UNICODE
တစ်နှစ်ဆိုတဲ့အချိန်က ခနလေးပဲ
အစပိုင်းမှာတော့ သေမလိုခံစားရပေမယ့်
နာကျည်းစိတ်ကြောင့် နေသားလည်းကျလာပါပြီ...အထက်တန်းအောင်ပြီး အနုပညာတက္ကသိုလ်ဆက်တက်ဖို့ ဖေဖေကခွင့်ပြုခဲ့တယ်
ကိုယ့်ဘက်ကတောင်းဆိုတာမျိုးမဟုတ်ပဲ
အရင်က ဝါသနာနဲ့ပတ်သတ်ရင် ခါးခါးသီးသီးရှိခဲ့တဲ့ဖေဖေက
လိုလိုလားလားရှိတာမို့
မျှော်လင့်ချက်ရောင်ခြည်လေးသမ်းလာခဲ့ပါရဲ့....ring...ring....
"ဟယ်လို..."
"....."
"ဘယ်သူလဲမသိဘူးဗျ"
"ဟယ်လို...."
ဖုန်းခေါ်ပြီး ဘာမှမပြောတဲ့လူကြောင့်
ဒေါသထွက်ပြီးဖုန်းကိုပြန်ချပစ်လိုက်တယ်ကျစ်! ဒီလိုတွေခေါ်ခေါ်နေတာ တစ်လတစ်ခါတစ်ခါတစ်လေ နှစ်လတစ်ခါလောက်ရှိတယ်အသံကြားတာနဲ့ချသွားတယ်
ကိုယ့်အတွက်သိပ်အနှောက်အယှက်မရှိတာမို့
စိတ်ထဲသိပ်မထားခဲ့...
.
.
.
.
ဒီနေ့တော့
Entertainment တစ်ခုကလူရွေးပွဲရှိတာမို့
သွားဖြေဖို့ ဆုံးဖြတ်လိုက်တယ်အိပ်မက်တွေဝါသနာတွေ
အကောင်ထည်ဖော်ခွင့်ရမှာမို့
ကြည်နူးမှုကအတိုင်းအဆမရှိဒီလို ဝါသနာပါတာကိုလုပ်ရလိမ့်မယ်လို့
လုံးဝမထင်ထားတာ
တစ်ဦးတည်းသောသားမို့ စီးပွားရေးဘက်ကိုပဲလုပ်စေချင်တဲ့ ဖေဖေက
ရုတ်တစ်ရက်ကြီးခွင့်ပြုပေးတာမို့
အံ့သြမဆုံး...ဒါဟာလည်း အိမ်ကနေနောက်တစ်ခေါက်ထွက်ပြေးမှာစိုးလို့ပါ။
.
.
.
.
ငယ်ငယ်ကတည်းကဝါသနာအရင်းခံနဲ့မို့
ဖြေဆိုခဲ့သမျှ Audition တိုင်းအောင်ခဲ့တယ်
နောက်ဆုံး Entမှာ traineeဖြစ်ခွင့်ရတဲ့အထိပဲEnt နဲ့အိမ်နဲ့ကဝေးတာမို့
အနားမှာ ကွန်ဒိုတစ်လုံးဝယ်ပြီးတစ်ယောက်တည်းနေခဲ့တယ်အသက်၂၀ပြည့်ခါနီးလူငယ်တစ်ယောက်က
ရင့်ကျက်သင့်နေပြီမလားဒါပေမယ့် မိုးရွာရင်အရင်လိုငိုမိနေတုန်းပဲ
ဟင်းမကောင်းရင် ဘယ်သူ့ကိုအပစ်တင်လို့တင်ရမှန်းမသိ...
ဒါပေမယ့် ပျော်ပါတယ်...
.
.
.
.
"J-Hope "
ကိုယ်တိုင်ပေးထားတဲ့အနုပညာနာမည်