Arc6.7

4.8K 469 20
                                    

အလင်းလည်း မောင်နဲ့အတူတူ အိမ်ကိုပြန်လာခဲ့တယ် အိမ်ရောက်တော့ သူ့ကို အပေါက်ဝကနေ ဆီးကြိုတဲ့ အလွန်း

"အဟင်း အဟင်း နှစ်ယောက်သမား မပြောလိုက်ချင်ဘူးနော်"
"ဘာကိုလဲ အလွနး်ရဲ့"
"မသိချင်ယောင်ဆောင်တယ်နော် အလင်း နင်တို့နှစ်ယောက် မူမမှန်ဘူး"
"ကဲပါ မောင့်အလင်းရယ် မောင်တို့သွားနားကြစို့ အဲ့အရှုပ်ထုပ်မလေးကို ဖြေရှင်းမနေနဲ့"

"အိစ် ဘာ မောင့်အလင်း မောင် ဟုတ်လား အော်အော် တွေ့မယ် ငါ့ကိုပလစ်ပီး သူတို့က သာယာနေတာ ဟွန့် မေကြီးနဲ့ တိုင်ပြောမယ်"
"လွန်း မေမေ့ကို မပြောပါနဲ့"
"ဟီး မေကြီးက သိပီးသား အလင်းရဲ့"
"ဟင်"
"မေမေ ကသိနေတယ်"
"အင်း နင်တို့ပြန်ရောက်ရင် သူ့အခနး်ထဲလာဖို့ မှာထားတယ်"

စိတ်ပူနေပုံရတဲ့ အလင်းလက်လေးကို ဖွဖွလေးကိုင်ပီး အားပေးလိုက်တယ် ပီးတော့ မေမေ့အခနး်ထဲကို ဝင်လာခဲ့ကြတယ်

"မေမေ သားတို့ပြန်ရောက်ပီ"
"အင်း လာ ထိုင်ကြလေ"
"ဟုတ် မေမေပြောစရာရှိတယ်ဆိုလို့"
"အင်း သားအလင်းနဲ့ သားလွှမ်း မေမေ အနေနဲ့ သားတို့ကို ကန့်ကွက်စရာ​တော့ မရှိပါဘူး ဒါပေမယ့် သားတို့ကို စဥး်စားစေချင်တယ် ပတ်ဝနး်ကျင်ဆိုတာ ထည့်တွက်စရာမလိုဘူး လို့ ပြောလို့မရဘူး ဘာလို့ဆို မေမေတို့က ပတ်ဝနး်ကျင်နဲ့ နေရမှာမို့ဘဲ ဒ​ါကြောင့် မေမေပြောချင်တာက သားတို့အနေနဲ့ စီးပွားရေးကို ဦးစီးနိုင်ပီဆိုမှ ရှေ့ဆက်ဖို့ ပြောချင်တာ ကျောင်းတက်တဲ့အရွယ်မှာတော့ ဆင်ခြင်စေချင်တယ် ဒါပေမယ့် သားတို့ကို မေမေက စေ့စပ်ထား​ပေးမယ် ကျောငး်ပီးလို့ အလုပ်ကိုယ်စီဝင်ရပီဆိုရင် လက်ထပ်ကြပေါ့ မေမေခွင့်ပြုပါတယ် အဲ့အခါကျ ပတ်ဝန်းကျင်ကို မေ့ထားလိုက် မေမေကိုယ်တိုင်သားတို့ကို လက်ထပ်ပေးမယ်"

"အဟင့် ကျေးဇူးတင်ပါတယ် မေမေ သားကို နားလည်ပေးလို့ ပီးတော့ လက်ခံပေးလို့"
"မလိုပါဘူး အလင်းရယ် မေမေ့သားလေးကို မေမေက နားလည်ထားပီးသား"
"မေမေစိတ်ချပါ ကျတော် အလငး်ကို ပတ်ဝန်းကျင် ဝို်င်းရှုံ့ချတာ မခံရအောင် ကြိုးစားမှာပါ အကဲ့ရဲ့မခံရဘဲ ဝို်င်းအားကျအောင် အလင်းကို ဟိုးအမြင့်ဆုံးမှာ ကျတော်ထားမှာ နောက်ရက်စပီး ကျတော်company မှာဝင်ပီး အလုပ်သင်မယ် ဒါမှ ကျောင်းပီးရင် တန်း အလုပ်လုပ်လို့ရမှာ မေမေစိတ်မပူပါနဲ့ ကျတော် အလင်းကို မျက်နှာမငယ်စေရပါဘူး ယောကျာ်းနှစ်ယောက်ရဲ့ အိမ်ထောင်ရေးကို သူတို့တွေ အပြစ်ပြောစရာမရှိအောင် ကျတော်အကောင်းဆုံး ကြိုးစားမှာပါ"

ဖူးစာsystem(Completed)Where stories live. Discover now