကပ်ရယ်လိုက်မိသည်။လိမ်လို့ရမတဲ့လား?သူကရောမသိရှိမတဲ့လား?သိလျက်နဲ့လှလွန်းလို့သိမ်းပိုက်ချင်လို့မသိဟန်ဆောင်နေခဲ့ရာမှ ဟိုလန်ဒန်မျက်နှာဖြူကောင်ကကြားဖြတ်လုယူသွားသည်မို့ ပြန်တွေးကြည့်တိုင်းဒေါသထွက်စရာ။

*တောက်

*ခလွမ်း

ထွန်းရှိန်သည်လက်ထဲရှိဘိလပ်ပြည်မှလက်ဆောင်ရသောဈေးကြီးလွန်းသောယမကာပုလင်းကိုမြင်နေရသောသစ်သားတိုင်စောင်းဆီသို့ပစ်ပေါက်လိုက်ရာ တိုက်ဆိုင်စွာပင်ထက်ပိုင်းကွဲသွားသောပုလင်းကွဲစသည် ထိုင်နေသောကောင်ငယ်လေး၏ပုခုံးတစ်ဖက်သို့စိုက်သွားရှာသည်ကိုတော့ ထွန်းရှိန်သတိမထားမိတော့ချေ။

Umbra! { Completed }Where stories live. Discover now