မောင့်မျက်ရည်-2

108 6 1
                                    

          "လာလာ.. ဒီကိုလာ.."

         "တောက်..တောက် ဒီကိုလာ.."

ကျွန်တော် ကျောင်းထဲဝင်ပြီး အတန်းရှေ့ရောက်တော့ အခန်းဝမှာ ကျောင်းသား/သူတွေ စုပြုံနေပြီး တစ်ခုခုကို ဝိုင်းကြည့်နေတာ တွေ့လိုက်ရပါတယ်..။

ဒါနဲ့ ကျွန်တော့်‌ ရှေ့မှာရပ်နေတဲ့ ကျွန်တော့် သူငယ်ချင်း ဝဿန်မိုးကို မေးကြည့်မိတယ်..။

        "ဝဿန် ဒီမှာ ဘာတွေဖြစ်နေတာလဲ"
   
        "ဒီမှာလေ ‌ဘယ်ကခွေးလည်း မသိပါဘူး ငါတို့ အတန်းဝမှာ ရစ်သီရစ်သီလုပ်နေလို့.. ကြည့်ရတာ ဦးဖိုးဆိတ်‌ခွေးဖြစ်မယ်ကွ"

ကျွန်တော့်သူငယ်ချင်း ဝဿန်က ကျောင်းစောင့်ဦးလေးကြီးရဲ့ ခွေးဆိုပြီး မှန်းဆပြောပါတယ်..။

အပြင်မှာ မိုးက မနက်၅နာရီကတည်းက တဖြောက်ဖြောက်ရွာနေတာ ခုထိ မစဲသေး..။
နီညိုရောင်ခွေးကလေးဟာ မိုးရေတွေနဲ့ အေးများအေးနေမလား..။

ဒါမှမဟုတ် ဆာလောင်နေမလား..။
ကျောင်းသား/သူများ ကျွေးသမျှ ပေါင်မုန့်တွေကို မြိန်ရေရှက်ရေ စားနေလိုက်တာများ..။

စားပြီးတဲ့နောက်မှာ ခွေးညိုကြီးက ကျွန်တော့်ကို စိုက်ကြည့်လိုက်တာ..။
ကျွန်တော့်ခင်မျာ ရင်ထဲ ထိတ်ခနဲ..။

ဒါ့ကြောင့် ကျွန်တော်ကိုယ်တိုင်တောင် မသိလိုက်ဘဲ ကျွန်တော် အတန်းထဲ ဝင်ပြေးမိပါတယ်..။

လွယ်အိတ်ကိုနေရာတကျချပြီးတော့ လစ်လပ်နေတဲ့ ကျွန်တော့်ဘေးက နေရာလေးကို ငေးကြည့်မိတယ်..။
ဘေးကကောင်ကလေး ‌ခုထိ မလာသေးဘူး..။
ခဏနေရင်ပဲ ကျောင်းတက်တော့မှာကို..။

ကျောက်သင်ပုန်းပေါ်မှာ ချိတ်ထားတဲ့ တိုင်ကပ်နာရီကို လှမ်းကြည့်မိတော့ (6:45)နာရီ ရှိနေပါပြီ..

အဲ့သည်အချိန်မှာပဲ အတန်းမှူးဆရာမ တဖြစ်လဲ သင်္ချာဆရာမ ရောက်လာပါတယ်..။
မှတ်မှတ်ရရ သင်္ချာဆရာမ နာမည်ရ ဒေါ်ချိုချိုလွင် ဖြစ်ပါသတဲ့..။

အတန်းထဲမှာ တိုးဝှေ့ပြီး စပ်စုနေတဲ့ ခွေးညိုကြီးနားကို လိုက်ကပ်နေတဲ့ ကျောင်းသားတစ်စုကို ဆရာမက သတိပေးပါတယ်..။

မောင့်မျက်ရည်Where stories live. Discover now