Part-14

1.4K 65 0
                                    

လောကကြီးတွင် အကောင်းနှင့်အဆိုးတို့သည်ဒွန်တွဲနေသည်။မုန်တိုင်းပြီးလျှင်လေပြည်လာသကဲ့သို့ အဆိုးပြီးလျှင်အကောင်းဖြစ်လာသည်။တချို့တချို့သောအရာများသည် ပိုကောင်းသောအရာများဖြစ်ပေါ်လာစေရန် ဖြစ်လာကြသည်မဟုတ်ပါလား။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ကားတစ်စီးသည် ပုံမှန်အမြန်နှုန်းဖြင့်သာတရိပ်ရိပ်ရွေ့လျားနေ၏။ထိုအချိန်တွင် ချုံပုတ်တစ်ခု၏ဘေးတွင် လူပုံသဏ္ဌာန်ခပ်မဲမဲအရာတစ်ခုကို ကားမီးရောင်ဖြင့် မြင်လိုက်ရသည်။ဦးအဂ္ဂဟန်သည် ကားအရှိန်ကိုအနည်းငယ်လျှော့လိုက်ပြီး ဇနီးဖြစ်သူ ဒေါ်ခွန်းသနွယ်ကို ‌နှစ်ကိုယ်ကြား ကြားရုံလေသံဖြင့်ပြောလိုက်သည်။

"နွယ် ဟိုချုံပုတ်အနားကိုသေချာကြည့်ကြည့်။ လူတစ်ယောက်အိပ်နေတာနဲ့မတူဘူးလား"

ဦးအဂ္ဂဟန်က ထိုသို့ဆိုလိုက်သောအခါ ဒေါ်ခွန်းသနွယ်က သေချာကြည့်လိုက်သည်။ထို့နောက် အလန့်တကြားဖြင့်....

"ဟယ် ဟုတ်ပါရဲ့။တကယ်လူတစ်ယောက်အိပ်နေသလိုပဲ...ကိုကို နွယ်တို့ဆင်းကြည့်ကြမလား"

"အင်း ဆင်းကြည့်ကြတာပေါ့"

ချုံပုတ်အနားမရောက်တရောက်တွင် ကားကိုရပ်လိုက်ပြီး နှစ်ယောက်သားဆင်းကြည့်ကြသည်။ဖုန်းမီးဖြင့်ကြည့်လိုက်သောအခါ ဖြူဖျော့နေ‌ပြီး သတိလစ်နေသောကလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။

"ဘုရားရေ ကလေးတစ်ယောက်ပါလား။သတိလစ်နေတာထင်တယ်။ကိုကို နွယ်တို့ဘယ်လိုလုပ်ကြမလဲ"

ဦးအဂ္ဂဟန်က ခဏတွေးလိုက်ပြီး ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်သည်။

"ကိုယ်တို့ သူ့ကိုခေါ်ပြီးမွေးစားကြရအောင်။သားလေးလည်းအဖော်ရတယ်။နောင်တစ်ချိန် ကိုယ်တို့မရှိတော့ရင် သားလေးကို စောင့်ရှောက်ပြီးအလုပ်တွေအတူတူလုပ်နိုင်မယ့်သူကဒီကလေးပဲ"

"အင်း ကိုကိုပြောတာလည်း ဟုတ်တာပဲနော်။ဒီကလေးကိုမွေးကြတာပေါ့"

ပြောလည်းပြော ကလေးလေးကိုနှိုးရန် လက်မောင်းကိုထိလိုက်သောအခါ ဒေါ်ခွန်းသနွယ် လန့်သွားလေသည်။

ချစ်ခြင်းတည်စေWhere stories live. Discover now